တန်ဖိုးနည်းအိမ်ရာများ ပိုမိုတင်ပြကြရန် developer များအား ကမ္ဘောဒီးယားအစိုးရ မက်လုံးပေးနေ

တန်ဖိုးနည်းအိမ်ရာများ ပိုမိုတင်ပြကြရန် developer များအား ကမ္ဘောဒီးယားအစိုးရ မက်လုံးပေးနေ - Property News in Myanmar from iMyanmarHouse.com
5 Jul 2018 10:45 am တွင် တင်ခဲ့သည်
2146 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားအစိုးရက developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအား တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ပိုမိုအဆိုပြုတင်ပြကြရန် မက်လုံးတစ်လှေကြီးဖြင့် အလဲအလှယ်လုပ်ကာ တိုက်တွန်းညွှန်ကြားနေကြောင်း သိရသည်။

ကမ္ဘောဒီးယားစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအသုံးစရိတ်ဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး လွေနာအွန်က မြို့တော်ဖနွမ်းပင်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ developer များအား ထိုသို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နွမ်းပါးတဲ့ပြည်သူတွေအနေနဲ့ သင့်တင့်တဲ့ အိမ်တွေ ဝယ်ယူနိုင်စေဖို့နဲ့ သူတို့ဘဝတွေကို တိုးတက်စေဖို့ပါ" ဟု သူက Khmer Times ကမ္ဘောဒီးယားသတင်းစာသို့ ပြောကြားခဲ့သည်။

အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာများအား ဇူလိုင်လ ၂၀ ရက် နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားရှိ developer များသည် ယင်းသို့အဆိုပြုလွှာများတင်ခြင်းအားဖြင့် ဆောက်လုပ်ရေးလုပ်ထုံးလုပ်နည်းများနှင့် စီးပွားရေးလိုင်စင်ခွင့်ပြုချက်များ
ကဲ့သို့သော ဗျူရိုကရက်တစ်လုပ်ငန်းစဉ်များတွင် လျင်မြန်သော အထောက်အပံ့နှင့် အခွန်လျှော့ပေါ့သက်သာခွင့်များ အပါအဝင် ခံစားခွင့်များစွာ ရရှိနိုင်မည်ဖြစ်သည်။

၎င်းခံစားခွင့်များ ရရှိနိုင်ရန်အတွက် အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီဘက်မှ အိမ်ခန်း တစ်ခန်းလျှင် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ မှ ၃၀,၀၀၀ အကြား တန်ဖိုးရှိသော အိမ်ခန်းအရေအတွက် အနည်းဆုံး ၁၀၀ ဆောက်လုပ်
ရောင်းချပေးရမည်ဖြစ်သည်။ အိမ်ရာတည်နေရာသည်လည်း ဖနွမ်းပင်ကို ဗဟိုပြု၍ ၂၀ ကီလိုမီတာပတ်လည်အတွင်း ဖြစ်ရမည်ဖြစ်သည်။

အိမ်ခန်းဝယ်ယူမည့်သူများအတွက် အတိုးနှုန်းသက်သာစွာဖြင့် အိမ်ချေးငွေများ ရရှိနိုင်ရန် ဘဏ်များနှင့် ချိတ်ဆက်မည့်အစီအစဉ်များကိုလည်း အစိုးရက စီမံပေးမည်ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service