အိမ်ခြံမြေတွင် blockchain နည်းပညာအသုံးပြုရန် တောင်ကိုရီးယား ကြိုးပမ်း

အိမ်ခြံမြေတွင် blockchain နည်းပညာအသုံးပြုရန် တောင်ကိုရီးယား ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
29 Jun 2018 9:56 am တွင် တင်ခဲ့သည်
2536 ကြိမ် ကြည့်ရှု့ပြီး
တောင်ကိုရီးယားအစိုးရသည် အိမ်ခြံမြေအပါအဝင် ကဏ္ဍအမျိုးမျိုးတွင် blockchain နည်းပညာအသုံးပြုသည့် စီမံကိန်းခြောက်ခုကို စမ်းသပ်တော့မည် ဖြစ်သည်။

၎င်းစီမံကိန်းများနှင့် ပတ်သက်၍ လာမည့်နှစ်အတွင်း တောင်ကိုရီးယားသိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာန (MSIT) က ကိုရီးယားဝမ် ၁၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

ရှုပ်ထွေးသော အိမ်ခြံမြေအရောင်းအဝယ်စနစ်သည် blockchain နည်းပညာကျေးဇူးကြောင့် ပိုမိုလွယ်ကူချောမွေ့သွားမည်ဖြစ်သည်။ ဘဏ်ချေးငွေရရှိရန် အစိုးရဌာနများစွာသို့ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ရန် လိုတော့မည်မဟုတ်ပေ။

တောင်ကိုရီးယားသိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာနသည် ယင်းအစီအစဉ်အတွက် တောင်ကိုရီးယားမြေယာနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်သည်။

၎င်းစီမံကိန်းများသည် blockchain နည်းပညာဖြင့် အရောင်းအဝယ်များ ပြုလုပ်နေသည့် ကမ္ဘာ့အဆင့်တွင် တောင်ကိုရီးယားကို ရပ်တည်နိုင်စေမည်ဟု တောင်ကိုရီးယားသိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာနတာဝန်ရှိသူများက ယူဆကြသည်။

"အင်တာနက်၊ စမတ်ဖုန်းနှင့် အသိဉာဏ်တု (AI) တို့အပြင် blockchain နည်းပညာကလည်း ဒီဂျစ်တယ်တီထွင်ဆန်းသစ်မှုအတွက် ထိပ်တန်းနည်းပညာ ဖြစ်လာမှာပါ" ဟု တောင်ကိုရီးယားသိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာန၏ အိုင်စီတီမူဝါဒရေးရာအကြီးအကဲ ယန်ဟွမ်ဂျန်က ပြောကြားခဲ့သည်။

"blockchain နည်းပညာဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ အစီအစဉ်ချမှတ် ဆောင်ရွက်သွားမှာပါ။ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေလိုမျိုး ဒီနည်းပညာကို ၂၀၂၂ ခုနှစ်မတိုင်မီ ရာခိုင်နှုန်း ၉၀ လောက်အသုံးချနိုင်ဖို့ စီစဉ်မှာပါ" ဟု တောင်ကိုရီးယားသိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာန၏ အခြားတာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့သည်။

ယင်းစီမံကိန်းများသည် အိမ်ခြံမြေအပြင် အကောက်ခွန်ရှင်းလင်းရေး၊ အွန်လိုင်းမဲပေးမှု၊ နယ်စပ်ဖြတ်ကျော်အီလက်ထရွန်နစ်စာရွက်စာတမ်းဖြန့်ဝေရေး နှင့် ရေလမ်းကြောင်းထောက်ပံ့ပို့ဆောင်ရေးတို့တွင်လည်း blockchain နည်းပညာကို အသုံးပြုမည်ဖြစ်သည်။

တောင်ကိုရီးယားသိပ္ပံနှင့် အိုင်စီတီဝန်ကြီးဌာနက blockchain သုတေသနဌာနတစ်ခုဖွံ့ဖြိုးရေးအတွက် တစ်နှစ်လျှင် ကိုရီးယားဝမ် သန်း ၈၀၀ နှုန်းဖြင့် ခြောက်နှစ်ကြာ ပံ့ပိုးပေးရန်လည်း စီစဉ်ထားသည်။ ၎င်းသုတေသနဌာနက လေးနှစ်အတွင်း blockchain ပညာရှင် ၁ သောင်း မွေးထုတ်ပေးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service