ဒီဇိုင်းပြန်လည်ပြင်ဆင်ရမည့် ဒလတံတားစီမံကိန်းအတွက်လိုအပ်သည့် ငွေကြေးပိုင်းဆိုင်ရာကို စီမံ/ဘဏ္ဍာမှ ကူညီထောက်ပံ့မည်

ဒီဇိုင်းပြန်လည်ပြင်ဆင်ရမည့် ဒလတံတားစီမံကိန်းအတွက်လိုအပ်သည့် ငွေကြေးပိုင်းဆိုင်ရာကို စီမံ/ဘဏ္ဍာမှ ကူညီထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
10 Jul 2018 11:10 am တွင် တင်ခဲ့သည်
2198 ကြိမ် ကြည့်ရှု့ပြီး
ဒီဇိုင်းပြန်လည်ပြင်ဆင်ရေးဆွဲရမည့် ဒလတံတားစီမံကိန်းအတွက် လိုအပ်သည့် ငွေကြေးပိုင်းဆိုင်ရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးမည်ဟုသိရပြီး ဒလတံတား ဒီဇိုင်းပြင်ဆင် ရေးဆွဲရမည့် ကုန်ကျစရိတ်အတွက် ကိုရီးယားနိုင်ငံ၏ စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေ EDCF ဖြင့် ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာမှသိရသည်။

ဒလတံတားစီမံကိန်းအတွက် ဒီဇိုင်းပြောင်းလဲရမည့်အစီအစဉ်ပေါ်လာသည့်အတွက် ဒီဇိုင်းပြန်လည် ပြင်ဆင်ရေးဆွဲမည့်ကိစ္စနှင့် စီမံကိန်းအတွက် တိုးမြင့်လာမည့် ကုန်ကျစရိတ်များကိစ္စများကို ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံဘဏ္ဍာဝန်ကြီးဌာနတို့ ၃ ပွင့်ဆိုင်တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးပြီး ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တံတားဦးစီးဌာမှ တာဝန်ရှိသူက ပြောသည်။

'ဒီဇိုင်းပြောင်းတဲ့ကိစ္စကို consultant နဲ့ ပြန်ပြီးတွက်တဲ့အချိန်မှာ တည်ဆောက်မယ့်ကုမ္ပဏီနဲ့လည်း ညှိနေတာပေါ့။ အမြန်ဆုံး အဆုံးသတ်နိုင်အောင်လည်း ကြိုးစားနေတယ်။ တက်လာတဲ့ ငွေကြေး ပမာဏအတွက် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ စီမံဘဏ္ဍာဝန်ကြီးတွေ သုံးပွင့်ဆိုင်ဆွေးနွေးပြီး တတ်နိုင်သလောက် support လုပ်ပေးဖို့ ဒီအဖြေကို ထုတ်လိုက်တာ။ Stakeholder အားလုံး အဆင်ပြေ အောင်ဆိုပြီးတော့ ဆွေးနွေးကြတာ။ နောက် EDCF ကိုလည်းလိုတဲ့ ငွေကြေးပမာဏ ပြန်ညှိနှိုင်းမယ်။ ထပ်တိုး ချေးငွေအနေနဲ့များ သူတို့ပေးနိုင်မလားပေါ့''ဟု ၎င်းက ပြောသည်။

ဒီဇိုင်းပြန်လည်ပြင်ဆင်ရာတွင် အသစ်ပြန်လည်ရေးဆွဲရခြင်းမဟုတ်ဘဲ ရှိပြီးသားဒီဇိုင်းကို အနည်းငယ်ပြင်ဆင် ရေးဆွဲမည်ဖြစ်၍ ၄ လနှင့် ၆ လခန့်သာ ကြာမြင့်မည်ဟုသိရသည်။ ဒလဘက်ကမ်းနှင့် ဘုန်းကြီး လမ်းဘက်ခြမ်းရှိ ရန်ကုန်မြစ်အကျယ်သည် မီတာ ၅၀၀ ခန့်ကျယ်ပြီး ဒီဇိုင်းပြင်ဆင်ရာတွင် ၃၂၀ မီတာ အကျယ်မှ ရေလယ်တိုင် ၂ တိုင်၏ အကွာအဝေးကို တတိုင်လျှင် ၂၅ မီတာစီ (ကမ်းဘက်) နောက်ဆုတ် ပေးရမည်ဖြစ်ပြီး ချဉ်းကပ်တံတားကို အပြောင်းအလဲ ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

''ဒလတံတားကတော့ ပေါ်လစီပိုင်းက ဖြတ်လိုက်ပြီ။ သမ္မတရုံးကတော့ စာမထွက်သေးဘူး။ ခန်းဖွင့်ကို နည်းနည်း ချဲ့မယ်။ ပင်မတံတားကနေ ၃၂၀ မီတာကို ၃၇၀ မီတာချဲ့ပေးရမယ်။ သင်္ဘောလမ်းကြောင်း ပိုကျယ်သွားတာပေါ့။ အဲဒါလည်း နောက်ဆုံးပိတ်အစည်းအဝေး ဆုံးဖြတ်ချက်ပေါ့။ အဲဒီကနေ အမြန်ဆုံး စနိုင်အောင်လုပ်နေတယ်။ အဲတော့ ဒီဇိုင်းပြင်ရမှာပေါ့။ အရင် ၃၂၀ မီတာနဲ့ ဆွဲထားပြီးသား ဒီဇိုင်းကို ၃၇၀ မီတာနဲ့ ရေလယ်ခန်းဖွင့်၊ သင်္ဘောလမ်းကြောင်းကို ပြင်ပေးရမယ်'' ဟုဆိုသည်။

လက်ရှိအချိန်တွင် ဒီဇိုင်းပြင်ဆင်မှုအတွက် ကုန်ကျစရိတ် အမျိုးမျိုးထွက်ပေါ်နေသော်လည်း အသေးစိတ်ညှိနှိုင်း တွက်ချက်မှုများ ပြုလုပ်ရမည်ဖြစ်၍ ယင်းကုန်ကျစရိတ်ပမာဏကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ တံတားတည်ဆောက်ရန် ကိုရီးယားသမ္မတနိုင်ငံ၏ EDCF Loan (ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ)မှ ချေးငွေကန်ဒေါ်လာသန်း ၁၃၀ အပါအ၀င် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဖြစ်သည်။ တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်း တံတားအမျိုးအစား၊ အမြင့် ၄၉ မီတာ၊ အကျယ် ၁၅၁ မီတာ၊ ပင်မတံတားအရှည် ၁၉၃၆ ပေရှိပြီး စုစုပေါင်းတံတားအရှည် ၆၁၄၃ ပေ၊ လေးလမ်းသွားတံတား ဖြစ်သည်။ တည်ဆောက်ရေး ကာလ ၃၉ လ သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်မည်ကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service