ကိတ္တိမ မွေးစားသားသမီးအဖြစ် မောင်နှမအချင်းချင်းပြုလုပ်နိုင်ပါသလား

ကိတ္တိမ မွေးစားသားသမီးအဖြစ် မောင်နှမအချင်းချင်းပြုလုပ်နိုင်ပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2018 12:45 pm တွင် တင်ခဲ့သည်
3981 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

“မောင်နှမအချင်းချင်း ကိတ္တိမသမီးအဖြစ် မွေးစားလို့ရသလားဆရာ ဟု အိမ်နီးချင်းမိတ်ဆွေတစ်ဦးက စာရေးသူထံလာရောက် တိုင်ပင် ဆွေးနွေးပါသည် ”

“ဥပဒေအရတော့ ၊ မောင်နှမအချင်းချင်းလည်း မွေးစားလို့ရပါတယ် ။ ကန့်သတ်ချက်မရှိပါဘူး ။ ဒါပေမယ့် အသက်ချင်းသိပ်နီးနေရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ မွေးစားတယ်ဆိုတဲ့၊ နောက်ဆက်တွဲပြဿနာတွေ ရှိလာနိုင်ပါတယ် ။ ဘာကိစ္စဖြစ်နေလို.လဲ”

“မြေနဲ့ အိမ်ဝယ်ဖို့ဆိုပြီး သွားစုံစမ်းတော့ သားနှစ်ယောက်အပြင် မွေးစားသမီးလည်းရှိတယ်လို့နောက်ပိုင်း သိရတယ်”

“မွေးစားသမီးက ၊ ပိုင်ရှင်ရဲ့ညီမဖြစ်နေလို့လား”

“ဟုတ်တယ်ဆရာ”

“မွေးစား မိဘတွေက ကွယ်လွန်သွားကြပြီလား ၊ အခုရောင်းမယ်ပြောတာက သားအရင်း တွေက ပြောတာပေါ့”

ဟုတ်ပါတယ်

“မြေအမည်ပေါက်ကို မေးမြန်ခဲ့သေးလာ”း

“မြေအမည်ပေါက်ကတော့ ၊ မိဘတွေအမည်ပေါက်လိုပြောပါတယ်”

“သားနှစ်ယောက်အမည်ပြောင်းမထားရသေးဘူးဆိုရင် ပြဿနာတစ်ခု သက်သာသွားတာပေါ့ဗျာ”

“အဲဒီလို ကိစ္စရပ်တွေရှိသလား”

“ရှိတက်တယ် ။ ကိတ္တိမမွေးစားသားသမီးက အိမ်ထောင်ကျလို့ အိမ်ခွဲဆင်းသွားမယ် ။စာရွက်စာတမ်းက သားသမီးအရင်းမှာ ရှိနေတာ့ အမည်ပြောင်းတာကို မသိလိုက်တဲ့ ကိစ္စရပ်တွေလည်းရှိတက်တယ် “

“အဲဒီတော့ မွေးစား သားသမီးက တရားစွဲဆိုတာ တွေရှိလာနိုင်တာပေါ့”

“ဟုတ်ပါတယ် ဒီလို အခြေအနေ မျိုးဆိုရင်တော့ အစကတည့်က မဝယ်တာကောင်းတယ် ။ ဒါမှမဟုတ်ရင် စရန်ငွေပေးပြီး ၊ ကိုယ်ပါအမှုထဲပါဝင်သွားနိုင်တယ်”

“အစကတော့ ကျွန်တော်လည်းမသိဘူး ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကုန့်ကွက်တားစာ တင်ထားလို့ နောက်မှသိရတယ်”

“ဒီတော့၊ ကိတ္တိမ မွေးစားသမီးထံသွားမတွေ့ဘူးလား ရောင်းမယ်ဆိုတဲ့ အိမ်မှာပဲနေတာလား”

“ရောင်းမယ်ဆိုတဲ့ အိမ်မှာတော့ မနေဘူး အဲဒီအိမ်မှာ သားအငယ်မိသားစုပဲနေတယ် ။ ကျန်နှစ်ယောက်က အိမ်ထောင်ခွဲတွေဆိုတော့ အတူမနေဘူ”း

“သူထုတ်ပြတာကတော့ ၊ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြုလုပ်ထားပါတယ် “

“သူ့ကို မွေးစားစဉ်က ၊ အသက်ဘယ်လောက်လဲမှတ်မိလား ၊ ကြည့်မိလား “

“မွေးစားစာချုပ်မှာတော့ အသက် ၂၈ နှစ်လိုဖော်ပြထားတယ် ။ မွေးစားတဲ့ အကိုနဲ့ ( ၁၀ ) နှစ်လောက်ကွာတယ် ပြောပါတယ် “

“သားအရင်းတွေက မွေးစားပြီးမှ မွေးတာလား”

“အစကတော့ မွေးစားမိခင်က၊ အသက် ( ၄၀ ) နားလည်းနှီးပြီး ၊ သားသမီးမရှိလို့ မွေးစား ခဲ့တာလို့ပြောတယ် ။ ဖြစ်ချင်တော့ သားနစ်ယောက်ကို အသက် ( ၄၀ ) ကျော်မှ အမွှာမွေးတာလို့ ပြောပါတယ်။’

“ထူးထူးဆန်ဆန်ပဲ မွေးတော့ အမွှာဖြစ်နေတယ် ။ သားနှစ်ယောက်မွေးလိုက်တော့ အမွေဆက်ခံခွင့်ကိစ္စပြောင်းလဲသွားနိုင်တာပေါ့ ။ ကိတ္တိမစာချုပ်ကို တော့ ပျက်မသွားဘူးမဟုတ်လား”

“အဲဒီလိုတော့ ပြောသံမကြားဘူး ။ ဒါပေမယ့် ကွန်တော်တို့ သိထားတာက ၊ အရွယ်မရောက်တဲ့ ကလေးကိုပဲ မွေးစားကြတယ်လို့ သိထားတာ ။ အသက်က ၂၈ နှစ်အရွယ်ကို မွေးစားလို့ရပါသလား”

“ဥပဒေအရတော့မေွးစားခံရသူကိုအသက်ကန့်သက်ချက်မထားပါဘူး။အရွယ်မရောက်သေးဘူးဆိုရင်တော့ မိရင်ဖရင်းကိုယ်တိုင်က မိမိသားသမီးကို မွေးစားခြင်း သဘောတူကြောင်း ၊ မွေးစားမှတ်ပုံတင်စာချုပ်မှာ လက်မှတ်ရေးထိုးရပါတယ် ။ ရှင်းအောင်ပြောရရင်တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မကြိုင် နှင့် မအုန်းကြည် ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၈၄ အမှုမှာ ၊ မွေးစား သူ မိခင်မှာ မုဆိုးမဖြစ်ပြီး ၊ သားသမီးမရှိပေ ။ မွေးစားချိန်၌ မွေးစားခံရသူမှာ အသက် လေးဆယ်ကျော်ခန့် အရွယ်ဖြစ်သော်လည်း မှတ်ပုံတင် ကိတ္တိမ မွေးစားစာချုပ်ချုပ်ဆို မွေးစားသည့်အပြင် မွေးစားမိခင်နှင့် အတူနေ ပြုစုသူဖြစ် ၍ အမွေဆက်ခံခွင့်ရှိသည် လို့ ဆုးံဖြတ်ထားပါတယ် ။ ဒါကြောင့် မွေးစားခံရသူရဲ့ အသက်ကို ကန့်သက် မထားပါဘူး။

“ဒါဆိုရင် အခုကိစ္စမှာ၊ နှမဖြစ်သူကို မွေးစားတာတရားဝင်တယ်ပေါ့”

“မှန်ပါတယ်။ ကိတ္တိမ မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ ချုပ်တာမို့ အမွေဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်”

“မွေးစားသူက လင်နဲ့မယားနှစ်ဦးရှိမှ သားသမီးမွေးစားလို့ ရတာလား၊ အပျိုကြီး လူပျိုကြီးတွေက သားသမီးမွေးစားလို့ရပသလား”

‘လင်နဲ့မယားနှစ်ဦးရှိမှ သားသမီးမွေးစားလို.ရကြောင်း ဥပဒေမှာ တားမြစ်ထားတာမရှိပါဘူး။ အပျိုကြီး၊ လူပျိုကြီး၊ မုဆိုးဖို၊ မုဆိုးမ တို့လည်း ကိတ္တိမသားသမီးအဖြစ်မွေးစားခွင့်ရှိပါတယ်။”

“မွေးစားသားသမီးက မွေးစားမိဘနဲ့အတူ မနေရင်အမွေးဆုံးရှုံးတယ်ဆိုတာဟုတ်ပါသလား”

“မွေးစားမိဘနဲ့အတူမနေတာကိုအကြောင်းပြုပီး အမွေဆုံးရှုံးခြင်းမရှိ၊ ကိတ္တိမ မွေးစားခြင်းမပျက်ပြယ်လို့မမူနှင့် ဦးညွှန် - ၁၂ ရန်ကုန်တရားစီရင်ထုံး၊ စာမျက်နှာ ၆၃၄ အမှုမှာ တရားရုံးချုပ်က ဆုံးဖြတ်ထားတာကိုတွေ.ရပါတယ်”

“တကယ်လို. ဆရာရယ်။ မွေးစားသားသမီးက၊ မွေးစားပြီးနောက်ပိုင်း အိမ်ထောင်ပြုသွားမယ်။ မွေးစားမိဘတို့နဲ့လည်းအဆက်သွယ်မရှိ၊ လာရောက်ခြင်းလည်းမရှိ၊ ကွယ်လွန်မှ လာရောက်ပြီး မွေးစားသမီးပါလို့ အမွေတောင်းရင်ရပါ သလား”

“ဒါကတော့ တရားရူံးက ဆုံးဖြတ်မဲ့ ကိစ္စဖြစ်ပါတယ်။ မွေးစားခံရသူရဲ့ အပြုမူကို စစ်ဆေးဆုံးဖြတ်ပေးမှာဖြစ်တယ်။ အမှုတစ်ခုချင်းအလိုက် မတူနိုင်ဘူးပေါ့”

“ဟုတ်ပါပြီ ဆရာ။ အခု ကိစ္စမှာဆိုရင်၊ မွေးစားခံရသူ သမီးက အမွေဝေစုရနိုင်တာပေါ့နော်”

“မှန်ပါတယ်။ သာမန်ဆွေမျိုးတော်စပ်ရင်တော့ အဒေါ်နဲ. တူတွေအမွေခွဲရမဲ့ သဘောဘယ်။ ဒါပေမဲ့ အဒေါ်ဖြစ်သူက ကိတ္တိမ မွေးစားသမီးအဖြစ်ရှိနေတော့ ဥပဒေအရ မောင်နှမအဖြစ်ရောက်ရှိသွားတယ်။

ဒါကြောင့် မိဘကျန်ခဲ့တဲ့ ပစ္စည်းအပေါ်အညီအမျှ ရပိုင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်”

“မြေနဲ.အိမ်ကို အရောင်းဝယ်လုပ်ရင် သုံးဦးလုံးက လက်မှတ်ရေးထိုးရ
မှာပေါ့နော် “

“ဟုတ်ပါတယ်။ ဂရန်အမည်ပေါက်ဖြစ်တဲ့မိဘတွေထံက သားသမီးများအဖြစ် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ညာစာချူပ်ကို ဦးစွာမှတ်ပုံတင် စာချုပ်စာတမ်းအဖြစ် ချုပ်ဆိုရပါမယ်။ သားသမီးသုံးဦး ပိုင်ဆိုင်ကြောင်း ကြော်ညာစာချုပ်အရ အရောင်းဝယ် မှတ်ပုံတင်စာချုပ်ကို ချုပ်ဆိုရမှာဖြစ်တယ်”

“တစ်ယောက်ယောက်က သဘောမတူရင် အရောင်းဝယ်မဖြစ်ဘူးပေါ့”

“မှန်ပါတယ်။ ကိတ္တိမ စာချုပ်စာတမ်းမှတ်ပုံတင် မွေးစားစာချုပ်အတည်ဖြစ်နေတဲ့အတွက် သုံးဦးလုံး သဘောတူမှ ဖြစ်ပာလိမ့်မယ်” ဟု ဆွေးနွေးလိုက်ပါသည်။

Credit : shwesathtagan

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CarsDB
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service