ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့

ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
2 Jul 2018 12:30 pm တွင် တင်ခဲ့သည်
3763 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ့စီးပွားရေး ကျဆင်းနေတယ်ဆိုတာကို လက်တွေ့အခြေအနေအရရော၊ ကိန်းဂဏန်း အချက်အလက်တွေအရရော ငြင်းလို့မရတော့ပဲ လက်ခံလိုက် ရတဲ့ အချိန်မှာ သက်ဆိုင်ရာပိုင်းက မြန်မာ့စီးပွားရေးအတွက် တာဝန်ရှိသူတွေဟာ ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ မှုတွေကို မကြာခဏပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် အဆင့်ကနေ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးအထိ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ခဲ့ရပေမယ့်လည်း မြန်မာ့စီးပွားရေးက ထင်သလောက် မဖြစ်တဲ့အပြင် ရပ်နေတယ်လို့တောင်ပြောလို့ရပါတယ်။

အခုဆိုရင် ဘအေးတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ မြင်သာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တာပြိုတာပဲ မြင်ခဲ့ပေမယ့် တကယ်တမ်းဆိုရင် မမြင်ရနိုင်တဲ့ မီးခိုးမထွက်တဲ့ စက်ရုံလို့ တင်စားထားတဲ့ ၀န်ဆောင်မှုကိုသာ အဓိကထားပြီး နိုင်ငံခြားဝင်ငွေ ရှာပေးတဲ့ ခရီးသွားလုပ်ငန်းလိုမျိုးတွေက အရင် ရပ်ကုန်ခဲ့တာကြောင့်လက်တလော အခြေအနေမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်း အမီလိုက်နိုင်ဖို့ဆိုတာ မလွယ် သေးပါဘူး။

နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဘာတွေ လုပ်ဖို့လိုမလဲဆိုတဲ့ မေးခွန်းကတော့ ကြိမ်းသေရှိလာမှာ ဖြစ် တာကြောင့် အဖြေလို့လည်း ပြောလို့ရတဲ့ အကြံပြုချက်တွေ ကို ဘအေးရဲ့ ဒီဆောင်းပါးမှာ ရေးသွားမှာဖြစ်ပါတယ်။

စီးပွားရေးဆိုတာ အခြေခံအားဖြင့် Deman ( ၀ယ် လိုအား ) နဲ့ Supply ( ရောင်းလိုအား )တို့ နှစ်ခုမျှခြေဖြစ်မှ သာ ဒီစီးပွားရေးဟာ ကောင်းမွန်မူမှန်တဲ့ စီးပွားရေးလို့ ဆိုနိုင် တာပါ။ ဒီနှစ်ခုထဲကမှ တစ်ခုခုကနေ များနေခြင်း၊ လျော့နည်း နေခြင်းမျိုး ဖြစ်နေပြီး ဒါကို ပြန်ပြီး မျှခြေမဖမ်းနိုင်ခင်ကာလ ကိုတော့ စီးပွားရေးမကောင်းတဲ့ ကာလလို့ ခေါ်ဆိုရမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့နေရ တဲ့ စီးပွားရေးလည်ပတ်နေမှုပုံစံက အခြေခံအားဖြင့် လက်ခံ ထားတဲ့ ဒီလို ပုံစံမဟုတ်ဘ Demand ရော Supply ပါ ကျဆင်းနေတဲ့ ထူးခြားလွန်းတဲ့ ပုံစံ ဖြစ်နေတာကို အံ့အားသင့် ဖွယ် တွေ့ရှိရပါတယ်။

Demand ဖက်က ကြည့်ရင်လည်း ချုပ်အပ်တစ် ချောင်းတောင် မထုတ်နိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ထုတ်ကုန် တွေအတွက် လိုအပ်တဲ့ သွင်းအားစုတွေကို နိုင်ငံခြားကသာ တင်သွင်းနေရမှု ၊ လိုက်နာဆောင်ရွက်ဖို့ ရိုးရှင်းလွယ်ကူပြီး အလုပ်ဖြစ်စေတဲ့ ဥပဒေ၊ နည်းဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းတွေ အားနည်းနေမှုတွေကြောင့် Transaction Cost တွေမှာ အပို ကုန်ကျနေမှုတို့အတွက် ထုတ်ကုန်ထုတ်နိုင်ခဲ့ရင်တောင် ကိုယ့် ထုတ်ကုန်က အရည်အသွေးတူ နိုင်ငံခြားကနေတင်သွင်းလာ တဲ့ ထုတ်ကုန်တွေထက် ဈေးကြီးမြင့်နေပါတယ်။

Supply ဖက်ကဆိုရင်တော့ လက်ရှိ အနိမ့်ဆုံး လုပ်ခ လစာနည်းပါးနေတဲ့နိုင်ငံ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါး နေသေးတဲ့နိုင်ငံ၊ မဖြစ်မနေလိုအပ်တာကို ၀ယ်ဖို့တောင် မနည်း ရုန်းကန်ရှာဖွေနေရတဲ့ နိုင်ငံတစ်ခုအနေနဲ့ ၀ယ်လိုအားမှာ အနုတ်ပြတယ်ဆိုတာ ထူးဆန်းတဲ့ အဖြစ်တော့ မဟုတ် ပါဘူး။ ဒါ့ကြောင့် အားလုံးကို သတ္တုချကြည့်လိုက်ရင် ဈေးကွက် စီးပွား ရေးကိုကျင့်သုံးပြီး ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့ မြန်မာနိုင်ငံ အဖို့ စီးပွားရေး ရပ်တန့်နေတာတို့၊ ကျဆင်းနေတာတို့ ဆိုတာ Damand ရော Supply ပါ ကျဆင်းနေလို့ဆိုတာ ထင်ထင်ရှား ရှားကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဟုတ်ပါပြီ။ ဖြစ်စဉ်ရဲ့ လက်သည် တရားခံ အကြောင်း အရင်း သိပြီဆိုရင် ဘာလုပ်ရမလည်းဆိုတဲ့ အဖြေက လွယ်ပါ တယ်။ လိုနေတဲ့ Demand ရော Supply ကိုပါ ဆွဲတင်ပြီး မျှခြေတစ်ခုဖြစ်အောင် ထိန်းသွားတာနဲ့ကို ရပါတယ်။ ဒါပေမယ့် ခက်နေတာက ဒီလိုအနာဖြစ်နေတာသိနေပြီ၊ ဒီအနာ အတွက် သောက်ဖို့ဆေးက ဘာလဲဆိုတာကိုလည်းသိနေပေ မယ့် ဒီဆေးကို ဘယ်လိုဖော်ရမှန်း မသိတာပဲဖြစ်ပါတယ်။ကိုယ်ပူရင် ကိုယ်ပူကျနိုင်တဲ့ဆေးမျိုးစုံရှိသလို အခုနာမကျန်း နေတဲ့ အမိမြေအတွက်လည်း ပြန်လည်နလန်ထကောင်းမွန် လာဖို့အတွက်ကလည်း ဆေးမျိုးစုံ ရှိနေမှာပါ။ ဒီလို အခြေအနေ မျိုးမှာ ဘအေးအနေနဲ့လည်း ချစ်တဲ့အမိမြေအတွက် အကုန် အကျသက်သာသော်လည်း တကယ်ထိထိရောက်ရောက် စွမ်း ဆောင်ပျောက်ကင်းနိုင်တဲ့ ဆေးတစ်ဖုံဖော်ထားတာလေးကို သက်ဆိုင်သူတွေ သိရှိနိုင်အောင် ပြောပြချင်ပါတယ်။

ဘအေး ဖော်ပေးထားတဲ့ ဆေးအမည်ကတော့... “အကြွေး” ဆိုတဲ့ ဆေးပဲဖြစ်ပါတယ်။ ဆေးနာမည်ကြားတာ နဲ့တော့ ကြွေးပူတင်မှာစိုးသူ၊ အကြွေးဆိုရင် ဆွမ်းကြွေး(ကျွေး) တောင်မသွားဘူးဆိုတဲ့ တို့မြန်မာတွေအတွက်တော့ တော် တော် နားခါးစေနိုင်ပါတယ်။ ဒါပေမယ့် အကြွေးဆိုတာ ယူ လည်း ယူတတ်မယ်၊ သုံးလည်းသုံး တတ်မယ်ဆိုရင် နောင်ရေး အတွက် ရတတ်အေးစေမယ့် နည်းလမ်းကောင်းတစ်ခုဆို တာကို ပြောပြပေးချင်ပါတယ်။

အခုဆိုရင် မြန်မာပြည်က ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ Home Loan (အိမ်ရာချေးငွေ) တွေကို စတင်ပြီး မိတ်ဆက် လာနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဘဏ်ကြီးတွေ ကိုယ် တိုင် ဒီ အိမ်ရာချေးငွေ တွေကို ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် ဆိုပြီး အရစ်ကျ ပြန်ဆပ်စနစ်နဲ့ ချေးပေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အပြင်လောကမှာ ပြောနေတဲ့ ဈေးတွက်သဘော တွက်ချက်မှုတွေအရ ဒီလိုဘဏ်ကနေ နှစ်ရှည်ချေးငွေနဲ့ ၀ယ် ယူတဲ့အခါမှာ ကိုယ်ကလစဉ် ဘဏ်က ချေးငွေကိုဆပ်ခဲ့လို့ သတ်မှတ် ကာလဖြစ်တဲ့ (၁၅)နှစ်ပြည့်သွားချိန်မှာ မိမိအိမ် အတွက် ပေးချေငွေစုစုပေါင်းဟာ အိမ်ဝယ်ယူစဉ်က တန်ဖိုး ထက် (၀.၇၅) ရာခိုင်နှုန်းလောက် ပိုကျသင့်နေတယ်ဆိုပြီး တွက်ချက်မှုတွေလည်း ရှိနေပါတယ်။ ဥပမာ- သိန်း ၅၀၀ နဲ့ ၀ယ်ယူထားတဲ့ အိမ်ဟာ ဘဏ်တိုးပါ ၁၅ နှစ်ပေးလိုက်ရတဲ့ အတွက်ကြောင့် သတ်မှတ်ကာလ ၁၅ နှစ်ပြည့်တဲ့ အချိန်မှာ မိမိပေးဆောင်ခဲ့တဲ့ ငွေအရေအတွက်ဟာ သိန်း ၈၅၀ လောက် ဖြစ်နေတာမျိုးပါ။ ဒါဟာ တကယ်လက်တွေ့မှာ အလုပ်မဖြစ် စေတဲ့ တွက်ချက်မှုတစ်ခုလို့ပဲ ဆိုပါရစေ။

ဒီနေရာမှာ ရှင်းပြချင်တာတစ်ခုကတော့ လာမယ့် ကာလ တစ်နှစ်ချင်းမှာ ဖြစ်ပေါ်လာမယ့် မြန်မာငွေတန်ဖိုး အတက်အကျ ဖြစ်မှု နဲ့ အိမ်ပိုင်မရှိလို့ သူတပါးအိမ်ငှားနေ ရလို့ လစဉ်ပေးနေရတဲ့ အိမ်ငှားခတွေပေါင်းပြီး ချေလိုက်မယ် ဆိုရင် ဒီကွာဟချက်ဟာ စာမတင်လောက်တဲ့ ကိစ္စတစ်ခုသာ သာပဲရှိပါတယ်။ တကယ်သေချာတာကတော့ နောင်လာမယ့် ၁၅ နှစ်မှာ သိန်း ၈၅၀ တန်ဖိုးရှိတဲ့ အိမ်တစ်လုံးကို မိမိတရား ၀င်ပိုင်ဆိုင်မယ်ဆိုတာကပဲ တန်ဖိုးရှိတဲ့ သေချာမှုတစ်ခုဖြစ် ပါတယ်။ ဒါ့ကြောင့် အထက်ကဆိုခဲ့သလို အလုပ်မဖြစ်စေတဲ့ တွက်ချက်မှုတွေကို ပြောနေသူတွေကို ပြန်မေးချင်တာက ကိုယ်ပိုင်နေစရာ အိမ်မရှိသေးပဲ သူများအိမ်ကို အိမ်ငှားခ တစ်လ တစ်သိန်းခွဲပေးနေ နေရတဲ့ သင့်မှာသာ လက်ထဲ သိန်း ၁၀၀ လောက်ရှိရင် သိန်း ၃၀၀ တန် တိုက်ခန်းတစ်ခန်းကို ဘဏ်ချေးငွေနဲ့ ၁၅နှစ် အရစ်ကျ ၀ယ် ၊မ၀ယ် ဆိုတာပါပဲ။

ဒီအိမ်ရာချေးငွေနဲ့ နောက်တစ်ခု တွက်လို့ရနိုင်သေးတာကတော့ ဥပမာ- လက်ထဲမှာ သိန်း ၅၀၀၀ ထောင်လောက် စုဆောင်းမိ နေသူ တစ်ယောက်ဟာ သိန်း ၅၀၀၀ တန် ကွန်ဒိုခန်းတစ်ခန်း ကို လက်ငင်းပေးပြီး ၀ယ်မလား။ သို့မဟုတ် ဘဏ်ကပေးမယ့် နှစ်ရှည်ချေးငွေနဲ့ ၀ယ်မှာလားဆိုတာပါ။ သေချာတာကတော့ လက်ငင်းပေးချေပြီးသာ ၀ယ်မယ်ဆိုရင် သူ့မှာ ရင်းနှီးလုပ်ကိုင် စားစရာ ငွေအရင်းအနှီး မရှိနိုင်တော့ပါဘူး။ အရင်းအနှီးလိုချင် ရင် မိမိဝယ်ထားတဲ့ ကွန်ဒိုအခန်းကို ဘဏ်မှာပေါင်ထားမှသာ ရနိုင်ပါလိမ့်မယ်။ ဘဏ်ဆီမှာပေါင်ရင်လည်း မိမိတိုက်ခန်း ရဲ့ ကာလတန်ဖိုးရဲ့ (၈၀)ရာခိုင်နှုန်းကိုပဲ ရာဖြတ်တန်ဖိုး သတ် မှတ်ပြီး အဲဒီ့တန်ဖိုးရဲ့(၄၀)ရာခိုင်နှုန်းကိုသာ ဘဏ်က ချေး ငွေ ထုတ်ပေးတာပါ။ အကြမ်းဖျင်းတွက်ကြည့်မယ်ဆိုရင် သိန်း ၅၀၀၀ တန် ကွန်ဒိုတစ်ခန်းကို ပိုင်ဆိုင်မှု ခိုင်မာလို့ ဘဏ်မှာ ပေါင်မယ်ဆိုရင်တောင် ချေးငွေက သိန်း ၁၆၀၀ လောက်ပဲ ရမှာဖြစ်ပါတယ်။ ဒါတောင် မရွေးခင်ကာလအတွင်းမှာ လစဉ် ပေးရမယ့် အတိုးရယ်၊ လိုအပ်တဲ့ စာရွက်စာတမ်းကိစ်္စတွေ၊ အာမခံကိစ္စတွေကို နှစ်စဉ်လုပ်ပေးနေရမယ့် ဒုက်္ခအပြင် ဘဏ် ချေးငွေကို သက်တမ်းတိုးရတဲ့ ဒုက်္ခ (ချေးငွေကို ဘဏ်မှာ ပြန်ထည့်ပေးပြီးမှ တဖန် ပြန်ထုတ်ရသည့် လုပ်ငန်းစဉ်)တွေ က ရှိပါသေးတယ်။

ဒီလိုမှမဟုတ်ဘဲ သိန်း ၅၀၀၀ တန် ကွန်ဒိုတစ်ခန်း ကို ဘဏ်ကနေ နှစ်ရှည်ချေးငွေနဲ့ ၀ယ်ယူမယ်ဆိုရင်တော့ လက်ငင်းငွေချေမှု (Down Payment) ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၁၅၀၀ ကိုပေးသွင်းရုံနဲ့ကို ဒီကွန်ဒိုမှာ တရားဝင် နေထိုင် နိုင်ပြီဖြစ်ပါတယ်။ ကျန်တဲ့ ၇၀ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၅၀၀ ကလည်း လုပ်ငန်းလုပ်ဖို့ ကိုယ်ပိုင်အရင်းအနှီး ဖြစ်စေပါတယ်။

ဒီဝယ်ယူမှု နှစ်မျိုးကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဘဏ်ချေးငွေ နဲ့ ၀ယ်ယူခြင်းဟာ ပထမအချက်အနေနဲ့ ကိုယ်လုပ်မယ့် လုပ် ငန်းအတွက် အရင်းအနှီးငွေကို ဘဏ်က အတိုးပေးပြီးချေးစရာ မလိုတော့ပါဘူး။ ဒုတိယအချက်အနေနဲ့ ကိုယ့်အခန်းပေါင်ပြီး ဘဏ်ကငွေချေးရင် မိမိပိုင်ဆိုင်မှုတန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်း လောက်သာ ချေးငွေရနိုင်ပေမယ့်လည်း ဘဏ်ချေးငွေနဲ့ အိမ်ဝယ်မယ်ဆိုရင်တော့ လုပ်ငန်းလုပ်ဖို့အတွက် ဘဏ်ကနေ မိမိပိုင်ဆိုင်မှုတန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်း ချေးယူနိုင်မယ့် သဘော ပါပဲ။

တတိယအချက်ကလည်း ဘဏ်ကနေ ကွန်ဒိုဝယ်ယူဖို့ချေး ထားတဲ့ ငွေကလည်း နောင်များမှာ ဖြစ်လာနိုင်မယ့် ဘဏ် တိုးနှုန်းလျှော့ချမှုနဲ့ အကျုံးဝင်စွာ သက်သာခွင့်ရှိနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် စာဖတ်သူတွေအနေနဲံ့သာနူသညေ ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေက ဘာတွေရှိတယ် ဆိုတာကို မြင်နိုင်လောက်မယ်ထင်ပါတယ်။

နောက်အကြွေးနဲ့ ၀ယ်ယူမှုတွေအနေနဲ့လည်း သက် ဆိုင်ရာ ဘဏ်တွေကသာတာဝန်ခံပြီး Financial Support လုပ်ပေးနိုင်မယ်ဆိုရင် အလုပ်အကိုင် အတည်တကျရှိသူ၊ ကိုယ်ပိုင်လုပ်ငန်း ကောင်းကောင်းမွန်မွန်ရှိသူတွေအနေနဲ့ အိမ်၊ ကား ၊ အခြားလူမှုဘ၀ လိုအပ်ချက် အရာတွေကို အကြွေး ဆိုတဲ့ စနစ်တစ်ခုကိုကောင်းကောင်းအသုံးပြုကာ လူမှုဘ၀ရဲ့ မရှိမဖြစ်လိုအပ်တာကနေ ခေတ်မီပစ်္စည်းတွေအထိ လက်လှမ်း မီ ပိုင်ဆိုင်လာနိုင်ပါလိမ့်မယ်။ နောက် အသေးသုံးကိစ်္စတွေ အတွက် ဒီအကြွေးစနစ်ပေါ် မှာပဲ အခြေခံထားတဲ့ Credit Card လိုမျိုးတွေကြောင့်လည်းအရေး ပေါ် ငွေကြေး၊ ပစ်္စည်း လိုအပ်မှုတွေကို လကုန်မှဝယ်ရတဲ့ အခြေအနေမျိုးတွေ၊ မတရား နှုန်းထားကြီးမားတဲ့ အရပ်တိုးတွေနဲ့ ငွေကြေးချေးငှားရခြင်း ဒုက်္ခတွေကနေ လွတ်မြောက်လာမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ တစ်နှစ်ကို အိမ်ခန်းပေါင်း (၃/၄) ထောင်လောက်သာ ထုတ်လုပ်နိုင်သေးတဲ့ အချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တစ်နှစ်ကို အိမ်ခန်းပေါင်း (၁)သိန်းကျော် ထုတ်လုပ်နေတာ တွေ့ရပါတယ်။ ဘာလို့လည်းဆို တော့ သူတို့ဆီမှာ အကြွေးစနစ်ကို ကောင်းကောင်းအသုံးပြု နေတတ်လို့ပဲ ဖြစ်ပါတယ်။

အထက်က ဆိုခဲ့သလိုသာ နိုင်ငံသားတွေ ၀ယ်လာ နိုင်မယ်၊ တစ်နည်းအားဖြင့်
Demand တွေ တိုးလာပြီဆိုရင် Supply ဘက်ကလည်း ရောင်းအားတွေ တက်လာမှာ ဖြစ်ပါ တယ်။ ဈေးကွက် အေးနေတယ်ဆိုတှာကစစူပ ဖက်က မရောင်းရလို့ ဖြစ်လာတာပါ။ အ၀ယ်နဲ့ အရောင်းသာ ပုံမှန် လည်ပတ်လာပြီဆိုရင် ဈေးကွက်ကလည်း မအေးနိုင်တော့ ပါဘူး။ ဒီလို အခြေအနေမှာမှ ထပ်ပြီးတိုးတက်သေးချင်တယ် ဆိုရင် Supply Side ထဲကိုပါ Financial Support အနေနဲ့ Project Loan အနေနဲ့ အစိုးရ၊ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ ငွေထပ်ဖြည့်ပေးနိုင်ဖို့ လိုပါတယ်။ ဒီလို Project Loan တွေ ပေးတဲ့ နေရာမှာလည်း ပုဂ္ဂလိက ထက်စာရင် အစိုးရအနေနဲ့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါလိမ့်မယ်။

ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုချေးငွေတွေ ထုတ်ပေး နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးအရင်းအနှီ (Source of Funding) ကို အစိုးရအနေနဲ့ ပြည်ပနိုင်ငံတွေကနေ G To G အစီအစဉ် မျိုးနဲ့ အတိုးနှုန်းသက်သက်သာသာရနိုင်ပြီး ဒီဖက်မှာလည်း အစိုးရ၀င်ငွေရအောင် ဟိုဘက်ကိုပေးရတဲ့ အတိုးနှုန်းထက် (၁)ရာခိုင်နှုန်းတိုးပြီး ပြန်ချေးပေးနိုင်တာကြောင့် Home Loan တွေရော Product အသစ်တွေ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လုပ်ငန်း ရှင်တွေကိုပါ Project Loan လိုမျိုးအဖြစ် အတိုးနှုန်း နည်းနည်း နဲ့ ပြန်ချေးပေးနိုင်မှာဖြစ်ပါတယ်။

နောက်ကောင်းကျိုးတစ်ခုကလည်း ဒီလိုသာ မူမှန်တဲ့ အကြွေးစနစ်ကို ကောင်းကောင်းလည်ပတ်အောင် အသုံးချ နိုင်မယ်ဆို ဒီစနစ်ကို အသုံးပြုသူ နိုင်ငံသားတွေ၊ အလုပ်သမား တွေအနေနဲ့ မိမိအလုပ်အပေါ်မှာ ပိုတန်ဖိုးထားတတ်လာပါ လိမ့်မယ်။

ကျွန်တော်တို့ ကြည့်ဖူးတဲ့ တိုးတက်ပြီးနိုင်ငံတွေက ရုပ်ရှင်ကားတွေထဲကလို လူတစ်ယောက်ဟာ မိမိအလုပ်ကနေ ထွက်ရမှာ၊ ပြုတ်သွားမှာကို ဘ၀ပျက်မတတ်ကြောက်တတ် လာပါလိမ့်မယ်။ လုပ်သားတစ်ယောက်ဟာ သူ့အလုပ်ကိုတန်ဖိုး ထားလာလေ အလုပ်မှာ ပိုကြိုးစားလာလေပါပဲ။ အလုပ်သမား တစ်ယောက် သူ့အလုပ်မှာ သာမန်ထက်ပိုပြီး ကြိုးစားလာပြီ ဆိုရင် ဘယ်လိုကောင်းကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာ စာဖတ်သူများလည်း အသိဖြစ်ပါတယ်။ လုပ်သားတစ်ယောက်ချင်းစီ အဆင်ပြေမယ်၊ လုပ်ငန်းတစ်ခုချင်းစီလည်း အဆင်ပြေမယ် ဆိုရင် အဲဒီလုပ်သားတွေ ၊ လုပ်ငန်းတွေ တည်ရှိနေတဲ့ တိုင်းပြည် ရဲ့ စီးပွားရေးလည်း အဆင်ပြေလာမယ်ဆိုတာ မြေကြီးလက် ခတ်မလွဲတဲ့ သီအိုရီတစ်ခုပါ။

မြန်မာနိုင်ငံမှာက တစ်ခုခု အရောင်းအ၀ယ်လုပ်ကြ ပြီဆိုရင် လက်ငင်းငွေသား(Cash)နဲ့ ပေးချေရောင်းဝယ်နေကြ တာ အရိုးစွဲနေပါပြီ။ ဒီလို လက်ငင်းငွေသားစနစ်နဲ့ လုပ်နေ တဲ့ နေရာမှာ အကယ်၍ ဈေးကွက်ထဲမှာ အကြောင်းတစ် ခုခုကြောင့် ငွေကြပ်သွားတဲ့အခါမျိုးဖြစ်လာရင် အားလုံးဒုက်္ခဖြစ် ကုန်နိုင်တာကိုလည်း ပညာရှင်များ ခဏခဏသတိပေးနေတဲ့ အတွက်ကြောင့် ဒီအချိန်ဟာ မူမှန်စနစ်ကျပြီး တကယ်အလုပ် ဖြစ်စေတဲ့ အကြွေးစနစ်တွေဆီကို မဖြစ်မနေ ကူးကို ကူးရတော့ မှာပါ။ ကျွဲကူးရေပါဆိုသလိုပဲ ဒီစနစ်ကိုသာကျင့်သုံးခဲ့မယ် ဆိုရင် ဘဏ်တွေ ၊ ကတ်စနစ်တွေကပဲ ငွေကြေးတွေက စီး ဆင်းနေမှာ ဖြစ်တဲ့အတွက် လူတွေ ငြင်းခုန်နေတဲ့ ငွေဖြူ၊ ငွေမဲကိစ်္စကိုပါ တစ်ခါတည်း ဖြေရှင်းပြီးဖြစ်သွားပါလိမ့်မယ်။

ဒီလို အခြေအနေတွေဟာ ဒီလိုအတိုင်းတော့ အလို လိုမဖြစ်လာနိုင်ပါဘူး။ သက်ဆိုင်သူတွေအားလုံးအနေနဲ့ အစိုးရ နဲ့အတူ သက်ဆိုင်ရာကဏ္ဍအလိုက် အတူဝိုင်းဝန်း ဖန်တီး တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ ဦးစွာအနေနဲ့ နိုင်ငံတော် အစိုးရကိုယ်တိုင် ဒီစနစ်ကို အားပေးရပါ့မယ်။ ပြည်သူအားလုံး သိရှိနားလည်း လက်ခံ သုံးစွဲတတ်လာအောင် စနစ်တကျ ပညာပေးလုပ်ငန်းတွေ လုပ်ရပါ့မယ်။ အိမ်ခြံမြေ ရောင်းဝယ်ငှား အခွန်နှုန်းထားတွေကိုလည်း လျှော့ချပေးဖို့လိုပါတယ်။ လိုက်နာ ကျင့်သုံးဖို့ လွယ်ကူတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ နည်း ဥပဒေတွေ (ဥပမာ - အခွန်၊ ၀င်ငွေခွန်၊ ကွန်ဒိုဥပဒေ) ကို မြန်မြန်ထုတ်ပြန်ပေးနိုင်ဖို့လည်း လိုပါတယ်။ အကြွေးယူပြီး ပြန်မဆပ်တာမျိုးတွေကြောင့် ဘဏ်တွေနဲ့ ငွေရေးကြေးရေး ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် လက်ရှိအလုပ်မဖြစ်တဲ့ တည်ဆဲဥပဒေတွေကို ကျော်လွှားနိုင်ဖို့အတွက် သီးခြားအထူး ဥပဒေတစ်ရပ်ကို ပညာရှင်များနဲ့ တိုင်ပင်ရေးဆွဲပြီး ထုတ်ပြန် ပေးနိုင်ဖို့လည်း လိုပါတယ်။

နောက်ဆုံး ပွင့်ပွင့်လင်းလင်းပြောရရင် ဆောက်လုပ် ရေးလိုလုပ်ငန်းတွေမှာ BOT လိုစနစ်မျိုးနဲ့ MIC ခွင့်ပြုမိန့်နဲ့ လုပ်တာကြောင့် ပြည်ပကနေ စက်ယန်္တရားကြီးတွေ ၊ ဆောက်လုပ် ရေးပစ်္စည်းတွေကို အခွန်လုံးဝပေးစရာမလိုပဲ လိုအပ်တာထက် ပိုမို ၀ယ်ယူသွင်းလာကြတယ်။ သူတို့သုံးမှာထက် ပိုတဲ့ဟာတွေ ကို ရောင်းတယ်။ နောက်ပြီး ဒီနိုင်ငံက မြေငှားခထက် မတန် တဆသက်သာတဲ့ နှုန်းထားတွေနဲ့ အလုပ်လုပ်ပြီး တရားဝင် မီဒီယာတွေကနေတစ်ဆင့် တရားမ၀င် ဈေးခေါ်ရောင်းနေတဲ့ သူတွေက နိုင်ငံသားလုပ်ငန်းရှင်တွေကို စီးပွားရေးအရ မသမာ မှုနဲ့ အနိုင်ကျင့်နေတာတွေမျိုးကိုလည်း အစိုးရအနေနဲ့ ထိထိ ရောက်ရောက်အရေးယူပေးဖို့လည်းလိုပါတယ်။

ဒါတွေအားလုံးကို နိုင်ငံတော် အစိုးရအနေနဲ့ ဦး ဆောင်ပြီး သက်ဆိုင်သူတွေနဲ့ ပူးပေါင်းကာ အမြန်ဆုံးလုပ်ရ တော့မှာ လည်း ဖြစ်ပါတယ်။ ဒီကိစ္စတွေမှာ ဘာမှ ထွေထွေ ထူးထူးနဲ့ အချိန်ယူပြီးလုပ်စရာ အကြောင်းအရာတွေလည်း မပါပါဘူး။ ဒါတွေလုပ်လိုက်လို့ တည်ငြိမ်နေတဲ့ Infalation နှုန်းတက်လာမှာကိုလည်း ပူစရာမလိုပါဘူး။ တကယ်တော့ တိုင်းပြည်တစ်ပြည် စီးပွားရေးကောင်းလာမယ် ၊ လုပ်ငန်းတွေ ချောချောမွေ့မွေ့ လည်ပတ်လာမယ်ဆိုရင် ဖြစ်လာတတ်တဲ့ Infalation နှုန်းက လည်းကြောက်စရာ တစ်ခုတော့ မဟုတ်ပါဘူး။

အခုနာမကျန်းဖြစ်နေတဲ့ အမိမြေရဲ့ စီးပွားရေးကို ဘအေးတို့ ဖော်ပေးတဲ့ အကြွေးဆိုတဲ့ဆေးကို ဆေးပတ်လည် အောင်သာ စနစ်တကျတိုက်ကြည့်လိုက်ပါ ။ Win Win သီအိုရ တောင် နောက်ကောက်ကျသွားလိမ့်မယ်လို့ ရဲရဲကြီး အာမခံပါတယ်။


ဘအေး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com
ရဲရဲယူ ၊ ရဲရဲရင်းပြီး မှန်မှန်ပြန်ဆပ်ကြပါစို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service