အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းထုတ်

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 11:44 am တွင် တင်ခဲ့သည်
2255 ကြိမ် ကြည့်ရှု့ပြီး
တိုင်ရာ ဘန့်စ်၏ အမည်ရင်းမှာ တိုင်ရာ လင်းဘန့်စ်ဖြစ်ပြီး ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အင်ဂဲဝုဒ်မြို့ တွင် မွေးဖွားသည်။ ရုပ်သံတင်ဆက်သူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ၊ မော်ဒယ်လ်၊ အဆိုတော်ဘဝများစွာ ဖြတ်သန်းခဲ့သည်။

အသက် ၁၅ နှစ်အရွယ်တွင် မော်ဒယ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ Victoria's Secret ၏ မော်ဒယ်လ်ဖြစ်ခဲ့သည်။ ၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများတွင် တိုင်ရာဘန့်စ်သည် ကမ္ဘာ့ထိပ်တန်းဝင်ငွေအများဆုံး မော်ဒယ်လ်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

ယခုအခါ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိမြို့  ပစိဖိတ် ပါလစ်ဆိတ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၉ သန်းဖြင့် ရောင်းထုတ်လိုက်ပြီဖြစ်သည်။

ခေတ်ပြိုင်ကယ်လီဖိုးနီးယားဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်ကို ယခုနှစ်မေလကလည်း အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၂၅ သန်း ဖြစ်သည်။

ပစိဖိတ်ပါလစ်ဆိတ်သည် ဘီလျံနာသူဌေးကြီးများ၊ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချရာ ဒေသဖြစ်၏။

အသက် ၄၄ နှစ်ရှိပြီဖြစ်သော မစ္စက်ဘန့်စ်သည် အိပ်ခန်း ၅ ခန်းပါနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၃၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ကန်ဒေါ်လာ ၁ ဒသမ ၅၅ သန်း မြတ်စွန်းခဲ့သည်။

ဝယ်ယူခဲ့စဉ်က မိခင်ဖြစ်သူနှင့် ဆက်နွှယ်မှုရှိသော ကုမ္ပဏီတစ်ခုမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဗိသုကာပညာရှင် ဒေါက်ဂလပ်စ် ဘရိုက်ဒန်ဘက်ခ်ျက ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အကျယ်အဝန်း ၆၁၃၅ စတုရန်းပေရှိကာ ညစာစားရန်နေရာ ထည့်သွင်းပေးထားသည့် အိမ်နောက်ဘက်ခြံဝန်းတစ်ခု ပါဝင်သည်။

ခြံဝန်းအတွင်း ဟင်းလင်းပြင် မီးဖိုဆောင်နှင့် မီးလင်းဖိုတစ်ခုလည်း ပါဝင်ကြောင်း အရောင်းဈေးကွက်တင်သည့် Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင်များဖြစ်သူ ဂျိမ်းစ် ရက်စ်ပွန်ဒက်ခ်နှင့် ဟေဒိုင်လိပ်ခ်တို့က ပြောကြားသည်။

နေအိမ်အတွင်း ရုံးခန်းတစ်ခန်း၊ မီဒီယာခန်းမတစ်ခုတို့လည်း ပါဝင်သည်။

ဝယ်လက်မည်သူဖြစ်သည်ကိုမူ ထုတ်ဖော်ကြေညာထားခြင်းမရှိချေ။ ဝယ်လက်မှာ ကုမ္ပဏီတစ်ခုမှတစ်ဆင့် ကြားခံဝယ်ယူခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

တိုင်ရာဘန့်စ်သည် လက်ရှိအားဖြင့် NBC က ထုတ်လွှင့်လျက်ရှိသည့် အစီအစဉ်ဖြစ်သော “America’s Got Talent” တွင် ဒိုင်လူကြီးအဖြစ် တာဝန်ယူပေးလျက်ရှိသည်။

တိုင်ရာဘန့်စ်သည် ၂၀၁၆ ခုနှစ်အတွင်းကလည်း ဘီဗာလီဟေးလ်ရှိနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၆ ဒသမ ၃၃ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးပြီး ယခုနှစ် မတ်လအတွင်းတွင်လည်း ပစိဖိတ်ပါလစ်ဆိတ်ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၆ ဒသမ ၉၉ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

မစ္စက်ဘန့်စ်သည် နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ်တွင်လည်း စတုရန်းပေ ၇၀၀၀ အကျယ်အဝန်းရှိ duplex ခန်းတစ်ခန်း ပိုင်ဆိုင်ထားသေးသည်။ အဆိုပါအခန်းကို ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၁၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ တိုင်ရာဘန့်စ်က လော့စ်အိန်ဂျလိရှိ နေအိမ်ကို ကန်ဒေါ်လာ ၉ သန်းနီးပါးဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service