လူနေထိုင်ခြင်းမရှိဘဲ အလွတ်ထားသည့်နေအိမ်များကို အခွန် ၅၀၀ ရာခိုင်နှုန်းကောက်ခံရန် ဗြိတိန်ရှိ ပါတီခေါင်းဆောင်ပြောကြား

လူနေထိုင်ခြင်းမရှိဘဲ အလွတ်ထားသည့်နေအိမ်များကို အခွန် ၅၀၀ ရာခိုင်နှုန်းကောက်ခံရန် ဗြိတိန်ရှိ ပါတီခေါင်းဆောင်ပြောကြား - Property News in Myanmar from iMyanmarHouse.com
29 Jun 2018 12:30 pm တွင် တင်ခဲ့သည်
2758 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်နိုင်ငံအတွင်း လူနေအိမ် ရှားပါးမှု၊ ဈေးနှုန်းကြီးမြင့်မှုများကို ဖြေရှင်းရန်အတွက် နေအိမ်သစ်များ ဆောက်လုပ်မှုသာမက လူနေထိုင်ခြင်းမရှိဘဲ အလွတ်ထားသည့်နေအိမ်များကို အခွန် ၅၀၀ ရာခိုင်နှုန်းကောက်ခံရန်လိုအပ်ကြောင်း လစ်ဘရယ် ဒီမိုကရက် ပါတီခေါင်းဆောင်က ပြောကြားလိုက်သည်ဟု နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လစ်ဘရယ် ဒီမိုကရက်ပါတီသည် ဗြိတိန်တွင် ကွန်ဆာဗေးတစ်နှင့် လေဘာပါတီပြီးလျှင် တတိယမြောက် အင်အားအကြီးမားဆုံး ပါတီကြီးဖြစ်ပြီး ပါတီခေါင်းဆောင်မှာ ဆာ ဗင့်စ် ကေဘယ်လ် ဖြစ်သည်။

ဆာ ဗင့်စ် ကေဘယ်လ်က ဗြိတိသျှ တော်ဝင်ဗိသုကာပညာရှင်များ သိပ္ပံတွင် မိနစ် ၃၀ ကြာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ၌ အခွန်ကောက်ခံရန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆာဗင့်စ်ကေဘယ်လ်က ဗြိတိန်တွင် နှစ်စဉ် နေအိမ်ခန်းပေါင်း ၃၀၀၀၀၀ ဆောက်လုပ်မည့် စီမံကိန်းသာမက လူမနေသည့်နေအိမ်များကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းမျိုးဖြင့်လည်း ပေါင်းစပ်သင့်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း လူနေခန်းပေါင်း ၃၀၀၀၀၀ ဖြန့်ဖြူးပေးနိုင်ခဲ့သည့်နည်းတူ လူမနေသည့် နေအိမ်များကို ၂၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံရာမှ ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသင့်ကြောင်း မစ္စတာ ကေဘယ်လ်က အဆိုပြုခဲ့သည်။

လစ်ဘရယ် ဒီမိုကရက်ပါတီက ပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် ဗြိတိန်တွင် နေအိမ်များနှင့် တိုက်ခန်းပေါင်း ၁၁၀၀၀ ခန့်မှာ လူသူကင်းမဲ့နေသည်မှာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ တိုင်းပြည်အတွင်း လူနေခန်းများရှားပါးမှု၏ အကြောင်းတစ်စိတ်တစ်ဒေသဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ လူသူကင်းမဲ့နေသည့် နေအိမ်များ၊ အခန်းများသည် အများအားဖြင့် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်များ၊ လူနေခန်းများဖြစ်လေ့ရှိကာ လန်ဒန်မြို့ဝန်းကျင်တွင်ရှိကြောင်း၊ ပိုင်ဆိုင်သူများမှာ နိုင်ငံခြားသားများ (သို့မဟုတ်) ချမ်းသာကြွယ်ဝသည့် ဗြိတိန်လူမျိုးတို့၏ ဒုတိယနေအိမ်များ ဖြစ်လေ့ရှိကြောင်းလည်း ဖော်ပြထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လူနေထိုင်ခြင်းမရှိဘဲ အလွတ်ထားသည့်နေအိမ်များကို အခွန် ၅၀၀ ရာခိုင်နှုန်းကောက်ခံရန် ဗြိတိန်ရှိ ပါတီခေါင်းဆောင်ပြောကြား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service