ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် ဦးမော့ရန် စီစဉ်

ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် ဦးမော့ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 12:44 pm တွင် တင်ခဲ့သည်
2902 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိ ကျဆင်းနေသော ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ဦးမော့လာစေရန် အတွက် One Stop Service Center ကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် (MCEA) ဥက္ကဋ္ဌ ဦးရှိန်ဝင်း က ပြောသည်။

“ကျနော်တို့ အသင်းကို ဝင်ပြီး စီဗီဖောင်တွေ ပေးထားရင် အလုပ်အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးနဲ့ ပတ် သက်တဲ့ လုပ်ငန်းတွေ အားလုံးကို ဒီတနေရာတည်းမှာပဲ One Stop Service Center လုပ်ဆောင်ခြင်းဖြင့် ကျနော်တို့ ဆောက်လုပ်ရေး လောကကြီးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက တနိုင်ငံလုံးကို ကိုယ်စားပြု လုပ်ဆောင်မှာပါ”ဟု ၎င်းက ဧရာဝတီကို ပြောပြသည်။One Stop Service Center ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်မှ ဦးစီးပြီး အသင်းချုပ်၌ ဆောက်လုပ်ရေး လုပ်ငန်းနှင့် သက်ဆိုင်သော အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ အဆောက်အဦး ပစ္စည်း ရောင်းသူ များ၊ ထုတ်လုပ်သူများ၊ အလုပ်သမား အုပ်စုများ၊ ဆောက်လုပ်ရေး လုပ်သားများ ဖြစ်သည့် ပန်းရံ ၊ မဆလာကိုင်သည့် အခြေခံ ဆောက်လုပ်ရေး လုပ်သားများနှင့် သံချည်သံကွေး လုပ်သား အစရှိသဖြင့် ဆောက်လုပ်ရေးနှင့် သက်ဆိုင်သော အုပ်စုများ ပါဝင် ဖွဲ့စည်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဝင်းရှိန်က ပြောသည်။

“အဲဒီလို အသင်းမှာ ပါတဲ့ ဒီအဖွဲ့အစည်းတွေ အားလုံးကို တနေရာ တစုတည်းမှာ ဆုံဆည်းပြီး ကျဆင်းနေတဲ့ ဆောက် လုပ် ရေး လောကနဲ့ ပတ်သက်ပြီးတော့ အားလုံး စိတ်တူ သဘောတူ နည်းလမ်းရဖို့ အတွက် စီစဉ်တာ ဖြစ်ပါတယ်”ဟု ဦးရှိန် ဝင်းက ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ အရောင်းအဝယ်မကောင်းခြင်း၊ ရောင်းရသည့် အိမ်မြေ တိုက်ခန်းတို့မှ ရရှိသော အမြတ် အစွန်း ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန် (ရောင်းခွန်)နှင့် အိမ်ခြံမြေ တိုက်ခန်းတို့ ဝယ်ယူမှုအပေါ် ကောက်ခံသည့် ဝင် ငွေခွန်တို့ (ဝယ်ခွန်) နှုန်းထား ကြီးမြင့်ခြင်းနှင့် ဘဏ်ချေးငွေ စနစ်များ ခိုင်မာမှု မရှိသောကြောင့် လုပ်ငန်း အကြီး ၃၀ ရာ ခိုင် နှုန်းနှင့် လုပ်ငန်းအသေး ၆၀ ရာခိုင်နှုန်း ခန့် ရပ်ဆိုင်းသွားကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

အဆိုပါ One Stop Service Center ကို လုပ်ဆောင်ခြင်းအားဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော မြန်မာ အင်ဂျင်နီယာများ နှင့် လုပ်ငန်းခွင်ဝင်ရန် အတွေ့အကြုံမရှိသော အင်ဂျင်နီယာ တက်သစ်စများကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင် ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဥက္ကဋ္ဌ ဦးရှိန်ဝင်းက“ဒီဆောက်လုပ်ရေး လောကကနေ တခြား လုပ်ငန်းတွေကို ပြောင်းပြီးတော့ လုပ်ကိုင်ကြတာ တွေ့ရပါ တယ်။ တချို့ဆိုလည်း နိုင်ငံခြားကို အပြီးအပိုင် ထွက်သွားပြီးမှ လုပ်ကြတာရှိတယ်။ ဒါတွေအားလုံးကို စုစည်းပေးဖို့ လိုပါ တယ်။ ဖားကန့်လို နေရာမျိုးတွေ ကျောက်ရှာတာတို့ကို သွားလုပ်ကိုင်တာ တွေ့ရှိရပါတယ်။ ပြီးတော့ ဈေးဆိုင်တွေ ဖွင့်ပြီး တော့မှလည်း လုပ်ကိုင် စားသောက်နေရတဲ့ အခြေအနေ ဖြစ်ရပါတယ်။ ဆောက်လုပ်ရေး လောကရဲ့ ကျွမ်းကျင် နယ်ပယ် မှာ ရှိတဲ့သူတွေ အားလုံးဟာ တခြားလုပ်ငန်းကို ပြောင်းမယ့် ကိစ္စက ကြာရှည်သွားမယ် ဆိုရင် အလုပ်အကိုင်တွေနဲ့ စက်မှု လုပ်ငန်း တခုလုံး ပြိုကွဲ သွားနိုင်ပါတယ်”ဟု ပြောသည်။

ထိုကြောင့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသော ကျွမ်းကျင် လုပ်သားများ၊ အလုပ်သမားများ ပပျောက် သွား ခြင်း မရှိစေရန် အတွက် MCEA အသင်းချုပ်မှ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

ရွှေပြည်သာ မြို့နယ်မှ မြို့ပြ အင်ဂျင်နီယာ တဦး ဖြစ်သူ မအိအိက “ကျောင်းပြီးတာနဲ့ ကျမတို့က အလုပ်ရှာရတာ ခက်ပါ တယ်။ ကျောင်းမှာက စာတွေ့ပဲရှိတယ် လက်တွေ့မရှိဘူး။ နောက်ပြီး အလုပ်ရှင်က သင်တန်း လက်မှတ်တွေ အများကြီး တောင်းတယ်။ လုပ်သက် ၄ နှစ်၊ ၅ နှစ်ရှိမှ ခေါ်ချင်တယ်။ ဒါကြောင့် အလုပ်ရဖို့ အခက်အခဲတွေ ရှိပါတယ်။ ကျမတို့ သူငယ် ချင်း တွေထဲက တချို့ဆို အင်ဂျင်နီယာနဲ့ ကျောင်းပြီးပေမယ့် အလုပ်မရလို့ တခြား ဒီဇိုင်နာတို့ ဘာတို့ ပြောင်းလုပ်နေတာ တွေ ရှိတယ်။ အခုလို အလုပ်ရှာပေးမယ်။ လုပ်ငန်းရှင်နဲ့ ချိတ်ဆက်ပေးမယ်ဆို ကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။

ထို့ပြင် ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် အတွက်လည်း စာတွေ့ထက် လက်တွေ့သင်တန်းများကို အသင်းချုပ် က လုပ်ဆောင်ပေးရန် ရှိကြောင်း သိရသည်။အသင်းချုပ်မှ ပြုလုပ်သော One Stop Service Center တွင် အလုပ်လျှောက်ထားသူများ အနေနှင့် အသင်းဝင် အဖြစ် ဝင်ရောက်ရမည် ဖြစ်ပြီး မိမိတို့၏ CV ဖောင်များကို MCEA အသင်းချုပ်သို့ ပေးပို့ထားရမည် ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်း ဆောက်လုပ်ရေး ကဏ္ဍ ပြန်လည် ကောင်းမွန်လာစေရန် အတွက် အထက်ပါ အချက်များ အပြင် မြို့ပြဆိုင်ရာ ဥပဒေများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ အခွန်နှင့် ပတ်သက်သော ဥပဒေနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ် များလည်း လိုအပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service