မန္တလေး တိုင်းဒေသကြီး အတွင်း သိမ်းဆည်းခံမြေများမှ ၉၃၇၉ ဧကကို ဒီဇင်ဘာလ မကုန်မီ ပြန်လည်ပေးအပ်မည်

မန္တလေး တိုင်းဒေသကြီး အတွင်း သိမ်းဆည်းခံမြေများမှ ၉၃၇၉ ဧကကို ဒီဇင်ဘာလ မကုန်မီ ပြန်လည်ပေးအပ်မည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 10:14 am တွင် တင်ခဲ့သည်
2030 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံမြေများထဲမှ ၉၃၇၉ ဧကကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမကုန်မီ ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဒုတိယတစ်နှစ်တာသက်တမ်းကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

''မြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရ ရဲ့ မူဝါဒကိုက မြေကို ပြန်ပေးချင်လို့ အဖွဲ့တွေ ဖွဲ့ထားတာပါ။ တစ်လတစ်ကြိမ် အစည်းအဝေးနဲ့ စစ်ဆေးပြီးတော့ ပြန်ပေးနေတာ။ ဒီဇင်ဘာ မတိုင်ခင်မှာ စွန့်လွှတ်ထားတဲ့မြေတွေထဲက ၉၃၇၉ ဧက ပြန်ပေးမှာပါ''ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည် ပေးအပ်မည့် မြေယာ ဧက ၁၆ဝဝဝ နီးပါးရှိရာ ဧက ၆၄ဝဝ ကျော် ပေးအပ်ပြီးသည်။ ယခုနှစ် ဒီဇင်ဘာလမတိုင်မီ ၉၃၇၉ ဧကကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြေယာမှုခင်းများနှင့်ပတ်သက်၍ သိမ်းဆည်းခံလယ်ယာမြေများ စိစစ်ရေးကော်မတီ ဗဟိုသို့ တိုင်ကြားထားသော တိုင်ကြားစာ ၈ဝ၇ စောင်ရှိသည့်အနက် ၃၉၇ စောင် ဖြေရှင်းပြီး ဖြစ်ကာ ၄၉ ရာခိုင်နှုန်း ပြီးစီးကြောင်းနှင့် တိုင်းသို့တိုင်ကြားစာ ၆၉ဝ စောင်ရှိသည့်အနက် ၄၁၆ စောင် ဖြေရှင်းပြီးဖြစ်သဖြင့် ရာခိုင်နှုန်း ၆ဝ ပြီးစီးပြီဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

Credit: The Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service