မန္တလေးတိုင်း အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၆၈ ခု ခွင့်ပြုထားပြီး

မန္တလေးတိုင်း အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၆၈ ခု ခွင့်ပြုထားပြီး - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 12:13 pm တွင် တင်ခဲ့သည်
2461 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ဇူလိုင်လဆန်းအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း ၆၈ ခု ခွင့်ပြုပေးထားပြီး ဖြစ် ကြောင်း မန္တလေးတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။

မန္တလေးတိုင်း ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ တိုင်းနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေ ဖွဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန် ဒေါ်လာ ၅ သန်းအောက်၊ နိုင်ငံသား ရင်းနှီးမြုပ်နှံမှု အတွက် ကျပ် သန်း ၆ ထောင် အောက်ကို စိစစ် ခွင့်ပြုပေးရပါတယ်။ သတ် မှတ်ချက်တွေ ပြည့်စုံရင် အဆိုပြုတဲ့ ကာလကနေ တလအတွင်း ကော်မတီကနေ စိစစ်ခွင့်ပြုပေးနေပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (Mandalay Region Investment Committee -MRIC) ကို ၂၀၁၇ ဇူလိုင်လ အတွင်းက အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲစည်း၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စိစစ် ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ဇူလိုင်လ ၄ ရက် အထိ MRIC အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၆ ခု ရှိပြီး ပမာဏအားဖြင့် ဒေါ်လာ ၁၅ ဒသမ ၆၃၃ သန်းနှင့် ပြည်ထောင်စုက ခွင့်ပြုသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၆၂ ခုရှိရာ ဒေါ်လာ ၃ ဒသမ၂၆၂ ဘီလီယံ၊ စုစုပေါင်း ၆၈ ခု ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ MRIC ၏ ခွင့်ပြုချက်များကို အစည်းအဝေး ၁၁ ကြိမ် ပြုလုပ်၍ ခွင့်ပြုပေးခြင်းဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ အနေနှင့် စက်မှု ကဏ္ဍ၌ ၄ ခု၊ လယ်ယာကဏ္ဍ ၁ ခုနှင့် ဟိုတယ် ကဏ္ဍတွင် ၁ ခုတို့ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအနေနှင့်မူ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ နိုင်ငံ တို့မှ ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း ဒေါ်နွယ်နီဦးက ပြောသည်။

၎င်းက “ဥပဒေမှာ ပြဋ္ဌာန်းထားတာက ရက်ပေါင်း ၄၀ အတွင်း အတည်ပြုမိန့်ကို စိစစ် ထုတ်ပြန်ပေးရမယ် လို့ သတ် မှတ် ထားတယ်။ ဒါကို တလအတွင်းမှာ ထုတ်ပေးနိုင်အောင် ကော်မတီကနေ လုပ်ဆောင် ပေးနေပါတယ်။ နောက်ပြီး လုပ်ငန်းအဆင့်တွေ များလေ လုပ်ရကိုင်ရတာ ခက်လေ၊ အဂတိ လိုက်စားမှုတွေ ရှိလေ ဆိုတော့ အဲဒီ အပိုင်းတွေကို လည်း လျှော့ချနိုင်ပါတယ်”ဟုလည်း ပြောဆိုသည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လမှ ယခု ဇူလိုင် လဆန်းအထိ MRIC မှ ခွင့်ပြုပေးထားသည့် ရင်းနှီး မြှုပ်နှံမှုသည် ၁၁ ခု ပမာဏအားဖြင့် ငွေကျပ် ၂၇၃၂၀ ဒသမ ၈၈၇ သန်း ခွင့်ပြုပေးခဲ့ပြီး ပြည်ထောင်စု အစိုးရက ၁၅၄ ခုမှ ကျပ်သန်းပေါင်း ၄၈၇၂ သန်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၁၆၅ ခု ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ပြည်ထောင်စု အစိုးရကနေ တိုင်းအစိုးရကို ကိုယ် ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ ကော်မတီကနေ တလတကြိမ် အစည်းအဝေး လုပ်တယ်။ အဆိုတင် သွင်းတဲ့ ကုမ္ပဏီတွေ ရှိရင် လက်ခံတယ်။ အမှုတွဲတွေ ပြည့်စုံရင် တထိုင်တည်း ဆွေးနွေး ဆုံးဖြတ်ပြီး ခွင့်ပြုမိန့် ထုတ် ပေး တယ်။ လုပ်ငန်းအဆင့် နည်းအောင် လုပ်ပေးနေတယ်”ဟု ဇွန်လ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ ၌ ပြောကြားသွားသည်။

မန္တလေးတိုင်း အတွင်း ဒေါ်လာ ၅ သန်းနှင့် အထက် ရင်းနှီးမြှုပ်နှံမှုများ အတွက် တိုင်းအစိုးရ အဖွဲ့က သဘောထား မှတ်ချက် ပေးရပြီး ပြည်ထောင်စု အဆင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ(MIC) က ခွင့်ပြုပေးလျက် ရှိကြောင်းလည်း သိရ သည်။

ဒေါက်တာ ဇော်မြင့်မောင် က “ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်က ထောက်ခံ ချက်၊ မီးသတ်ဦးစီးရဲ့ ထောက်ခံချက်၊ လုပ်ငန်း လိုင်စင်၊ အခွန်ထမ်းဆောင်မှု စတဲ့ အချက်အလက်တွေကို စိစစ်ပြီး တော့ ခွင့်ပြုမိန့် လက်မှတ်ကို တခါတည်း ထုတ်ပေးနေတယ်။ တတ်နိုင်သမျှ အဂတိ ကင်းအောင် ဆောင်ရွက်နေပါ တယ်”ဟု ပြောသည်။

၎င်းက ဆက်လက်၍ “အချက်လေးချက်ကို ဦးစားပေးရပါတယ်။ နိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်ရမယ်။ နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မလား။ ဒေသခံတွေ အလုပ်အကိုင်ရမလား။ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှု ဖြစ်စေလား။ MIC က ခွင့်ပြုလား၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နဲ့ ရှေးဟောင်းနယ်မြေ၊ ကျန်းမာ ရေး ဆိုင်ရာတို့ အပေါ် အကျိုးသက်ရောက်မှု ရှိမရှိ လေ့လာဆန်းစစ်မှုတွေ လိုပါတယ်”ဟု ပြောဆိုသည်။

တိုင်းဒေသကြီး အတွင်း ရင်းနှီးမြှုပ်နှံမှု အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အခွင့်အရေးများကိုလည်း ထည့် သွင်း ပြဋ္ဌာန်းပေးထားပြီး ယင်းအခွင့်အရေးများကို အပြည့်အဝ ပေးလျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် နေရာဒေသပေါ် မူတည်၍ ဝင်ငွေခွန် ခံစားခွင့် အများဆုံး ၇ နှစ်မှ ၅ နှစ်၊ ၃ နှစ် အသီးသီး လျှောက်ထားနိုင်ပြီး လုပ်ကိုင်မည့် လုပ်ငန်း အမျိုးအစားအနေနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်း အမျိုးအစားထဲ၌ ပါဝင်ရမည် ဖြစ်ကြောင်း ဒေါ်နွယ်နီဦးက ပြောသည်။

“တင်ပြလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု၊ နည်းပညာ ရရှိနိုင်မှု၊ ဒေသ ဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုပြီး အကျိုးရှိနိုင်မှုတွေကို ဦးစားပေး ကြည့်တယ်။ ဒီလိုမျိုး အချက်တွေနဲ့ ပြည့်စုံမှ သာ စိစစ် ခွင့်ပြုပေးနေတာပါ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ အလုပ်အကိုင် ရရှိရာ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ဒေသခံ ၅၇၈၀ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေသခံ ၁၁၆၆၀ တို့ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင် ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး အတွက်လည်း အထောက်အကူ များစွာ ရှိကြောင်း သိရသည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service