ကျပ်တစ်ထောင်တန်အသစ် ထုတ်ခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု ဗဟိုဘဏ်တာဝန်ရှိသူပြော

ကျပ်တစ်ထောင်တန်အသစ် ထုတ်ခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု ဗဟိုဘဏ်တာဝန်ရှိသူပြော - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 11:20 am တွင် တင်ခဲ့သည်
4193 ကြိမ် ကြည့်ရှု့ပြီး
ဂဏန်းရှစ်လုံးပါ ကျပ် တစ်ထောင်ကျပ်တန်ငွေစက္ကူများ ထုတ်လုပ်ခြင်းကြောင့် ပြည်တွင်း ၌ ငွေကြေးဖောင်းပွမှု မဖြစ်နိုင် ကြောင်း ဗဟိုဘဏ် ငွေကြေးစီမံ ခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းကပြော ကြားသည်။

နှစ် ၂၀ ကြာ အသုံးပြုခဲ့သည့်ဟောင်းနွမ်းသော ကျပ်တစ် ထောင်တန် ငွေစက္ကူများကို ဖျက် ဆီးပြီး ငွေစက္ကူသစ်များဖြင့် ယခုလို အစားထိုးခြင်းသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျပ်တစ်ထောင်တန် ငွေ စက္ကူများ ထုတ်ခြင်းကို ဗဟိုဘဏ် အနေဖြင့် စနစ်တကျ တွက်ချက် ပြီးမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သန်းက ပြော သည်။ မြန်မာနိုင်ငံတွင် ကျပ်တစ်ထောင်တန် ငွေစက္ကူများကို ၁၉၉၇ ဇွန်လက စတင်အသုံးပြုပြီး အရွက်ကြီး ကျပ်တစ်ထောင်တန် ငွေစက္ကူ အများစုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။ ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းဖြစ်သော် လည်း ငွေစက္ကူအဟောင်းနေရာ တွင် အစားထိုးသုံးစွဲရန်ဖြစ်ခြင်း ကြောင့် ငွေကြေးဖောင်းပွမှု မရှိ နိုင်ကြောင်း ရှင်းပြသည်။

‘‘ငွေစက္ကူအဟောင်းအစုတ် တွေကို မဖျက်ဆီးလို့လည်း မရ ဘူး။ ထားစရာနေရာလည်းမရှိ ဘူး’’ ဟု ဦးအောင်ကျော်သန်းက ပြောသည်။

ထိုသို့ဖျက်ဆီးနိုင်ရန်ဟောင်း နွမ်းငွေစက္ကူများကို သိမ်းဆည်း ပေးရန် ပုဂ္ဂလိက ဘဏ်များသို့ ညွှန်ကြားထားကြောင်းဆိုသည်။

ဂဏန်းရှစ်လုံးပါ ကျပ်တစ် ထောင်တန် အသစ်များကို ဗဟို ဘဏ်က ထုတ်လုပ်ထားခြင်း ကြောင့် ယခုနှစ်ငွေကြေးဖောင်း ပွမှု မြင့်တက်နိုင်သည်ဟု သုံးသပ် ချက်များ ရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ကြားကာလ ဘတ်ဂျက်၌ ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service