စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ယခုနှစ် ပထမနှစ်ဝက်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်

စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများ ယခုနှစ် ပထမနှစ်ဝက်အတွင်း ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
3 Jul 2018 10:24 am တွင် တင်ခဲ့သည်
2323 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူရှိ ပုဂ္ဂလိကအိမ်ဈေးများသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် ပထမသုံးလပတ်ထက် ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်နှုန်းဖြင့် ဆက်လက်မြင့်တက်ခဲ့ကြောင်း စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) မှ ယမန်နေ့ (ဇူလိုင် ၂) တွင် ထုတ်ပြန်ခဲ့သော ဈေးနှုန်းညွှန်းကိန်းအရ သိရသည်။

"ဒါဟာ ၂၀၁၇ တတိယသုံးလပတ်ကတည်းက လေးကြိမ်ဆက်တိုက်မြင့်တက်တဲ့ သုံးလပတ်ပဲ ဖြစ်ပါတယ်" ဟု အမေရိကန်အခြေစိုက် ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီ ERA Realty ၏ အဓိကတာဝန်ခံအရာရှိ ယူဂျင်းလင်မ်က ပြောကြားခဲ့သသည်။

စင်္ကာပူပုဂ္ဂလိကအိမ်ဈေးများသည် ယခုနှစ် ပထမသုံးလပတ်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်းဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပထမနှစ်ဝက်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်းခန့်ဖြင့် မြင့်တက်ခဲ့ကြောင်းလည်း သူက ပြောကြားခဲ့သည်။

ဈေးကွက်အဟုန် အလွန်ကောင်းမွန်ဆဲဖြစ်သည်နှင့်အညီ ဈေးနှုန်းဆက်လက်မြင့်တက်မည်ဟုခန့်မှန်းရကြောင်းလည်း သူက ပြောကြားခဲ့သည်။

သို့သော် အတိုးနှုန်းမြင့်တက်မှုနှင့် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ခြေတို့က စင်္ကာပူအိမ်ခြံမြေဈေးကွက်ပြန်လည်နာလန်ထူမှုကို နှေးကွေးစေနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သေးသည်။

ပုဂ္ဂလိကအိမ်ဈေးကွက်၏ ကဏ္ဍအားလုံးသည် ဒုတိယသုံးလပတ်တွင် ဈေးနှုန်းမြင့်တက်ခဲ့ကြကြောင်း URA ၏ အချက်အလက်များက ဖော်ပြခဲ့သည်။

အာရှအိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ဒ် PropertyGuru ၏ လုပ်ငန်းအရာရှိချုပ် လူးဝစ်နန်ကလည်း "အိမ်ခြံမြေဈေးကွက်က ဝယ်လက်တွေရဲ့ ဝယ်လိုအားမြင့်မားမှုရယ် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) တွေရဲ့ အင်တိုက်အားတိုက်မြေယာလေလံဆွဲမှုတွေကြောင့် အခြေအနေ ဆက်ကောင်းနေပါတယ်" ဟု ပြောကြားခဲ့သည်။

နန်က ၂၀၁၈ ခုနှစ်အတွင်း အိမ်ခြံမြေဈေးများ ထပ်မံမြင့်တက်နိုင်ကြောင်းလည်း ခန့်မှန်းခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service