ငွေလဲနှုန်း မတည်ငြိမ်ခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြီးမားစွာ ထိခိုက်နိုင်ဟု ဆို

ငွေလဲနှုန်း မတည်ငြိမ်ခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြီးမားစွာ ထိခိုက်နိုင်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
11 Jul 2018 11:29 am တွင် တင်ခဲ့သည်
2394 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း ငွေလဲလှယ်နှုန်းထားများ မတည်ငြိမ်ခြင်းက ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းကို ထိခိုက်မှုများစွာ ရှိနိုင် ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

ဇူလိုင်လ ၉ ရက်က ရန်ကုန်မြို့ သစ္စာလမ်းရှိ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားမှု ဦးစီးဌာန (DICA) ရုံးတွင် ပြုလုပ် သော မီဒီယာ တွေ့ဆုံပွဲ၌ ၎င်းကပြောခြင်း ဖြစ်သည်။

ဦးအောင်နိုင်ဦးက “ လတ်တလော ကျနော်တို့က ငွေဈေး (မြန်မာ ကျပ်ငွေဈေး) ရုတ်တရက် ကျသွားလို့ ရင်းနှီးမြှုပ်နှံမှုမှာ ရုတ်ချည်း သက်ရောက်မှုတော့ မရှိဘူး။ တက်လိုက် ကျလိုက် ဖြစ်နေမယ်ဆိုရင်တော့ ယုံကြည်မှုပေါ့။ မြန်မာနိုင်ငံမှာ ငွေကြေး နဲ့ ပတ်သက်ပြီး မတည်ငြိမ်ဘူး ဆိုတဲ့ ယုံကြည်မှု ထိခိုက်တာမျိုးတော့ ရှိလာနိုင်ပါတယ်”ဟု ပြောသည်။

ငွေလဲလှယ်မှုနှုန်း ရုတ်တရက် တက်ခြင်း၊ ကျခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပေါ်တွင် အကျိုးသက်ရောက်မှု မရှိသော်လည်း မကြာခဏ ဖြစ်ပွားမည်ဆိုလျှင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပေါ်၌ ယုံကြည်မှု ကျဆင်းစေနိုင်ကြောင်း ၎င်းက ဆို သည်။

ဆက်လက်၍ ဦးအောင်နိုင်ဦးက“ချက်ချင်း လက်ငင်း သက်ရောက်မှု မရှိဘူး။ ဒါပေမယ့် ဒီလို မတည်ငြိမ်မှု ဖြစ်မယ် ဆိုရင် တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ချယုံကြည်မှုကို ထိတာဖြစ်တယ်”ဟု သုံးသပ် ပြောဆိုသည်။

ဇွန်လ အတွင်းက အမေရိကန် ငွေလဲလှယ်နှုန်း အတက်အကျ မြန်သည့် ဖြစ်စဉ်မျိုးကို ယခင် ၂၀၁၇ နှစ် အမေရိကန် သမ္မတ အပြောင်းအလဲ ဖြစ်စဉ်ကလည်း ဖြစ်ပွားခဲ့သည်။

“မနှစ်က ဖြစ်စဉ် ကာလကတော့ သက်ရောက်မှု သိပ်မရှိလိုက်ဘူး။ ကာလလည်း တိုတယ်။ ပြန်ပြီး ထိန်းချုပ်နိုင်တယ်။ အခု ကတော့ အရင်လထက် စာရင် ဒီလက ငွေလဲလှယ်နှုန်း တက်လာတာပေါ့နော်။ ဒါပေမယ့် လက်ရှိ အခြေနေက ကျနော်တို့ အတွက် ရင်းနှီးမြှုပ်နှံမှုကို သက်ရောက်မှု မရှိသေးဘူး။ အဲဒီတော့ ဒါလေးကိုတော့ မြန်မြန် ထိန်းချုပ်နိုင်ရင် ပိုကောင်း တယ်” ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။

ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းမှာ ဇွန်လ ၁ ရက်၌ ၁ ဒေါ်လာလျှင် ၁၃၄၄ ကျပ်ခန့် ရှိခဲ့ရာမှ ဇွန်လ၂၉ ရက်၌ ၁ ဒေါ် လာလျှင် ၁၄၀၃ ကျပ် အထိ မြင့်တက်လာသောကြောင့် ရက်ပေါင်း ၂၉ ရက် အတွင်း ၅၉ ကျပ်ခန့် ဈေးမြင့် တက်လာ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

Delta maubin ကုမ္ပဏီ Money changer ပိုင်ရှင် ကိုအောင်ဆန်း က “ဒီနေ့ အနေအထားကတော့ နည်းနည်းလေး ပြန် တက်တယ်။ ဗဟိုဘဏ် ကတော့ အမေရိကန် ၁ ဒေါ်လာ ၁၃၉၈ ကျပ် အဝယ် ဖြစ်တယ်။ အရောင်းက ၁၄၀၀ ကျပ် အရောင်းနဲ့ သွားနေတယ်။ ဒီရက်ထဲမှာ နည်းနည်း ဈေးပြန်မြင့်လာတဲ့ သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “အခု အနေအထားက နိုင်ငံတကာမှာ တက်လို့ တက်တဲ့ အနေအထားပဲ ရှိသေးတယ်။ ဂယက် တခုခု ကြောင့် တက်တာမျိုး မတွေ့သေးတာကြောင့် တအားကြီးတော့ ရင်းနှီးမြှုပ်နှံသူတွေကို ထိခိုက်စရာ မရှိသေးပါဘူး”ဟု လက် ရှိ ဈေးကွက် အခြေအနေကို ရှင်းပြသည်။

လတ်တလော၌ ဒေါ်လာ ဈေးတက်နေသော်လည်း လွန်ခဲ့သည့် ၆ နှစ်၊ ၇ နှစ်ခန့်က မြန်မာနိုင်ငံ၌ ဖြစ်ခဲ့ဖူးသည့် ဒေါ်လာ ဈေး မှာ ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ရာ ယင်းစံချိန်အထိ မရောက်သေးသဖြင့် စိုးရိမ်စရာ မရှိသေးကြောင်း ကိုအောင်ဆန်းက ပြောသည်။

၎င်းက ဆက်လက်၍ လက်ရှိ၌ ဒေါ်လာဈေးမှာ ၁၃၉၈ ကျပ် ဝန်းကျင်၌သာ ရှိနေနိုင်ပြီး ဈေးနှုန်းအမြင့်သို့ ထိုးတက်သွားရန် မရှိသေးကြောင်းလည်း ပြောဆိုသည်။

ဇူလိုင် ၁၀ ရက် ပြင်ပ ဈေးကွက်၌ ဒေါ်လာ ပေါက်ဈေးမှာ အဝယ် ၁၃၉၉ ကျပ်နှင့် အရောင်း ၁၄၀၀ ကျပ် ရှိကြောင်း သိရ သည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ပထမ အပတ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၆၉၂ ဒသမ ၉၀၈ သန်း ဝင်ရောက်ထားပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၃၆ ဒသမ ၂၈၀ သန်း အပါအဝင် ကျပ် ၇၁၀ ဘီလီယံ ခွင့်ပြုထားကြောင်း ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာန စာရင်းတွင် ဖော်ပြထားသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service