အက်ဖ်အမ်အိုင် ကုမ္ပဏီက ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀ နှုန်းဖြင့် အမြတ်ဝေစုခွဲပေးမည်

အက်ဖ်အမ်အိုင် ကုမ္ပဏီက ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀ နှုန်းဖြင့် အမြတ်ဝေစုခွဲပေးမည် - Property News in Myanmar from iMyanmarHouse.com
3 Jul 2018 10:39 am တွင် တင်ခဲ့သည်
2706 ကြိမ် ကြည့်ရှု့ပြီး
FMI ကုမ္ပဏီက ပြီးခဲ့ သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အမြတ်ငွေ ကျပ် ဘီလီယံ ၂၀၀ ရရှိ၍ ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၁၀၀ ပေးအပ် မည်ဟု ထုတ်ပြန်ကြေညာသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် အမြတ်ဝေစု ပေးမည်ဟု ထုတ်ပြန်ထားသည့် ကုမ္ပဏီလေး ခုအနက် အမြတ်ဝေစု အနည်းဆုံးခွဲဝေပေးသည့် ကုမ္ပဏီဖြစ် ကြောင်း စတော့ရှယ်ယာရှင်များ က ပြောသည်။

‘‘အမြတ်ဝေစုအပြင် သူက ရှယ်ယာဝေစု အပိုဆောင်းလည်း ပေးပါသေးတယ်’’ဟု စတော့ရှယ် ယာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများအနက် အ မြတ်ဝေစုထုတ်ပေးရာတွင် သီလ ဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) က ရှယ်ယာတစ်စုကို အမြတ်ဝေစု ကျပ် ၂၃၀၊ တယ်လီကွန်းကုမ္ပဏီ TMH က အမြတ်ဝေစု ကျပ် ၂၀၀၊ ပထမပုဂ္ဂလိကဘဏ်က ကျပ် ၂,၀၀၀ဖြစ်သည်။

ထိုသို့ ဝင်ငွေတိုးတက်လာ ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ် ထက် အမြတ်ငွေ ၂၇ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုအမြတ်ရခဲ့သည်ဟု FMI ကုမ္ပဏီက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကုမ္ပဏီဝင်ငွေတိုးလာခြင်း သည် ရိုးမဘဏ်နှင့် ပန်းလှိုင်ဆေး ရုံကြောင့်ဖြစ်ပြီး အမြတ်ဝေစုအ ပြင် ရှယ်ယာအစု ၂၀ တိုင်းအ တွက် အပိုဆောင်းရှယ်ယာတစ်စု ပါပေးမည်ဟု ကုမ္ပဏီက ဆိုထား သည်။

‘‘ကျွန်တော်တို့ရဲ့ ပန်းတိုင် ကတော့ မြန်မာနိုင်ငံမှာ စံနမူနာ ပြထိုက်ပြီး အရည်အသွေးမြင့်မား သော ထုတ်ကုန်နှင့် ဝန်ဆောင်မှု များကို အလေးထားတဲ့ စွမ်း ဆောင်ရည်မြင့်မားသော လုပ်ငန်းစုကြီးတစ်ခုဖြစ်လာရန် ရည်ရွယ် ထားပါတယ်’’ဟု FMI ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။

FMI ကုမ္ပဏီသည် ယခုနှစ် အတွင်း ကုမ္ပဏီမှ ၁၂ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် Penisula Resi-dences Yangon နှင့် စင်ကာပူ နိုင်ငံ စတော့အိတ်ချိန်းစာရင်းဝင် Memories Group လီမိတက်ကို စတင်ထားနိုင်ကြောင်း ဆိုသည်။

အဆိုပါ အမြတ်ဝေစုများ ခံစားခွင့်ရှိရန် ရှယ်ယာရှင်များ သည် ဩဂုတ် ၂၀ ရက် နောက် ဆုံးထား၍ ရှယ်ယာများအရောင်း အဝယ်ပြုလုပ်ရမည်ဟု ဆိုထား သည်။ ဇူလိုင် ၂ ရက်တွင် ရန်ကုန် စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ သည် အစုရှယ်ယာတစ်စုလျှင် ကျပ် ၁၂,၀၀၀၊ MTSH ကုမ္ပဏီက ကျပ် ၃,၁၀၀၊ ပထမပုဂ္ဂလိက ဘဏ်က ၂၃,၀၀၀ နှင့် TMH က ကျပ် ၂,၉၅၀ ပေါက်ဈေးရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service