အင်္ဂလန်တွင် အိမ်ငှားများကိုအနည်းဆုံး ၃ နှစ်စာချုပ်ဖြင့် ငှားရမ်းပေးရမည့် ဥပဒေချမှတ်ရန်စီစဉ်လျက်ရှိရာ အိမ်ခြံမြေပိုင်ရှင်များ အမျက်ထွက်

အင်္ဂလန်တွင် အိမ်ငှားများကိုအနည်းဆုံး ၃ နှစ်စာချုပ်ဖြင့် ငှားရမ်းပေးရမည့် ဥပဒေချမှတ်ရန်စီစဉ်လျက်ရှိရာ အိမ်ခြံမြေပိုင်ရှင်များ အမျက်ထွက် - Property News in Myanmar from iMyanmarHouse.com
3 Jul 2018 12:02 pm တွင် တင်ခဲ့သည်
2535 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်တွင် အိမ်ငှားများကို အနည်းဆုံး ၃ နှစ်စာချုပ်ဖြင့် ငှားရမ်းပေးရမည့် ဥပဒေချမှတ်ရန် စီစဉ်လျက်ရှိရာ အိမ်ခြံမြေပိုင်ရှင်များ အမျက်ထွက်လျက်ရှိကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုကဲ့သို့ ၃ နှစ်အနည်းဆုံးသက်တမ်းသတ်မှတ်ချက်သည် အိမ်ငှားများအတွက် လုံခြုံမှုပိုမိုရရှိမည်ဟု အစိုးရဘက်က ထုတ်ပြန်ထားခဲ့ပြီး အိမ်ရှင်အများစုကမူ အဆိုပါသတ်မှတ်ချက်ကို မလိုလားကြချေ။

ယခုချမှတ်ရန် စီစဉ်နေသည့်ဥပဒေအရ အိမ်ငှားများကို အနည်းဆုံး ၃ နှစ်ငှားရမ်းရမည်ဖြစ်ပြီး အကယ်၍ အိမ်ငှားများက မနေလိုတော့လျှင်လည်း ပြောင်းရွှေ့ခွင့်ပြုရမည်ဟု ဆိုသည်။

အဆိုပါဥပဒေကို တင်သွင်းရန် စီစဉ်ခဲ့သူမှာ ဒေသတွင်း အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဂျိမ်းစ် ဘရုတ်ကင်ရှိုင်းယားဖြစ်ပြီး အိမ်ရှင်များက အိမ်ငှားများကို အချိန်အနည်းငယ်သာ ကြိုတင်အသိပေးကာ မောင်းထုတ်နေခြင်းများ လျော့ပါးစေမည်ဖြစ်ကြောင်း မစ္စတာ ဂျိမ်းစ်က ပြောကြားသည်။

အင်္ဂလန်နှင့် ဝေလပြည်တို့တွင် အိမ်ငှားရမ်းမှု အများစုမှာ ၆ လ (သို့မဟုတ်) ၁၂ လ ငှားရမ်းသည့် စနစ်ဖြစ်သည်။

လက်ရှိငှားရမ်းမှုများတွင် အိမ်ရှင်များအနေဖြင့် ကျိုးကြောင်းတစုံတရာရှင်းပြခြင်းများ မပြုဘဲ အိမ်ငှားများကို မောင်းထုတ်ခြင်းများ ရှိနေသည်။

ကျောင်းသားများနှင့် ပတ်သက်သည့် ငှားရမ်းနေထိုင်မှုမျိုးတွင် ယခုစည်းမျဉ်းအား ကင်းလွတ်ခွင့် ပြု၊မပြုကိုမူ ဆက်လက်ဆွေးနွေးကြဦးမည် ဖြစ်သည်။

“အိမ်ငှားတွေ မောင်းထုတ်ခံရမယ်ဆိုရင် ကလေးတွေအတွက် ကျောင်းသစ်တွေ လိုက်လံရှာဖွေရတာကြောင့် ဒါက တရားမျှတမှု မရှိပါဘူး” ဟုလည်း မစ္စတာ ဂျိမ်းစ်က ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service