အိမ္ယာမဲ့ဘဝမွ တစ္ႏွစ္အတြင္း အိမ္ျခံေျမလုပ္ငန္းရွင္ ကုမၸဏီပိုင္ရွင္ ျဖစ္လာသူတစ္ဦး

အိမ္ယာမဲ့ဘဝမွ တစ္ႏွစ္အတြင္း အိမ္ျခံေျမလုပ္ငန္းရွင္ ကုမၸဏီပိုင္ရွင္ ျဖစ္လာသူတစ္ဦး - Property Knowledge in Myanmar from iMyanmarHouse.com
10 Jul 2018 12:02 pm တွင် တင်ခဲ့သည်
18871 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

#Zawgyi#

 

ခဲမိ အီဂန္သည္ စြန္႔ဦးတီထြင္လုပ္ငန္းရွင္၊ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူ၊ သင္တန္းဆရာမ၊ စာေရးဆရာမ တစ္ဦးျဖစ္၏။ သူသည္ Freedom academies ကို တည္ေထာင္သူျဖစ္၏။

အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံျခင္းဆိုင္ရာ စာအုပ္ The Power of Real Estate Investing ၊ ေငြရွာနည္း အဆင့္ ၇ ရပ္ 7 Steps to Make Money ႏွင့္ Create a Lifetime of Wealth စာအုပ္မ်ားကို ေရးသားခဲ့သည့္ စာေရးဆရာမလည္း ျဖစ္သည္။

ထို႔ျပင္ ခ်မ္းသာဓနဖန္တီးမႈ၊ စီးပြားေရးတိုးတက္မႈ မဟာဗ်ဴဟာႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာနယ္ပယ္မ်ားတြင္ ကၽြမ္းက်င္ပညာရွင္၊ သင္တန္းဆရာမတစ္ဦး ျဖစ္သည္။

ခဲမိ အီဂန္သည္ ဆင္းဆင္းရဲရဲ မိသားစုတစ္ခုတြင္ ေမြးဖြားၾကီးျပင္းခဲ့ျပီး ေဆးစြဲသူမ်ား၊ စရိုက္ဆန္သူမ်ားျဖင့္ ဝန္းပတ္ေနသည့္ ဝန္းက်င္မ်ဳိးတြင္ ေနထိုင္ခဲ့ရသူ ျဖစ္သည္။အသက္ ၂၁ ႏွစ္အရြယ္တြင္ အခင္မင္ဆံုးသူငယ္ခ်င္းမွာ အၾကမ္းဖက္မႈတစ္ခုတြင္ ေသဆံုးသြားခဲ့ရျပီး ၎ကိုယ္တိုင္မွာလည္း အိမ္ယာမဲ့ ျဖစ္ခဲ့ရျပီးေနာက္ ထံုးတမ္းစဥ္လာ သင္ျပလမ္းညႊန္မႈမ်ားမွာ အလုပ္မျဖစ္ေၾကာင္း ခဲမိ အီဂန္ သိနားလည္လာခဲ့သည္။

သို႔ေၾကာင့္ ခဲမိက ကမၻာတစ္ဝန္းတြင္ ေအာင္ျမင္ေနသူမ်ား၊ ၾကြယ္ဝခ်မ္းသာလာသူမ်ားကို ေလ့လာမႈမ်ား စတင္ျပဳလုပ္ခဲ့၏။ ယင္းသို႔ ေလ့လာေနရင္းပင္ မိမိ၏အသိပညာမ်ားကို တစ္ႏွစ္အတြင္း အစြမ္းကုန္ျမွင့္တင္ရန္ ကိုယ့္ကိုယ္ကိုယ္ ကတိေပးကာ ၾကိဳးပမ္းခဲ့သည္။ ထို႔ေၾကာင့္ပင္ အိမ္ရာမဲ့ဘဝမွ ေဒၚလာ ၂ သန္းဝန္းက်င္တန္ေၾကးရွိ ေနအိမ္ဝယ္ယူႏိုင္သူ ျဖစ္လာခဲ့သည္။ဆင္းဆင္းရဲရဲဘဝမွ ေက်ာ္ျဖတ္လာျပီးေနာက္ ခဲမိတြင္ ျပင္းျပေသာ စိတ္ဆႏၵတစ္ခုျဖစ္လာသည္။ မိမိကဲ့သို႔ အတိဒုကၡၾကီးစြာေရာက္ရသူမ်ားကို ဘဝတြင္ ေအာင္ျမင္မႈရရန္၊ ခ်မ္းသာၾကြယ္ဝလာရန္ မည္သို႔ၾကိဳးပမ္းရမည္ဟူသည့္ နည္းလမ္းမ်ားကို သင္ၾကားေပးကာ ၎တို႔၏ ဘဝမ်ားကို ေျပာင္းလဲေပးလိုသည့္ဆႏၵျဖစ္သည္။

ထို႔ေၾကာင့္ ခဲမိက Freedom Academies ႏွင့္ Freedom Property academy တို႔ကို သူ၏ဘဝအသိ၊ အေတြ႔အၾကံဳ၊ ေအာင္ျမင္မႈႏွင့္ ရံႈးနိမ့္မႈတို႔ကို ေဝမွ်ေပးရန္ ဖြင့္လွစ္တည္ေထာင္လိုက္၏။မိမိ၏ ဝင္ေငြကို ကိုင္တြယ္ထိန္းသိမ္းပံု၊ ခ်မ္းသာၾကြယ္ဝေအာင္ ေလွ်ာက္လွမ္းရမည့္နည္းလမ္းႏွင့္ ဘဝအိပ္မက္မ်ားကို အေကာင္အထည္ေဖာ္ပံုတို႔ကို သင္ၾကားေပးသည္ဟု ဆိုသည္။

(Freedom Academies တည္ေထာင္သူ ခဲမိအီဂန္ႏွင့္ ေတြ႔ဆံုေမးျမန္းျခင္း) ======================================= (ေမး) Freedom Property Academy တည္ေထာင္ဖို႔စိတ္ကူး ဘယ္လိုရလာပါသလဲခင္ဗ်

(ခဲမိ) ျပီးခဲ့တဲ့ တစ္ႏွစ္ေလာက္က ကၽြန္မဟာ အိမ္ရာမဲ့တစ္ေယာက္ပါ။ ကၽြန္မ ခ်မ္းသာခ်င္တယ္၊ ဘဝကို ေျပာင္းလဲပစ္ခ်င္တယ္။ ဒီေတာ့ ေအာင္ျမင္ေနတဲ့သူေတြ၊ ခ်မ္းသာေနတဲ့သူေတြကို ကၽြန္မ ေလ့လာပါတယ္။ ဒါေတြ ေလ့လာေတာ့ ကၽြန္မေတြ႔ရတာက ခ်မ္းသာေအာင္ျမင္ေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာနဲ႔ ပတ္သက္ျပီး အေရးၾကီးတဲ့ အခ်က္အလက္ေတြရဖို႔အတြက္ ေဒၚလာေထာင္ေပါင္းမ်ားစြာ ကုန္က်ခဲ့တဲ့အျပင္ အခ်ိန္ေတြလည္း အမ်ားၾကီးသံုးခဲ့ရပါတယ္။ အဲဒါေၾကာင့္ ကၽြန္မရဲ႕ ဘဝကို ေျပာင္းလဲႏိုင္ခဲ့မယ္ဆိုရင္ တျခားသူေတြကိုလည္း ခ်မ္းသာေအာင္ျမင္တဲ့သူျဖစ္လာေအာင္ ဘယ္လိုလုပ္ရတယ္ဆိုတဲ့ နည္းလမ္းေတြကို ေျပာျပမယ္လို႔ ကိုယ့္ကိုယ္ကို ကတိျပဳခဲ့ပါတယ္။ ဒီရည္မွန္းခ်က္ေၾကာင့္ပဲ Freedom academies နဲ႔ Freedom Property Academy ကို ကၽြန္မ တည္ေထာင္ခဲ့တာပါ။

(ေမး) တစ္ေန႔တာကို ဘယ္လိုျဖတ္သန္းပါသလဲခင္ဗ်ာ

(ခဲမိ) ကၽြန္မက အခ်ိန္ဇုန္အမ်ဳိးမ်ဳိးမွာ အလုပ္လုပ္ရတာေၾကာင့္ တစ္ေန႔တာ ႏိုးထရတဲ့အခ်ိန္ေတြဟာ အမ်ဳိးမ်ဳိးကြဲျပားေနပါတယ္။ ဘယ္လိုေတြပဲရွိပါေစ ကၽြန္မရဲ႕ နံနက္ခင္းလုပ္ရိုးလုပ္စဥ္ကိုေတာ့ လံုးဝအထိပါးမခံပါဘူး။ ဒါေတြက ေအာင္ျမင္တဲ့ တစ္ေန႔တာျဖစ္လာေစဖို႔ ကၽြန္မကို အမ်ားၾကီး အေထာက္အကူျပဳလို႔ ျဖစ္ပါတယ္။ ပထမဆံုးႏိုးလာလာခ်င္း ကၽြန္မရဲ႕ ေမွ်ာ္လင့္ခ်က္အိပ္မက္ေတြကို စိတ္ကူးပံုေဖာ္ပါတယ္။ အဲဒါျပီးရင္ အသံထြက္စာအုပ္ (audiobook) တစ္ခုခု နားေထာင္ရင္း ၄၅ မိနစ္ေလာက္ ေယာဂေလ့က်င့္ပါတယ္။ အဲဒါျပီးရင္ လက္ေထာက္နဲ႔ အြန္လိုင္းက စကားေျပာျပီး တစ္ေန႔တာ အစီအစဥ္ဆြဲပါတယ္။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ဦးအတြက္ တစ္ေန႔နဲ႔တစ္ေန႔ဟာ လုပ္ငန္းအစီအစဥ္ေတြ ဘယ္ေတာ့မွ ထပ္တူမက်ႏိုင္ပါဘူး။

(ေမး) လူၾကီးမင္းရဲ႕ဘဝမွာ အဆိုးဝါးဆံုးျဖစ္ရပ္က ဘယ္အရာျဖစ္ပါသလဲ၊ အဲဒီျဖစ္ရပ္ကေန ဘယ္လိုသင္ခန္းစာယူခဲ့ပါသလဲခင္ဗ်ာ

(ခဲမိ) ကၽြန္မဘဝမွာ တစ္ခါမွ အလုပ္ခန္႔ျခင္း မခံခဲ့ရဖူးပါဘူး။ ကၽြန္မဟာ ကိုယ္ပိုင္အလုပ္ေတြပဲ လုပ္ခဲ့ရပါတယ္။ ကိုယ္ပိုင္အလုပ္လုပ္ရတာမွာ အဆိုးရြားဆံုးကာလဟာ Physical Therapist (ေရာဂါေဝဒနာကို ေဆးဝါးျဖင့္မဟုတ္ဘဲ ေလ့က်င့္ခန္း၊ ႏွိပ္နယ္ျခင္းတုိ႔ျဖင့္ ကုသေပးသည့္ပညာရွင္) အျဖစ္ လုပ္ကိုင္ေနခ်ိန္မွာ ၾကံဳခဲ့ရတယ္။ အခ်ိန္ကို ေငြနဲ႔လဲရတဲ့ အလုပ္မ်ဳိးပါပဲ။ အလုပ္ကို မနားတမ္းလုပ္ရေပမယ့္ ေငြရတာ အလြန္နည္းပါးခဲ့တယ္။ အဲဒီမွာ ကၽြန္မသိလိုက္ပါတယ္။ ကၽြန္မဆီကို လာခဲ့တဲ့သူေတြဟာ ေငြကိုသာ အေလးထားျပီး တန္ဖိုးကို အေလးမထားဘူးဆိုတာ..။ ဒါေၾကာင့္ ေစ်းအေပါဆံုးပစၥည္းကိုပဲ လိုခ်င္တဲ့သူကို အရည္အေသြးအေကာင္းဆံုးေတြ ေရာင္းဖို႔ၾကိဳးစားေနတာဟာ ဘယ္ေတာ့မွ အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ သူတို႔ဟာ ေငြကိုသာ စုေဆာင္းခ်င္၊ အကုန္မခံခ်င္တာေၾကာင့္ ပါပဲ။ သူတို႔က ကၽြန္မရဲ႕ ကၽြမ္းက်င္မႈေတြကို တန္ဖုိးမထားတဲ့အခါမွာ ကၽြန္မလည္း ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးမထားသလိုျဖစ္လာတယ္။ ဒါေၾကာင့္ ရွင္တို႔အေနနဲ႔ ကိုယ္ကိုယ္တိုင္ရဲ႕ တန္ဖုိးေတြကို သိနားလည္ျပီး ထိုက္တန္တဲ့ေစ်းႏႈန္းေတြ ေတာင္းဆိုၾကရမွာ ျဖစ္ပါတယ္။

(ေမး) ဘဝကို ေနာက္တစ္ဖန္ ျပန္စခြင့္ရမယ္ဆိုရင္ ေျပာင္းလဲျပီးလုပ္ခ်င္တာမ်ဳိးရွိပါသလားခင္ဗ်

(ခဲမိ) (ဘဝကို အစက ျပန္စရမယ္ဆိုရင္လည္း ) တကၠသိုလ္၊ ေကာလိပ္ေတြကိုေတာ့ ကၽြန္မသြားလိမ့္မွာ မဟုတ္ပါဘူး။ ေခတ္သစ္ကမၻာၾကီးမွာ ေကာလိပ္ဆိုတာမ်ဳိးက တခ်ဳိ႕အလုပ္ေတြလုပ္ဖို႔အတြက္ပဲ အသံုးဝင္တဲ့ေနရာပါ။ ဥပမာ-ဆရာဝန္ျဖစ္လာဖို႔ ၾကိဳးစားမယ္ဆိုရင္ေပါ့။ ခ်မ္းသာၾကြယ္ဝသူတစ္ဦးျဖစ္လာဖို႔အတြက္ကေတာ့ နာမည္ေနာက္က စာလံုးေတြ မလိုအပ္ပါဘူး။ စာေမးပြဲက အမွတ္ေတြဟာ လက္ေတြ႔ကမၻာထဲမွာ ဘယ္လိုမွ အသံုးမဝင္ပါဘူး။

(ေမး) လူၾကီးမင္းရဲ႕ လုပ္ငန္းတိုးတက္ေအာင္ျမင္လာေစခဲ့တဲ့ မဟာဗ်ဴဟာထဲက တစ္ခုကို ေက်းဇူးျပဳျပီး ေျပာျပေပးပါလား ခင္ဗ်ာ

(ခဲမိ) ဖက္စပ္လုပ္ကိုင္တာပါ။ ပထမတစ္ႏွစ္တာ ကာလအတြင္းမွာ ကၽြန္မဟာ ေငြသာရွိျပီး ရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္ဖုိ႔ အခ်ိန္မရွိတဲ့သူ၊ ဘယ္လိုရင္းႏွီးျမွဳပ္ႏွံရမယ္ဆိုတာ မသိတဲ့သူေတြဆီက ေဒၚလာ တစ္သန္းေလာက္ ထည့္ဝင္ေငြ ရခဲ့ပါတယ္။ ဒီေတာ့ လုပ္ရမယ့္အလုပ္က ဘာလဲဆိုေတာ့ အေပၚကအခ်က္ေတြနဲ႔ ကိုက္ညီမယ့္သူေတြကို လိုက္ရွာရမွာျဖစ္ပါတယ္။ ျပီးရင္ win-win-win အေျခအေနရေအာင္ အားထုတ္ရမွာပါ။ ဆိုလိုတာက ကိုယ္တိုင္အတြက္ အက်ဳိးရွိမႈ-win ၊ စီးပြားေရးမိတ္ဖက္ေတြအတြက္ အက်ဳိးရွိေစမႈ -win ၊ ေဖာက္သည္ေတြအက်ဳိး-win ေတြ ျဖစ္ပါတယ္။

(ေမး) စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ဦးအေနနဲ႔ ေတြ႔ၾကံဳခဲ့ရတဲ့ရံႈးနိမ့္မႈတစ္ခုက ဘယ္အရာပါလဲ။ ဒါကိုလူၾကီးမင္း ဘယ္လိုေက်ာ္လႊားခဲ့ပါသလဲခင္ဗ်ာ

(ခဲမိ) ကၽြန္မ အၾကိမ္ေပါင္း ရာခ်ီျပီး ရံႈးနိမ့္ခဲ့ဖူးပါတယ္။ ကၽြန္မက ရံႈးနိမ့္မႈေတြကို တစ္မ်ဳိးေတာ့ သေဘာက်တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရရွည္မွာ ပိုမိုၾကီးမားတဲ့ ျခားနားတဲ့အရာေတြလုပ္ႏိုင္ဖို႔၊ ေငြဖို႔ရႏိုင္ဖို႔အတြက္ ဒီရံႈးနိမ့္မႈေတြကို ေလ့လာႏိုင္၊ အသံုးခ်ႏိုင္တာေၾကာင့္ပါပဲ။ ဒီလိုအရာေတြထဲကေန တစ္ခုကို ေျပာရရင္ေတာ့ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ကၽြန္မစတင္လုပ္ေဆာင္တဲ့ ပထမ ၁၈ လတာကာလအတြင္း ၾကံဳခဲ့ရတဲ့ ျဖစ္ရပ္ပါ။ ဒီကာလအတြင္းမွာ ကၽြန္မတို႔ဟာ ကၽြန္မတို႔ကိုယ္တိုင္အတြက္ ၊ ရင္းႏွီးျမွဳပ္ႏွံထားသူေတြအတြက္ ေမွ်ာ္မွန္းသေလာက္ အက်ဳိးအျမတ္ မရခဲ့ဘူး။ ကၽြန္မလည္း ဒီအတြက္ ေခၽြးျပန္ေနခဲ့ျပီး ရင္းႏွီးျမွဳပ္ႏွံထားသူေတြနဲ႔ စကားမေျပာရေအာင္ ရက္သတၱပတ္ အနည္းငယ္ေလာက္ ပုန္းေရွာင္ေနခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ပုန္းေရွာင္မေနေတာ့ဘဲ ရင္းႏွီးျမွဳပ္ႏွံထားသူနဲ႔အတူ ေကာ္ဖီေသာက္ရင္း ျဖစ္ေပၚေနတဲ့ အေျခအေနကို ရွင္းျပပါတယ္။

အဲဒီေန႔က ေနာက္ဆံုးမွာ ေကာင္းမြန္တဲ့ အေျဖတစ္ရပ္ရခဲ့ျပီး ကၽြန္မတို႔ဟာ မိတ္ေဆြေကာင္းေတြ ျဖစ္လာၾကတယ္။ ဒါေတြကေန ကၽြန္မရခဲ့တဲ့ သင္ခန္းစာကေတာ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔၊ ပုန္းေရွာင္မေနဖို႔ ရဲရင့္မႈရွိဖို႔လိုတယ္ဆိုတာပါပဲ။

(ေမး) ကၽြန္ေတာ္တို႔ရဲ ႔ စာဖတ္သူေတြကို ေပးခ်င္တဲ့အၾကံမ်ဳိးတစ္ခုေလာက္ ေျပာျပပါလားခင္ဗ်ာ

(ခဲမိ) လက္ရွိကာလမ်ဳိးမွာ အိမ္ျခံေျမပိုင္ရွင္ေတြအေနနဲ႔ အိမ္ေရာင္း၊ ျခံေရာင္းလုပ္မယ္ဆိုရင္ အိမ္ျခံေျမအက်ဳိးေဆာင္ေတြရဲ ႔ အကူအညီကို မရယူဘဲ ကုန္က်ေငြသက္သာေအာင္ လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းရွိပါတယ္။ အဲဒါကေတာ့ ယေန႔ေခတ္မွာ အိမ္ျခံေျမ ေရာင္းဝယ္ငွားဝက္ဘ္ဆိုက္ေတြပါ။ ဒီလိုဟာေတြကို အသံုးျပဳမယ္ဆိုရင္ ကိုယ့္အတြက္လည္း အလုပ္ျဖစ္သလို ကုန္က်စရိတ္ေတြလည္း အမ်ားၾကီးေလွ်ာ့ခ်သြားႏိုင္မွာပါ။

(ေမး) မၾကာေသးမီက လူၾကီးမင္း ေဒၚလာ ၁၀၀ အေကာင္းဆံုးအသံုးခ်ခဲ့တဲ့နည္းလမ္းတစ္ခုကို ေျပာျပပါလားခင္ဗ်

(ခဲမိ) ကၽြန္မ အေမ့ကို လန္ဒန္မွာက်င္းပတဲ့ Lionel Richie ေတးဂီတေဖ်ာ္ေျဖပြဲကို ေခၚသြားပါတယ္။ ဒါကကၽြန္မရဲ ႔ ပထမဦးစားေပး ေရြးခ်ယ္မႈေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အေမ့အတြက္ ေပ်ာ္ရႊင္ဖြယ္ရာ အခ်ိန္ေလးေတြကို ရရွိေစခဲ့တယ္။ မိသားစုနဲ႔အတူ ဒီလိုဘဝျဖတ္သန္းရမႈေလးေတြက ဘယ္လိုအရာနဲ႔မွ အစားထိုးလို႔ မရႏိုင္ပါဘူး။

(ေမး) လက္ရွိအားျဖင့္ လူၾကီးမင္းဟာ ဘယ္လို ေဆာ့ဖ္ဝဲမ်ဳိး၊ ဝက္ဘ္ဆိုက္မ်ဳိး အသံုးျပဳေနပါသလဲ။ ဒါေတြနဲ႔ပတ္သက္ျပီး ဘယ္လိုအခ်က္ေတြကို သေဘာက်ပါသလဲခင္ဗ်ာ

(ခဲမိ)ကမၻာတစ္ဝန္းမွာရွိတဲ့ ကၽြန္မရဲ ႔အဖြဲ႔ဝင္ေတြကို စီမံခန္႔ခြဲဖို႔အတြက္ မိုဘိုင္း App တစ္ခုျဖစ္တဲ့ Asana ဟာ ခုေနာက္ပိုင္း ကၽြန္မအတြက္ သိပ္အေရးပါလာတယ္။ (မွတ္ခ်က္-အဆိုပါ App သည္ ဖိုင္အရြယ္အစား ၈ ဒသမ ၄၆ MB သာရွိျပီး လက္ရွိအားျဖင့္ download ရယူသည့္အၾကိမ္ေရ တစ္သန္းေက်ာ္ရွိေနျပီျဖစ္သည့္ App တစ္ခု ျဖစ္ပါသည္။) အီးေမးေတြ ေထာင္ေသာင္းခ်ီ ပို႔စရာမလိုဘဲ ကိုယ့္ရဲ ႔အဖြဲ႔သားေတြနဲ႔ ဒီ App ကေန အလြယ္တကူ ဆက္သြယ္ႏိုင္ျပီး ပေရာဂ်က္ တစ္ခုခ်င္းစီရဲ ႔ အေျခအေနေတြကိုလည္း တစ္ေနရာတည္းကေန သိႏိုင္ပါတယ္။

(ေမး) ဖတ္သင့္တဲ့ စာအုပ္တစ္အုပ္အျဖစ္ ဘယ္စာအုပ္ကို ညြန္းခ်င္ပါသလဲခင္ဗ်ာ

(ခဲမိ) ဘရိုင္ယန္ ထေရစီရဲ ႔ ပန္းတိုင္မ်ားဆိုတဲ့ စာအုပ္ပါ။ (Brian Tracy – Goals) ကၽြန္မ ဒီစာအုပ္ကို ၾကိဳက္ပါတယ္။ ကၽြန္မဝယ္ထားတဲ့ စာအုပ္ဆိုရင္ အနားေတြေတာင္ လိပ္ေနျပီး အထဲကစာမ်က္ႏွာတိုင္းမွာလည္း ေရးမွတ္ထားတာေတြနဲ႔ ျပည့္ေနပါျပီ။ ဒီစာအုပ္ထဲမွာ ဘရိုင္ယန္က ၾကီးမားတဲ့ ပန္းတိုင္ေတြ ဘယ္လိုခ်ရမယ္ဆိုတဲ့ နည္းလမ္းေတြ မွ်ေဝေပးထားပါတယ္။ အေရးၾကီးဆံုးကေတာ့ ဒီလိုခ်မွတ္ ထားတဲ့ ပန္းတိုင္ေတြ အထေျမာက္ေအာင္ျမင္ဖို႔အတြက္ မွန္ကန္တဲ့ ရႈျမင္ေတြးေခၚပံု (mind-set) ကို ဘယ္လိုဖန္တီးယူရမလဲ ဆိုတာ ညြန္ျပထားတာပဲ ျဖစ္ပါတယ္။

(ေမး) လူၾကီးမင္းရဲ ႔ ေတြးေခၚပံုအေပၚ ၾသဇာလႊမ္းတဲ့သူေတြက ဘယ္သူေတြပါလဲ ခင္ဗ်ာ

(ခဲမိ) ဘရန္ဒန္ ဘားခ်ာ့ထ္ - သူက လုပ္ကိုင္ပံုသိပ္ေတာ္တဲ့ ကၽြမ္းက်င္ပညာရွင္တစ္ဦးပဲStart With Why ကို ေရးတဲ့ စာေရးဆရာ ဆိုင္မြန္ စီနက္ခ္- ကမၻာၾကီးမွာ ေငြအတြက္သာမဟုတ္ဘဲ တမူကြဲျပားေအာင္လုပ္ေဆာင္ၾကဖို႔၊ စီးပြားေရးလုပ္ငန္းေတြ ဘယ္လိုထူေထာင္ရမလဲဆိုတာ အျခားသူေတြအတြက္ အေကာင္းဆံုး သာဓက ျဖစ္ေစတဲ့သူပါ။

(ခဲမိအီဂန္ႏွင့္ ဆက္သြယ္ႏိုင္မည့္ အခ်က္အလက္မ်ား) http://freedomacademies.com/ Freedom Academies on Facebook: https://www.facebook.com/kemieganfreedomacademies Kemi Egan on Linkedin: uk.linkedin.com/in/kemiegan/en Kemi Egan on Twitter: @KemiEgan Kemi Egan’s Book “The Power Of Real Estate Investing” : http://www.amazon.com/dp/B00U6EVUGI အင္တာဗ်ဴးအသံဖိုင္- https://bit.ly/2L5iH1M (မွတ္ခ်က္- လက္ရွိအားျဖင့္ သူ၏ ဝက္ဘ္ဆိုက္မွာ ျပဳျပင္မႈမ်ား ျပဳလုပ္ေနသျဖင့္ ဝင္ေရာက္ၾကည့္ရႈ၍ မရႏိုင္ေသးသည့္အျပင္ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာလည္း ဝင္ေရာက္ၾကည့္ရႈ၍ မရေသးသည္ကို ေတြ႔ရပါသည္။)

မွတ္ခ်က္။ ။ မိတ္ေဆြသည္အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၀၀၀ ) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ ( ၁ ) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ အက်ိဳးေဆာင္လုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

#Unicode#

 

ခဲမိ အီဂန်သည် စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ၊ သင်တန်းဆရာမ၊ စာရေးဆရာမ တစ်ဦးဖြစ်၏။ သူသည် Freedom academies ကို တည်ထောင်သူဖြစ်၏။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ စာအုပ် The Power of Real Estate Investing ၊ ငွေရှာနည်း အဆင့် ၇ ရပ် 7 Steps to Make Money နှင့် Create a Lifetime of Wealth စာအုပ်များကို ရေးသားခဲ့သည့် စာရေးဆရာမလည်း ဖြစ်သည်။

ထို့ပြင် ချမ်းသာဓနဖန်တီးမှု၊ စီးပွားရေးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်၊ သင်တန်းဆရာမတစ်ဦး ဖြစ်သည်။

ခဲမိ အီဂန်သည် ဆင်းဆင်းရဲရဲ မိသားစုတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့ပြီး ဆေးစွဲသူများ၊ စရိုက်ဆန်သူများဖြင့် ဝန်းပတ်နေသည့် ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ရသူ ဖြစ်သည်။အသက် ၂၁ နှစ်အရွယ်တွင် အခင်မင်ဆုံးသူငယ်ချင်းမှာ အကြမ်းဖက်မှုတစ်ခုတွင် သေဆုံးသွားခဲ့ရပြီး ၎င်းကိုယ်တိုင်မှာလည်း အိမ်ယာမဲ့ ဖြစ်ခဲ့ရပြီးနောက် ထုံးတမ်းစဉ်လာ သင်ပြလမ်းညွှန်မှုများမှာ အလုပ်မဖြစ်ကြောင်း ခဲမိ အီဂန် သိနားလည်လာခဲ့သည်။

သို့ကြောင့် ခဲမိက ကမ္ဘာတစ်ဝန်းတွင် အောင်မြင်နေသူများ၊ ကြွယ်ဝချမ်းသာလာသူများကို လေ့လာမှုများ စတင်ပြုလုပ်ခဲ့၏။ ယင်းသို့ လေ့လာနေရင်းပင် မိမိ၏အသိပညာများကို တစ်နှစ်အတွင်း အစွမ်းကုန်မြှင့်တင်ရန် ကိုယ့်ကိုယ်ကိုယ် ကတိပေးကာ ကြိုးပမ်းခဲ့သည်။ ထို့ကြောင့်ပင် အိမ်ရာမဲ့ဘဝမှ ဒေါ်လာ ၂ သန်းဝန်းကျင်တန်ကြေးရှိ နေအိမ်ဝယ်ယူနိုင်သူ ဖြစ်လာခဲ့သည်။ဆင်းဆင်းရဲရဲဘဝမှ ကျော်ဖြတ်လာပြီးနောက် ခဲမိတွင် ပြင်းပြသော စိတ်ဆန္ဒတစ်ခုဖြစ်လာသည်။ မိမိကဲ့သို့ အတိဒုက္ခကြီးစွာရောက်ရသူများကို ဘဝတွင် အောင်မြင်မှုရရန်၊ ချမ်းသာကြွယ်ဝလာရန် မည်သို့ကြိုးပမ်းရမည်ဟူသည့် နည်းလမ်းများကို သင်ကြားပေးကာ ၎င်းတို့၏ ဘဝများကို ပြောင်းလဲပေးလိုသည့်ဆန္ဒဖြစ်သည်။

ထို့ကြောင့် ခဲမိက Freedom Academies နှင့် Freedom Property academy တို့ကို သူ၏ဘဝအသိ၊ အတွေ့အကြုံ၊ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုတို့ကို ဝေမျှပေးရန် ဖွင့်လှစ်တည်ထောင်လိုက်၏။မိမိ၏ ဝင်ငွေကို ကိုင်တွယ်ထိန်းသိမ်းပုံ၊ ချမ်းသာကြွယ်ဝအောင် လျှောက်လှမ်းရမည့်နည်းလမ်းနှင့် ဘဝအိပ်မက်များကို အကောင်အထည်ဖော်ပုံတို့ကို သင်ကြားပေးသည်ဟု ဆိုသည်။

(Freedom Academies တည်ထောင်သူ ခဲမိအီဂန်နှင့် တွေ့ဆုံမေးမြန်းခြင်း) ======================================= (မေး) Freedom Property Academy တည်ထောင်ဖို့စိတ်ကူး ဘယ်လိုရလာပါသလဲခင်ဗျ

(ခဲမိ) ပြီးခဲ့တဲ့ တစ်နှစ်လောက်က ကျွန်မဟာ အိမ်ရာမဲ့တစ်ယောက်ပါ။ ကျွန်မ ချမ်းသာချင်တယ်၊ ဘဝကို ပြောင်းလဲပစ်ချင်တယ်။ ဒီတော့ အောင်မြင်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေကို ကျွန်မ လေ့လာပါတယ်။ ဒါတွေ လေ့လာတော့ ကျွန်မတွေ့ရတာက ချမ်းသာအောင်မြင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေရဖို့အတွက် ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျခဲ့တဲ့အပြင် အချိန်တွေလည်း အများကြီးသုံးခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်မရဲ့ ဘဝကို ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် တခြားသူတွေကိုလည်း ချမ်းသာအောင်မြင်တဲ့သူဖြစ်လာအောင် ဘယ်လိုလုပ်ရတယ်ဆိုတဲ့ နည်းလမ်းတွေကို ပြောပြမယ်လို့ ကိုယ့်ကိုယ်ကို ကတိပြုခဲ့ပါတယ်။ ဒီရည်မှန်းချက်ကြောင့်ပဲ Freedom academies နဲ့ Freedom Property Academy ကို ကျွန်မ တည်ထောင်ခဲ့တာပါ။

(မေး) တစ်နေ့တာကို ဘယ်လိုဖြတ်သန်းပါသလဲခင်ဗျာ

(ခဲမိ) ကျွန်မက အချိန်ဇုန်အမျိုးမျိုးမှာ အလုပ်လုပ်ရတာကြောင့် တစ်နေ့တာ နိုးထရတဲ့အချိန်တွေဟာ အမျိုးမျိုးကွဲပြားနေပါတယ်။ ဘယ်လိုတွေပဲရှိပါစေ ကျွန်မရဲ့ နံနက်ခင်းလုပ်ရိုးလုပ်စဉ်ကိုတော့ လုံးဝအထိပါးမခံပါဘူး။ ဒါတွေက အောင်မြင်တဲ့ တစ်နေ့တာဖြစ်လာစေဖို့ ကျွန်မကို အများကြီး အထောက်အကူပြုလို့ ဖြစ်ပါတယ်။ ပထမဆုံးနိုးလာလာချင်း ကျွန်မရဲ့ မျှော်လင့်ချက်အိပ်မက်တွေကို စိတ်ကူးပုံဖော်ပါတယ်။ အဲဒါပြီးရင် အသံထွက်စာအုပ် (audiobook) တစ်ခုခု နားထောင်ရင်း ၄၅ မိနစ်လောက် ယောဂလေ့ကျင့်ပါတယ်။ အဲဒါပြီးရင် လက်ထောက်နဲ့ အွန်လိုင်းက စကားပြောပြီး တစ်နေ့တာ အစီအစဉ်ဆွဲပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအတွက် တစ်နေ့နဲ့တစ်နေ့ဟာ လုပ်ငန်းအစီအစဉ်တွေ ဘယ်တော့မှ ထပ်တူမကျနိုင်ပါဘူး။

(မေး) လူကြီးမင်းရဲ့ဘဝမှာ အဆိုးဝါးဆုံးဖြစ်ရပ်က ဘယ်အရာဖြစ်ပါသလဲ၊ အဲဒီဖြစ်ရပ်ကနေ ဘယ်လိုသင်ခန်းစာယူခဲ့ပါသလဲခင်ဗျာ

(ခဲမိ) ကျွန်မဘဝမှာ တစ်ခါမှ အလုပ်ခန့်ခြင်း မခံခဲ့ရဖူးပါဘူး။ ကျွန်မဟာ ကိုယ်ပိုင်အလုပ်တွေပဲ လုပ်ခဲ့ရပါတယ်။ ကိုယ်ပိုင်အလုပ်လုပ်ရတာမှာ အဆိုးရွားဆုံးကာလဟာ Physical Therapist (ရောဂါဝေဒနာကို ဆေးဝါးဖြင့်မဟုတ်ဘဲ လေ့ကျင့်ခန်း၊ နှိပ်နယ်ခြင်းတို့ဖြင့် ကုသပေးသည့်ပညာရှင်) အဖြစ် လုပ်ကိုင်နေချိန်မှာ ကြုံခဲ့ရတယ်။ အချိန်ကို ငွေနဲ့လဲရတဲ့ အလုပ်မျိုးပါပဲ။ အလုပ်ကို မနားတမ်းလုပ်ရပေမယ့် ငွေရတာ အလွန်နည်းပါးခဲ့တယ်။ အဲဒီမှာ ကျွန်မသိလိုက်ပါတယ်။ ကျွန်မဆီကို လာခဲ့တဲ့သူတွေဟာ ငွေကိုသာ အလေးထားပြီး တန်ဖိုးကို အလေးမထားဘူးဆိုတာ..။ ဒါကြောင့် ဈေးအပေါဆုံးပစ္စည်းကိုပဲ လိုချင်တဲ့သူကို အရည်အသွေးအကောင်းဆုံးတွေ ရောင်းဖို့ကြိုးစားနေတာဟာ ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သူတို့ဟာ ငွေကိုသာ စုဆောင်းချင်၊ အကုန်မခံချင်တာကြောင့် ပါပဲ။ သူတို့က ကျွန်မရဲ့ ကျွမ်းကျင်မှုတွေကို တန်ဖိုးမထားတဲ့အခါမှာ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားသလိုဖြစ်လာတယ်။ ဒါကြောင့် ရှင်တို့အနေနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ တန်ဖိုးတွေကို သိနားလည်ပြီး ထိုက်တန်တဲ့ဈေးနှုန်းတွေ တောင်းဆိုကြရမှာ ဖြစ်ပါတယ်။

(မေး) ဘဝကို နောက်တစ်ဖန် ပြန်စခွင့်ရမယ်ဆိုရင် ပြောင်းလဲပြီးလုပ်ချင်တာမျိုးရှိပါသလားခင်ဗျ

(ခဲမိ) (ဘဝကို အစက ပြန်စရမယ်ဆိုရင်လည်း ) တက္ကသိုလ်၊ ကောလိပ်တွေကိုတော့ ကျွန်မသွားလိမ့်မှာ မဟုတ်ပါဘူး။ ခေတ်သစ်ကမ္ဘာကြီးမှာ ကောလိပ်ဆိုတာမျိုးက တချို့အလုပ်တွေလုပ်ဖို့အတွက်ပဲ အသုံးဝင်တဲ့နေရာပါ။ ဥပမာ-ဆရာဝန်ဖြစ်လာဖို့ ကြိုးစားမယ်ဆိုရင်ပေါ့။ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာဖို့အတွက်ကတော့ နာမည်နောက်က စာလုံးတွေ မလိုအပ်ပါဘူး။ စာမေးပွဲက အမှတ်တွေဟာ လက်တွေ့ကမ္ဘာထဲမှာ ဘယ်လိုမှ အသုံးမဝင်ပါဘူး။

(မေး) လူကြီးမင်းရဲ့ လုပ်ငန်းတိုးတက်အောင်မြင်လာစေခဲ့တဲ့ မဟာဗျူဟာထဲက တစ်ခုကို ကျေးဇူးပြုပြီး ပြောပြပေးပါလား ခင်ဗျာ

(ခဲမိ) ဖက်စပ်လုပ်ကိုင်တာပါ။ ပထမတစ်နှစ်တာ ကာလအတွင်းမှာ ကျွန်မဟာ ငွေသာရှိပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အချိန်မရှိတဲ့သူ၊ ဘယ်လိုရင်းနှီးမြှုပ်နှံရမယ်ဆိုတာ မသိတဲ့သူတွေဆီက ဒေါ်လာ တစ်သန်းလောက် ထည့်ဝင်ငွေ ရခဲ့ပါတယ်။ ဒီတော့ လုပ်ရမယ့်အလုပ်က ဘာလဲဆိုတော့ အပေါ်ကအချက်တွေနဲ့ ကိုက်ညီမယ့်သူတွေကို လိုက်ရှာရမှာဖြစ်ပါတယ်။ ပြီးရင် win-win-win အခြေအနေရအောင် အားထုတ်ရမှာပါ။ ဆိုလိုတာက ကိုယ်တိုင်အတွက် အကျိုးရှိမှု-win ၊ စီးပွားရေးမိတ်ဖက်တွေအတွက် အကျိုးရှိစေမှု -win ၊ ဖောက်သည်တွေအကျိုး-win တွေ ဖြစ်ပါတယ်။

(မေး) စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအနေနဲ့ တွေ့ကြုံခဲ့ရတဲ့ရှုံးနိမ့်မှုတစ်ခုက ဘယ်အရာပါလဲ။ ဒါကိုလူကြီးမင်း ဘယ်လိုကျော်လွှားခဲ့ပါသလဲခင်ဗျာ

(ခဲမိ) ကျွန်မ အကြိမ်ပေါင်း ရာချီပြီး ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ကျွန်မက ရှုံးနိမ့်မှုတွေကို တစ်မျိုးတော့ သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ပိုမိုကြီးမားတဲ့ ခြားနားတဲ့အရာတွေလုပ်နိုင်ဖို့၊ ငွေဖို့ရနိုင်ဖို့အတွက် ဒီရှုံးနိမ့်မှုတွေကို လေ့လာနိုင်၊ အသုံးချနိုင်တာကြောင့်ပါပဲ။ ဒီလိုအရာတွေထဲကနေ တစ်ခုကို ပြောရရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်မစတင်လုပ်ဆောင်တဲ့ ပထမ ၁၈ လတာကာလအတွင်း ကြုံခဲ့ရတဲ့ ဖြစ်ရပ်ပါ။ ဒီကာလအတွင်းမှာ ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်တိုင်အတွက် ၊ ရင်းနှီးမြှုပ်နှံထားသူတွေအတွက် မျှော်မှန်းသလောက် အကျိုးအမြတ် မရခဲ့ဘူး။ ကျွန်မလည်း ဒီအတွက် ချွေးပြန်နေခဲ့ပြီး ရင်းနှီးမြှုပ်နှံထားသူတွေနဲ့ စကားမပြောရအောင် ရက်သတ္တပတ် အနည်းငယ်လောက် ပုန်းရှောင်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပုန်းရှောင်မနေတော့ဘဲ ရင်းနှီးမြှုပ်နှံထားသူနဲ့အတူ ကော်ဖီသောက်ရင်း ဖြစ်ပေါ်နေတဲ့ အခြေအနေကို ရှင်းပြပါတယ်။ အဲဒီနေ့က နောက်ဆုံးမှာ ကောင်းမွန်တဲ့ အဖြေတစ်ရပ်ရခဲ့ပြီး ကျွန်မတို့ဟာ မိတ်ဆွေကောင်းတွေ ဖြစ်လာကြတယ်။ ဒါတွေကနေ ကျွန်မရခဲ့တဲ့ သင်ခန်းစာကတော့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ပုန်းရှောင်မနေဖို့ ရဲရင့်မှုရှိဖို့လိုတယ်ဆိုတာပါပဲ။

(မေး) ကျွန်တော်တို့ရဲ့ စာဖတ်သူတွေကို ပေးချင်တဲ့အကြံမျိုးတစ်ခုလောက် ပြောပြပါလားခင်ဗျာ

(ခဲမိ) လက်ရှိကာလမျိုးမှာ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ အိမ်ရောင်း၊ ခြံရောင်းလုပ်မယ်ဆိုရင် အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ အကူအညီကို မရယူဘဲ ကုန်ကျငွေသက်သာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့ ယနေ့ခေတ်မှာ အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဘ်ဆိုက်တွေပါ။ ဒီလိုဟာတွေကို အသုံးပြုမယ်ဆိုရင် ကိုယ့်အတွက်လည်း အလုပ်ဖြစ်သလို ကုန်ကျစရိတ်တွေလည်း အများကြီးလျှော့ချသွားနိုင်မှာပါ။

(မေး) မကြာသေးမီက လူကြီးမင်း ဒေါ်လာ ၁၀၀ အကောင်းဆုံးအသုံးချခဲ့တဲ့နည်းလမ်းတစ်ခုကို ပြောပြပါလားခင်ဗျ

(ခဲမိ) ကျွန်မ အမေ့ကို လန်ဒန်မှာကျင်းပတဲ့ Lionel Richie တေးဂီတဖျော်ဖြေပွဲကို ခေါ်သွားပါတယ်။ ဒါကကျွန်မရဲ့ ပထမဦးစားပေး ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေ့အတွက် ပျော်ရွှင်ဖွယ်ရာ အချိန်လေးတွေကို ရရှိစေခဲ့တယ်။ မိသားစုနဲ့အတူ ဒီလိုဘဝဖြတ်သန်းရမှုလေးတွေက ဘယ်လိုအရာနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။

(မေး) လက်ရှိအားဖြင့် လူကြီးမင်းဟာ ဘယ်လို ဆော့ဖ်ဝဲမျိုး၊ ဝက်ဘ်ဆိုက်မျိုး အသုံးပြုနေပါသလဲ။ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုအချက်တွေကို သဘောကျပါသလဲခင်ဗျာ

(ခဲမိ)ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကျွန်မရဲ့အဖွဲ့ဝင်တွေကို စီမံခန့်ခွဲဖို့အတွက် မိုဘိုင်း App တစ်ခုဖြစ်တဲ့ Asana ဟာ ခုနောက်ပိုင်း ကျွန်မအတွက် သိပ်အရေးပါလာတယ်။ (မှတ်ချက်-အဆိုပါ App သည် ဖိုင်အရွယ်အစား ၈ ဒသမ ၄၆ MB သာရှိပြီး လက်ရှိအားဖြင့် download ရယူသည့်အကြိမ်ရေ တစ်သန်းကျော်ရှိနေပြီဖြစ်သည့် App တစ်ခု ဖြစ်ပါသည်။) အီးမေးတွေ ထောင်သောင်းချီ ပို့စရာမလိုဘဲ ကိုယ့်ရဲ့အဖွဲ့သားတွေနဲ့ ဒီ App ကနေ အလွယ်တကူ ဆက်သွယ်နိုင်ပြီး ပရောဂျက် တစ်ခုချင်းစီရဲ့ အခြေအနေတွေကိုလည်း တစ်နေရာတည်းကနေ သိနိုင်ပါတယ်။

(မေး) ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ဘယ်စာအုပ်ကို ညွန်းချင်ပါသလဲခင်ဗျာ

(ခဲမိ) ဘရိုင်ယန် ထရေစီရဲ့ ပန်းတိုင်များဆိုတဲ့ စာအုပ်ပါ။ (Brian Tracy – Goals) ကျွန်မ ဒီစာအုပ်ကို ကြိုက်ပါတယ်။ ကျွန်မဝယ်ထားတဲ့ စာအုပ်ဆိုရင် အနားတွေတောင် လိပ်နေပြီး အထဲကစာမျက်နှာတိုင်းမှာလည်း ရေးမှတ်ထားတာတွေနဲ့ ပြည့်နေပါပြီ။ ဒီစာအုပ်ထဲမှာ ဘရိုင်ယန်က ကြီးမားတဲ့ ပန်းတိုင်တွေ ဘယ်လိုချရမယ်ဆိုတဲ့ နည်းလမ်းတွေ မျှဝေပေးထားပါတယ်။ အရေးကြီးဆုံးကတော့ ဒီလိုချမှတ် ထားတဲ့ ပန်းတိုင်တွေ အထမြောက်အောင်မြင်ဖို့အတွက် မှန်ကန်တဲ့ ရှုမြင်တွေးခေါ်ပုံ (mind-set) ကို ဘယ်လိုဖန်တီးယူရမလဲ ဆိုတာ ညွန်ပြထားတာပဲ ဖြစ်ပါတယ်။

(မေး) လူကြီးမင်းရဲ့ တွေးခေါ်ပုံအပေါ် သြဇာလွှမ်းတဲ့သူတွေက ဘယ်သူတွေပါလဲ ခင်ဗျာ

(ခဲမိ) ဘရန်ဒန် ဘားချာ့ထ် - သူက လုပ်ကိုင်ပုံသိပ်တော်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပဲStart With Why ကို ရေးတဲ့ စာရေးဆရာ ဆိုင်မွန် စီနက်ခ်- ကမ္ဘာကြီးမှာ ငွေအတွက်သာမဟုတ်ဘဲ တမူကွဲပြားအောင်လုပ်ဆောင်ကြဖို့၊ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုထူထောင်ရမလဲဆိုတာ အခြားသူတွေအတွက် အကောင်းဆုံး သာဓက ဖြစ်စေတဲ့သူပါ။

(ခဲမိအီဂန်နှင့် ဆက်သွယ်နိုင်မည့် အချက်အလက်များ) http://freedomacademies.com/ Freedom Academies on Facebook: https://www.facebook.com/kemieganfreedomacademies Kemi Egan on Linkedin: uk.linkedin.com/in/kemiegan/en Kemi Egan on Twitter: @KemiEgan Kemi Egan’s Book “The Power Of Real Estate Investing” : http://www.amazon.com/dp/B00U6EVUGI အင်တာဗျူးအသံဖိုင်- https://bit.ly/2L5iH1M (မှတ်ချက်- လက်ရှိအားဖြင့် သူ၏ ဝက်ဘ်ဆိုက်မှာ ပြုပြင်မှုများ ပြုလုပ်နေသဖြင့် ဝင်ရောက်ကြည့်ရှု၍ မရနိုင်သေးသည့်အပြင် ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဝင်ရောက်ကြည့်ရှု၍ မရသေးသည်ကို တွေ့ရပါသည်။)

မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၀၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁ ) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

အိမ္ယာမဲ့ဘဝမွ တစ္ႏွစ္အတြင္း အိမ္ျခံေျမလုပ္ငန္းရွင္ ကုမၸဏီပိုင္ရွင္ ျဖစ္လာသူတစ္ဦး - Property Knowledge in Myanmar from iMyanmarHouse.com
အိမ္ယာမဲ့ဘဝမွ တစ္ႏွစ္အတြင္း အိမ္ျခံေျမလုပ္ငန္းရွင္ ကုမၸဏီပိုင္ရွင္ ျဖစ္လာသူတစ္ဦး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service