ကျောက်ဖြူအထူးဇုန် မြေသိမ်းကန့်ကွက်လွှာ ပထမဆုံး ခေါ်ယူ

ကျောက်ဖြူအထူးဇုန် မြေသိမ်းကန့်ကွက်လွှာ ပထမဆုံး ခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
28 Jun 2018 11:15 am တွင် တင်ခဲ့သည်
2387 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားဇုန်တွင် ပထမဦးဆုံးအနေဖြင့် မေ ၂၉ ရက်က မြေ ၈၆ ဒသမ ၉ ဧကအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကန့်ကွက်နိုင်ကြောင်း ကန့်ကွက်လွှာခေါ်ယူခဲ့ရာ ဒေသခံ ၁၀ဝ ကျော်တို့က ကန့်ကွက်လွှာ တင်ခဲ့ကြသည်ဟု ကျောက်ဖြူ အရပ်ဘက်အဖွဲ့အစည်းတစ်ခုထံမှ စုံစမ်းရရှိသည်။

"စီးပွားရေးဇုန်ကော်မတီက အဲဒီမြေဧကအတွက် သိမ်းယူလိုကြောင်း စာတင်လာတယ်။ အဲဒီတော့ လုပ်ထုံး လုပ်နည်းနဲ့အညီ ကျွန်တော်တို့က ကန့်ကွက်နိုင်ကြောင်း ကြေညာလွှာထည့်တာပါ"ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးရွှေလှအောင်က ဇွန် ၂၁ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိအချိန်တွင် ဒေသခံများ၏ စောဒကတက်မှုကို မြေစာရင်းဦးစီးဌာနနှင့် ညှိနှိုင်းစစ်ဆေးနေသည်ဟု ၎င်းကဆိုသည်။

ကန့်ကွက်စာတင်သည့် ဒေသခံများမှာ ကျောက်ဖြူမြို့နယ်ရှိ ချောင်းဝ၊ မင်းဒင်၊ ဇိုင်းချောင်း၊ ဒိုးမတောင်၊ ပျားတဲ ဟူသည့် ရွာငါးရွာမှ ရွာသားများဖြစ်ပြီး စာများကို ဇွန်ဒုတိယပတ် နောက်ဆုံးထားပြီး တင်ခဲ့ကြသည်ဟု ကျောက်ဖြူမြို့ခံ အရပ်ဘက်အဖွဲ့၏ တာဝန်ခံ ဦးထွန်းကြည်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် လျာထားမြေ သိမ်းဧရိယာမှာ ပထမအဆင့်အနေဖြင့် မြေဧက ၂၅၀ ကျော်ရှိပြီး ထိုအတွက် လျော်ကြေးပေးရမည့်ဦးရေမှာ ၇၆ ဦးရှိကြောင်း အုပ်ချုပ်ရေးမှုး ဦးရွှေလှအောင်က ဆိုသည်။"အခု ကန့်ကွက်လွှာခေါ်တဲ့ မြေသိမ်းဧရိယာက ချောင်းမြေပါ။ အစိုးရပိုင်ပါ။ အခု ကန့်ကွက်လွှာတင်တဲ့သူတွေက ပိုင်ဆိုင်မှု တစ်ယောက်မှ မပြနိုင်ပါဘူး။ ဓနိမြေတွေပါတယ်ပြောတယ်။ ရေခွန်ဆောင်ထားတာ မပြနိုင်ပါဘူး။ ချောင်းမြေဖြစ်တဲ့အတွက် ရေအခက်အခဲရှိတယ် ပြောပြန်တယ်။ ကျွန်တော်တော့ မြေစာရင်းဦးစီးကိုခေါ်ပြီး အဲဒီကိစ္စကို ရှင်းနေပါတယ်"ဟု သူကဆိုသည်။

"နောက်ထပ်လည်း မြေသိမ်းကန့်ကွက်လွှာ ထပ်ခေါ်ဖို့ရှိတယ်။ ဘယ်အချိန်လဲဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး"ဟု ၎င်းကဆက်ပြောသည်။

ကျောက်ဖြူအထူးစီးပွားဇုန်တစ်ခုလုံးအတွက် မြေဧက လေးထောင်ဝန်းကျင် နယ်နိမိတ်သတ်မှတ်ခဲ့ပြီး အဆိုပါ စီးပွားဇုန်တွင် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်တို့ပါဝင်သည်။

ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ ကမူ မြေသိမ်းကန့်ကွက်လွှာ ခေါ်ယူခြင်းကို မသိရှိလိုက်ကြောင်း၊ ယခု ကော်မတီအသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှု အားနည်းကြောင်း မှတ်ချက်ပြုသည်။

ကျောက်ဖြူမြို့နယ်တွင် ယခင်က ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် မြေယာသိမ်းဆည်းမှု များရှိခဲ့ရာ ထိုစဉ်က နစ်နာခဲ့ရသကဲ့သို ထပ်မံနစ်နာရမည်ကို ဒေသခံများပူပန်လျက်ရှိသည်ဟု ဆိုသည်။

"သီလဝါဆိုရင် ဒေသခံတွေ ညှိရင်းနဲ့ တစ်ဧကလျော်ကြေး သိန်း ၃၀ဝ ဝန်းကျင်လောက် ရခဲ့တယ်ကြားတယ်။ ကျောက်ဖြူက ၁၈ သိန်းပဲရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုဒေသခံများက မြေသိမ်းကန့်ကွက်လွှာတင်သည့်ကိစ္စကို မြေစာရင်းဦးစီးဌာနက အင်္ဂလိပ်လက်ထက်က မြေပုံကို အသုံးပြုပြီး ဖြေရှင်းနေသည်ဟု ဦးထွန်းကြည်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားဇုန်ကို တရုတ်နိုင်ငံပိုင်လုပ်ငန်းများ ပူးပေါင်းဖွဲ့စည်းထားသည့် ကွန်ဆိုတီယံလုပ်ငန်းစုဖြစ်သောChina International Trust Investment - CITIC က တင်ဒါအောင်မြင်ခဲ့ပြီး ကနဦး အစုရှယ်ယာခွဲဝေမှုတွင် တရုတ်ဘက် ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ခဲ့ပြီး ယခုပြန်လည်ညှိနှိုင်းဆဲ ဖြစ်သည်။



Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service