စတော့အိတ်ချိန်း၌ နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့်ကို ပြည်တွင်းနေသူများသာ ကနဦးရဦးမည်

စတော့အိတ်ချိန်း၌ နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့်ကို ပြည်တွင်းနေသူများသာ ကနဦးရဦးမည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2018 10:07 am တွင် တင်ခဲ့သည်
2239 ကြိမ် ကြည့်ရှု့ပြီး
လာမည့် သြဂုတ် ၁ ရက်တွင်ကုမ္ပဏီများဥပဒေ အသက်ဝင်လာချိန်၌ ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၏ရှယ်ယာများကို နိုင်ငံခြားသားများ စတင်ဝယ်ယူခွင့်ရမည်ဖြစ်သော်လည်း ကနဦးတွင် ပြည်တွင်းနေ နိုင်ငံခြားသားများသာ ထိုအခွင့်အရေးကို ရဦးမည်ဟုအိတ်ချိန်း၏ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရှယ်ယာဈေးကျဆင်းမှုနှင့်အရောင်းအဝယ်ပမာဏ ကျဆင်းမှုတို့နှင့် ရင်ဆိုင်နေရသည့် ရန်ကုန်စတော့အိတ်ချိန်းအတွက် နိုင်ငံခြားသားဝယ်လက်များကို လမ်းဖွင့်ပေးမည့် ထိုအချိန်ကို စာရင်းဝင်ကုမ္ပဏီများနှင့် အိတ်ချိန်းတာဝန်ရှိသူများက မျှော်လင့်ချက်ရှိစွာ စောင့်မျှော်နေခဲ့ကြသည်။ယခင်က မြန်မာကုမ္ပဏီများ၏ ရှယ်ယာများကို နိုင်ငံခြားသား ဝယ်ယူခွင့်ကို ကန့်သတ်ထားသဖြင့် စတော့အိတ်ချိန်းတွင် ပြည်ပသားများအရောင်းအဝယ် မလုပ်နိုင်ခဲ့သော်လည်းကုမ္ပဏီများဥပဒေအသစ်သည် မြန်မာကုမ္ပဏီများ၏ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားက ပိုင်ဆိုင်ခွင့် ပေးလိုက်သဖြင့် ယခုကဲ့သို့အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြည်တွင်းနေ နိုင်ငံခြားသားများအတွက် ရှယ်ယာအရောင်းအဝယ်လုပ်နိုင်ရန်မှာမူ အဆင်သင့်ဖြစ်နေပြီဟုလည်း၎င်းက ယခုလ ၂ ရက်က ပြောသည်။ထိုကိစ္စနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းအသေးစိတ်ကိုမူ ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်ချိန်တွင် ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးကြီးကြပ်မှုကော်မရှင်က အမိန့်ကြေညာချက် ထုတ်ပြန်ပေးမည်ဟု ၎င်းကပြောသည်။

''ပြည်ပမှာရှိနေတဲ့ နိုင်ငံခြားသားတွေ ဝယ်ယူလို့ရဖို့အတွက်က ဗဟိုဘဏ်နဲ့ ချိတ်ဆက်ရမယ့် အပိုင်းလေးတွေ ရှိနေတယ်။ တဖြည်းဖြည်းတော့ တစ်ဆင့်ချင်းလုပ်သွားရမှာပါ''ဟု ၎င်းကပြောသည်။ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ငါးခုစလုံး၏ ရှယ်ယာအရောင်းအဝယ်သည် ပြီးခဲ့သည့်ဧပြီလတွင် ရှယ်ယာအစုရေ ၁၅၃,ဝဝဝ ကျော်ရှိပြီး တန်ဖိုးကျပ် ၈၇၅ သန်းကျော်၊ မေလတွင် အစုရေ ၁,၅၈,ဝဝဝ ခန့်ရှိကာ တန်ဖိုးကျပ် ၈၆၉ သန်းကျော်နှင့် ဇွန်လတွင် အစုရေ ၁၃၁,ဝဝဝ ကျော်ရှိပြီး တန်ဖိုးကျပ် ၆၆၆ သန်းကျော်ရှိသည်ဟု တရားဝင်စာရင်းဇယားများအရ သိရသည်။ ထို့ကြောင့် အရောင်းအဝယ်ဖြစ်မှုနှုန်း ထိုသုံးအတွင်း တဖြည်းဖြည်းကျဆင်းလာသည့်သဘောဖြစ်သည်။

''ကုမ္ပဏီရဲ့ လုပ်ငန်းတွေ ထပ်ပြီးတိုးချဲ့နိုင်ဖို့အတွက်က ရင်းနှီးမြှုပ်နှံမှု များများတက်လာဖို့ လိုအပ်တယ်။ လက်ရှိရှယ်ယာဈေးကွက်က အားကောင်းတဲ့အနေအထားတစ်ခု ရောက်မလာသေးတဲ့အတွက် နိုင်ငံခြားသားတွေ ရှယ်ယာဝယ်ယူခွင့်ဟာမျှော်လင့်ချက်တစ်ရပ်အဖြစ် စောင့်နေ ရပါတယ်။ အဲဒီလို ရောင်းနိုင်ဖို့လည်းကြိုပြီးပြင်ဆင်ထားပါတယ်''ဟုအက်ဖ်အမ်အိုင်၏ အမှုဆောင်ဒါရိုက်တာနှင့် ဘဏ္ဍာရေးအရာရှိချုပ် ဦးထွန်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းသည်စာရင်းဝင်ကုမ္ပဏီ နည်းပါးနေသလို အရောင်းအဝယ်လုပ်ကိုင်သူလည်း နည်းပါးနေသေးရာ နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့်ရရှိမှုသည် အရောင်းအဝယ် မြင့်တက်လာရေးနှင့် အရင်းအနှီးဈေးကွက် ကျယ်ပြန့်လာရေးအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်နိုင်သည်ဟုလည်း ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးကြီးကြပ်မှု ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service