အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Tiger Properties က ဒူဘိုင်းတွင် ကန်ဒေါ်လာ ၃ ဘီလီယံနီးပါးတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်း ၁၈ ခု အကောင်အထည်ဖော်မည်ဟုဆို

အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Tiger Properties က ဒူဘိုင်းတွင် ကန်ဒေါ်လာ ၃ ဘီလီယံနီးပါးတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်း ၁၈ ခု အကောင်အထည်ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Jul 2018 11:48 am တွင် တင်ခဲ့သည်
2155 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Tiger Properties သည် ဒူဘိုင်းတွင် ကန်ဒေါ်လာ ၃ ဘီလီယံနီးပါးတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်း ၁၈ ခု အကောင်အထည်ဖော်မည်ဖြစ်သည် ။

စီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံရှိမည်ဖြစ်ပြီး ဒူဘိုင်းနှင့် ရှားဂျာတို့တွင် ဖြန့်ကျက်အကောင်အထည် ဖော်သွားမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းများကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ကာ လာမည့်နှစ်နှစ်တာကာလအတွင်း အပြီးသတ်အကောင်အထည်ဖော် သွားမည် ဖြစ်သည်။

ပင်လယ်ကွေ့သတင်းအမည်ရှိ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ပထမဆုံးစီမံကိန်းကို The Square ဟု အမည်ပေးထားသည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းမှာ လူနေခန်းပေါင်း ၄၀၀ ပါဝင်မည့် လူနေစီမံကိန်းတစ်ရပ်ဖြစ်ကာ ယခုနှစ်အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်း ၁၂ ခုအနက် ပထမဆုံးအကောင်အထည်ဖော်မည့် စီမံကိန်းလည်း ဖြစ်သည်။

ယခုနှစ်အတွင်း အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် လူနေခန်းပေါင်း ၂၀၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သောနှစ်အတွင်း Tiger Properties က လူနေခန်းပေါင်း ၂၀၀၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ပြီး အရောင်းနှင့် အငှားဈေးကွက်သို့ တင်ပို့ခဲ့ပြီး ဖြစ်သည်။

ယခုလျာထားသည့် စီမံကိန်း ၁၈ ခုအနက် ၁၃ ခုကို ဒူဘိုင်းတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ရှားဂျာတွင် စီမံကိန်း ၅ ခု အကောင်အထည်ဖော်မည် ဖြစ်သည်။

Tiger Properties ကို အာရပ်စော်ဘွားများပြည်ထောင်စုတွင် ၁၉၇၇ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ကာ ကန်ထရိုက်တာ ကုမ္ပဏီတစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ကန်ထရိုက်တာလုပ်ငန်းများအပြင် စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ပညာရေးနယ်ပယ်များတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့သည်။

သို့ရာတွင် Tiger Properties ၏ အဓိကလုပ်ငန်းမှာ အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍဖြစ်ပြီး စီမံကိန်းပေါင်း ၂၀၀ ကျော် အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ကာ ကြမ်းခင်းဧရိယာ စတုရန်းပေ ၇၉ သန်းရှိသည့် လူနေခန်းပေါင်း ၂၃၀၀၀ ကျော် ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Tiger Properties က ဒူဘိုင်းတွင် ကန်ဒေါ်လာ ၃ ဘီလီယံနီးပါးတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်း ၁၈ ခု အကောင်အထည်ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် developer ဖြစ်သော Tiger Properties က ဒူဘိုင်းတွင် ကန်ဒေါ်လာ ၃ ဘီလီယံနီးပါးတန်ကြေးရှိ ဆောက်လုပ်ရေးစီမံကိန်း ၁၈ ခု အကောင်အထည်ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service