မန္တလေးမြို့ နှင့် ရန်ကုန်မြို့ တွင် တပြိုင်တည်းကျင်းပမည့် ဂရမ်အမည်ပေါက် လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး

မန္တလေးမြို့ နှင့် ရန်ကုန်မြို့ တွင် တပြိုင်တည်းကျင်းပမည့် ဂရမ်အမည်ပေါက် လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
4 Jul 2018 10:35 am တွင် တင်ခဲ့သည်
2495 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com မှ ကြီးမှူး၍ KT Construction ၏ မန္တလေးမြို့ ရှိ လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများအား လာမည့် ဇူလိုင်လ ၇ နှင့် ၈ ရက်နေ့များတွင် အရောင်းပြပွဲတစ်ရပ်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးတောင်အနီးရှိ ရွှေနန်းတော် လုံးချင်းအိမ်ရာ ၊ မန္တလေးဆိုင်ကယ်ပွဲစားတန်းအနီးရှိ ချယ်ရီ ဗီလာလုံးချင်းအိမ်များ နှင့် မန္တလေးမြို့  ၊ ပုသိမ်ကြီးလမ်းမပေါ်ရှိ KT Business Complex ရှိ ဆိုင်ခန်းများအား အထူးနှုန်းထားများဖြင့် ရောင်းချသွားမည် ဖြစ်သည်။

အဆိုပါအရောင်းပြပွဲကြီးအား မန္တလေးမြို့ ရှိ KT Construction ၏ ရုံးခန်းဖြစ်သည့် ၃၅ လမ်း နှင့် ၆၉ လမ်းထောင့် ၊ ချမ်းအေးသာဇံမြို့နယ် နှင့် iMyanmarHouse.com ၏ ရုံးချုပ်နေရာ MAC Tower ၁၁ လွှာ ၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတား ၊ ရန်ကုန်မြို့ တို့တွင် ကျင်းပသွားမည် ဖြစ်သည်။

"ကျွန်တော်တို့ iMyanmarHouse.com မှ ရန်ကုန်မှာ အိမ်ခြံမြေအရောင်းပြပွဲကြီးများကို နှစ်စဉ်ကျင်းပလျှက်ရှိပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုချင်းစီအတွက် သီးသန့်အထူးအရောင်းပြပွဲများကို အပတ်စဉ်တိုင်း ကျင်းပပြုလုပ်ပေးပါတယ်။ မန္တလေးက ဝယ်ချင်သူများကလည်း တောင်းဆိုထားတာတွေ ရှိလာလို့ ယခုလိုအရောင်းပြပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။ အခုပွဲမှာ KT Construction မှ ဆောက်လုပ်တဲ့ စီမံကိန်း ၃ ခု ကို ကနဦးအနေနဲ့ ရောင်းချပေးမှာပါ။ မန္တလေးမှာ ရှိကြတဲ့ မိတ်ဟောင်းမိတ်သစ်များအား လာရောက်ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။" ဟု အရောင်းပြပွဲစီစဉ်ကျင်းပပေးတဲ့ iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

အရောင်းပြပွဲကြီးအား မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီး စာရင်းပေးသွင်းထားကြောင်း ပြသနိုင်ပါက အထူးနှုန်းဖြင့် လျှော့ပေးမည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။

♦️♦️♦️ အရောင်းပြပွဲ အသေးစိတ်အစီအစဉ်
? 7 & 8 July 2018 (စနေ၊ တနင်္ဂနွေ)။
⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
? (၁): KT Construction ရုံးခန်း - ၃၅ လမ်း နှင့် ၆၉ လမ်းထောင့် ၊ ချမ်းအေးသာဇံမြို့နယ် ၊ မန္တလေးမြို့။
? (၂): iMyanmarHouse.com ရုံးခန်း - MAC Tower ၁၁ လွှာ ၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတား ၊ ရန်ကုန်မြို့။

♦️♦️♦️ စာရင်းပေးသွင်းပြီး တက်ရောက်မှသာ ပြပွဲအတွင်း အထူး Discount များရရှိပါမည်။

အသေးစိတ်ကြည့်ရန် နှင့် စာရင်းပေးတက်ရောက်ရန် ⤵⤵⤵
https://bit.ly/2KyOurA

☎️ 09-455294841 ~ 5

iMyanmarHouse.com
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မန္တလေးမြို့ နှင့် ရန်ကုန်မြို့ တွင် တပြိုင်တည်းကျင်းပမည့် ဂရမ်အမည်ပေါက် လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
မန္တလေးမြို့ နှင့် ရန်ကုန်မြို့ တွင် တပြိုင်တည်းကျင်းပမည့် ဂရမ်အမည်ပေါက် လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
မန္တလေးမြို့ နှင့် ရန်ကုန်မြို့ တွင် တပြိုင်တည်းကျင်းပမည့် ဂရမ်အမည်ပေါက် လုံးချင်းအိမ်နှင့် လူနေဆိုင်ခန်းများ အထူးအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service