ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ်

ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
5 Jul 2018 11:41 am တွင် တင်ခဲ့သည်
2276 ကြိမ် ကြည့်ရှု့ပြီး
ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့တော်အနီးတွင် စမတ်မြို့တော်သစ်ကြီးကို ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် အကုန်အကျခံ ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းမြို့တော်ကြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်ခန့်တွင် စတင်မည် ဖြစ်သည်။

အဆိုပါမြို့တော်သစ်ကြီး ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍနှင့် လည်ပတ်ခြင်းဆိုင်ရာ ကဏ္ဍများအတွက် ကုမ္ပဏီများစွာက လေလံဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်လျက်ရှိနေကြပြီ ဖြစ်သည်။

စီမံကိန်းကို ဦးဆောင်မည့် developer များမှာ BCDA Group နှင့် Surbana Jurong တို့ဖြစ်ပြီး New Clark City ဟု အမည်ပေးမည့် မြို့တော်သစ်ကြီး၏ အခြေခံအဆောက်အအုံများကို ပုဂ္ဂလိက- အစိုးရ ပူးပေါင်းသည့် ပုံစံဖြင့် အကောင်အထည်ဖော်သွားမည်ဟု Business Insider တွင်လည်း ဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်၊ မနီလာမှ ၇၅ မိုင်ခန့်အကွာတွင် တည်ရှိမည့် အဆိုပါစီမံကိန်းသည် စတုရန်းမိုင်ပေါင်း ၃၆ မိုင်ခန့်အထိ အကျယ်အဝန်းရှိမည်ဖြစ်ပြီး လူဦးရေ ၂ သန်းခန့်အထိ နေထိုင်နိုင်မည့် မြို့တော်ကြီးဖြစ်လာမည် ဖြစ်သည်။

မြို့တော်ကြီးတွင် မောင်းသူမဲ့လေယာဉ်များ၊ မောင်းသူမဲ့ကားများ များစွာတွေ့မြင်ရမည်ဖြစ်ပြီး ရေနှင့် စွမ်းအင်များကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် နည်းပညာများ အသုံးပြုသွားမည်ဖြစ်ကြောင်း developer တို့က ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် မနီလာသည် လူဦးရေအလွန်ထူထပ်လှကာ ကားလမ်းပိတ်ဆို့မှုဖြင့် နာမည်ကျော်သည်။

Waze ကုမ္ပဏီက ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ မနီလာသည် ကမ္ဘာပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးအဖြစ် ရပ်တည်နေသည်။

ကားများအပေါ်တွင် အလွန်မှီခိုနေရသော မနီလာမြို့တော်မှာ လေထုညစ်ညမ်းမှု ပြဿနာနှင့်လည်း ရင်ဆိုင်ရလာရခြင်းကြောင့် ယခုကဲ့သို့ မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ်လာရခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်တွင် ကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျမည့် စမတ်မြို့တော်သစ်ကြီး ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service