ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3 Jul 2018 11:40 am တွင် တင်ခဲ့သည်
2302 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ကမ်းလွန်ရှိ ဂရိတ်ကျွန်းကို ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။

Darien တွင် တည်ရှိပြီး ၆၃ ဧက ကျယ်ဝန်းသည့် ဂရိတ်ကျွန်းကို မူလက ဈေးကွက်တင်ခဲ့သည့် ဈေးနှုန်းအောက် ကန်ဒေါ်လာ ၅၅ သန်းခန့် ဈေးလျှော့ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ကွန်နက်တီကပ်ပြည်နယ်၏ ကမ်းရိုးတန်းဒေသသည် အမေရိကန်ပြည်ထောင်စုတွင် ဈေးအကြီးဆုံး နေအိမ်များ တည်ရှိရာ ဒေသအဖြစ်လည်း နာမည်ကျော်သည်။

သို့ရာတွင် ၆၃ ဧကအကျယ်အဝန်းရှိသည့် ဂရိတ်ကျွန်းကို ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် ဈေးကွက်တင်ခြင်းမှာ အမေရိကန်ပြည်တွင် ရောင်းချခဲ့ဖူးသမျှ အိမ်ခြံမြေအားလုံးအနက် ဈေးအကြီးမားဆုံးအရောင်းအဝယ်များတွင် တစ်ခုအပါအဝင် ဖြစ်လာမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်း ဟမ့်ပ်တန်မြို့ ရှိ လူနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၄၇ သန်းဖြင့် ရောင်းချခဲ့မှုမှာ အမေရိကတွင် ဈေးအကြီးဆုံး လူနေအိမ်အဖြစ် စံချိန်တင်ထားသည်။

ဂရိတ်ကျွန်းတွင် ပါဝင်သည့် အဆောက်အအုံများအနက် ပင်မနေအိမ်တွင် အိပ်ခန်း ၉ ခန်း ပါဝင်ပြီး ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ စတုရန်းပေ ၁၃၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

ကျွန်းနှင့် ကုန်းမကြီးကို Rings End အမည်ရှိ ကုန်းမြေလမ်းဖြင့် ဆက်သွယ်ပေးထားသည်။

မုန့်ဖုတ်မှုန့် လုပ်ငန်းရှင်ဝီလျံ ဇက်ဂ်လာက ယခုကျွန်းကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် ဝယ်ယူခဲ့ပြီး နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့သည်။

ယခုအခါ ဇက်ဂ်လာ၏ အမွေခံများက အရောင်းဈေးကွက်တင်လာခဲ့ခြင်း ဖြစ်သည်။

ကျွန်းပေါ်တွင် မြင်းဇောင်း ၁၈ ခု ပါဝင်ပြီး နယူးယောက်မြို့ ၏ အရှေ့ မြောက်ဘက် မိုင် ၅၀ ခန့် အကွာတွင် တည်ရှိသည်။

ဂရင်း ပရီအသွင် မြင်းပြေးလမ်းများလည်း ဖောက်လုပ်ထားသည်။

ပင်မနေအိမ်၏ အခန်းတိုင်းမှတဆင့် လောင်းအိုင်းလန်းဒေသတခွင်တပြင်၏ ရှုမျှော်ခင်းများကို တွေ့မြင်နေရသည်။

မျက်နှာကျက်များမှာ ၁၅ ပေအမြင့်ခန့်အထိရှိပြီး မီးလင်းဖို ၇ ခုလည်း ပါဝင်သည်။

ကိုယ်ပိုင်သီးသန့် ပင်လယ်ကမ်းခြေတွင် ရွက်လှေဆိပ်တစ်ခု တွေ့ရ၏။

ကျွန်းပေါ်တွင် ၁၈၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် ကိုလိုနီဗိသုကာလက်ရာ နေအိမ်တစ်လုံး၊ အစောင့်နေအိမ်တစ်လုံး၊ ပင်လယ်ကမ်းခြေတွင် နေအိမ်တစ်လုံးနှင့် ကမ်းခြေဆီတွင် လှေသိုလှောင်ရုံများ တွေ့ရသည်။

ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၁၂၀ ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Houlihan Lawrence Private Brokerage မှ အိမ်ခြံမြေအကျိုးဆောင် ဒေးဗစ် တာနာ ဖြစ်သည်။

ဒေးဗစ်တာနာသည် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း ဒေးဗစ် ရော့ခ်ဖဲလား၏ ကျေးလက်စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၃ သန်းဖြင့် ရောင်းချပေးခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကွန်နက်တီကပ်ပြည်နယ်တွင် ၆၃ ဧကအကျယ်အဝန်းရှိသော ဂရိတ်ကျွန်း ကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service