ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်နိုင်မည့် မြေနေကြီး ၉ ခုကို လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး ဗီယက်နမ်ငွေ ၂၇ ထရီလီယံအထိ ရရှိမည်ဟု ခန့်မှန်းထား

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်နိုင်မည့် မြေနေကြီး ၉ ခုကို လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး ဗီယက်နမ်ငွေ ၂၇ ထရီလီယံအထိ ရရှိမည်ဟု ခန့်မှန်းထား - Property News in Myanmar from iMyanmarHouse.com
13 Jul 2018 11:26 am တွင် တင်ခဲ့သည်
4492 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်၊ Thu Thiem အမည်ရှိအရပ်တွင် “ရွှေမြေ” ဟု လူသိများသည့် ဆောက်လုပ်ရေးစီမံကိန်းများ လုပ်ဆောင်နိုင်မည့် မြေနေကြီး ၉ ခုကို လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး ဗီယက်နမ်ငွေ ၂၇ ထရီလီယံအထိ ရရှိမည်ဟု ခန့်မှန်းထားသည် ။

အဆိုပါမြေနေရာ ၉ ခုကို တပြိုင်တည်း လေလံတင်ရောင်းချမည်မဟုတ်ဘဲ တစ်ခုပြီးမှ တစ်ခုရောင်းချသွားမည်ဖြစ်ကြောင်း ဟိုချီမင်းမြို့တော် ပြည်သူ့ကောင်စီ အစည်းအဝေးတွင် ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ ထရန် ဗင်း တူရန်က ပြောကြားသည်။

“ဝယ်ယူခွင့်ရမယ့် ရင်းနှီးမြှုပ်နှံမယ့်သူတွေအနေနဲ့ စီမံကိန်းအကောင်အထည်ဖော်ဖို့ အချိန်ရအောင်၊ သုံးသပ်မှုတွေလုပ်နိုင်အောင်၊ ကုန်ကျစရိတ်တွက်ချက်နိုင်အောင် ရည်ရွယ်ပြီး တစ်ခုပြီးမှ တစ်ခုလေလံတင်ဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ထရန်ဗင်းတူရန်က ဆိုသည်။

“လုပ်ငန်းရှင်တစ်ဦးတည်းကို မြေကွက် ၉ ခုလုံး ရောင်းချတာမျိုး မလုပ်ပါဘူး။ ဒီလိုရောင်းချပေးခဲ့ရင် စီမံကိန်းအားလုံးကို တပြိုင်တည်း အကောင်အထည်ဖော်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြေကွက် ၉ ခုတည်ရှိရာနေရာများသည် ဘက်စုံသုံး ကူးသန်းရောင်းဝယ်ရေးစင်တာဖြစ်လာစေရန် ရည်ရွယ်ထားသော ဒေသတွင် တည်ရှိသည်။

ဝင်ရောက်လေလံဆွဲမည့် ရင်းနှီးမြှုပ်နှံသူများသည် ဝန်းကျင်ဒေသကို ဖွံ့ဖြိုးလာအောင် စီမံခန့်ခွဲနိုင်စွမ်းရှိကြောင်း အချက်အလက်များ ပြသရမည် ဖြစ်သည်။

မြေနေရာများကို ရောင်းချပြီးပါကလည်း သက်ဆိုင်ရာအစိုးရတာဝန်ရှိအဖွဲ့အစည်းများသည် ဝယ်ယူလိုက်သည့် ရင်းနှီးမြှုပ်နှံသူများကို ပုံမှန်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ရောင်းချလိုက်သည့် မြေပေါ်တွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ခြင်း ရှိ၊မရှိ စစ်ဆေးသွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service