ကူဝိတ်နိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ အကုန်အကျခံတည်ဆောက်ထားသည့် ဆေးဝါးကုသရေး မြို့တော်သစ်ကြီး ဖွင့်လှစ်လိုက်ပြီ

ကူဝိတ်နိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ အကုန်အကျခံတည်ဆောက်ထားသည့် ဆေးဝါးကုသရေး မြို့တော်သစ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 12:22 pm တွင် တင်ခဲ့သည်
2700 ကြိမ် ကြည့်ရှု့ပြီး
အရှေ့အလယ်ပိုင်းတွင် Amiri Diwan အမည်ရှိ developer က တည်ဆောက်ပေးခဲ့သည့် အကြီးမားဆုံး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံကိန်းကြီးတစ်ခုဖြစ်သော New Jahra ဆေးဝါးမြို့တော်သစ် စီမံကိန်းကြီးကို ကူဝိတ်နိုင်ငံတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဆေးဝါးမြို့တော်၏ ပင်မဆေးရုံ အဆောက်အအုံတွင် ကျင်းပခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ကူဝိတ်အကြီးအကဲ ရှိတ်ခ် ဆဘား အယ်လ်-အာမက် အယ်လ်- ဂျဘား အယ်လ်-ဆဘား တက်ရောက်ကာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

အဆိုပါဖွင့်ပွဲသို့ ကူဝိတ်၏ မင်းသား ရှိတ်ခ် နဝပ်ဖ် အယ်လ်-အာမက်၊ ဝန်ကြီးချုပ် ရှိတ်ခ် ဂျဘား အယ်လ်-မူဘာရက်ခ်၊ ကူဝိတ်အမျိုးသားညီလာခံ ဥက္ကဌ မားကွတ် အယ်လ်- ဂါနင်တို့ အပါအဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

Amiri Diwan ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာနအကြီးအကဲ အဗ္ဗဒူ အဇစ် ဆာအစ် အီရှတ်က ပြောကြားရာတွင် ယခုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်အခြေတည်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း လူနာဦးရေ မြင့်တက်လာမှုများကြောင့် ကူဝိတ်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၅ ခုနှစ်၊ မတ်လတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ၃ နှစ်အတွင်း ပြီးစီးနိုင်ရန် အရှိန်ဟုန်မြှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ရောဂါရှာဖွေရေးနှင့် ကုသရေးအဆောင် အမိုးပေါ်တွင် ရဟတ်ယာဉ်ကွင်း ထည့်သွင်းဆောက်လုပ်ထားသည့်အပြင် ပြင်ပလူနာဌာန လည်း ထည့်သွင်းပေးထားသည်ဟု ဆိုသည်။

ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံတန်ကြေးရှိ ဆေးဝါးမြို့တော်သစ်ကြီးတွင် ကုတင် ၁၂၃၄ ဆန့် ဆေးရုံကြီး၊ ပစ္စည်းကိရိယာအစုံအလင် ထည့်သွင်းထားကာ ကုသဆောင်ပေါင်း ၁၁၅ ခန်း ပါဝင်သည့် သွားဆေးရုံ၊ ဒေသတွင်း ကျန်းမာရေးကွပ်ကဲမှုဌာန အဆောက်အအုံတို့ ပါဝင်သည်။

ပြင်ပလူနာဌာနတွင် ဌာနခွဲပေါင်း ၂၂ ခု၊ ဆေးကုသဆောင်ပေါင်း ၁၃၅ ခု ပါဝင်ပြီး နောက်ဆုံးပေါ် နည်းပညာမြင့် ကုသရေးစက်ပစ္စည်းများ တပ်ဆင်ပေးထားသည်။

ပြင်ပလူနာဌာနတွင် Hyperbaric Oxygen Therapy ဟု ခေါ်သည့် အောက်ဆီဂျင်ဖြင့် ကုသပေးသည့် ကုတင် ၈ လုံးပါ အထူးဆေးကုသ ချိန်ဘာခန်းတစ်ခု ပါဝင်ပြီး ကူဝိတ်နိုင်ငံတွင် တစ်ခုတည်းသာရှိသော ကုသခန်းလည်း ဖြစ်သည်။

ယင်းကုထုံးသည် ဓာတ်ရောင်ခြည်ထိတွေ့မှု (သို့မဟုတ်) ဆီးချိုရောဂါကြောင့် မပျောက်ကင်းနိုင်သည့် အနာရှိသူများ၊ သွေးအတွင်း လေခိုခြင်း၊ ပြင်းထန်သည့် ကူးစက်ရောဂါ၊ ရေငုပ်သမားများ ဖြစ်ပွားလေ့ရှိသည့် ရောဂါတို့ကို ကုသခြင်းဖြစ်ပြီး ပြင်ပလေထုထက် အောက်ဆီဂျင်ဖိအားပိုပေးကာ ကုသပေးခြင်း ဖြစ်လေသည်။

ဆေးဝါးမြို့တော်ဝန်းအတွင်း ကားအစင်းရေ ၅၀၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်နေရာလည်း ပါဝင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကူဝိတ်နိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ အကုန်အကျခံတည်ဆောက်ထားသည့် ဆေးဝါးကုသရေး မြို့တော်သစ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ကူဝိတ်နိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ အကုန်အကျခံတည်ဆောက်ထားသည့် ဆေးဝါးကုသရေး မြို့တော်သစ်ကြီး ဖွင့်လှစ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service