ဒေါ်လာ တက်၊ ကျပ်ငွေကျဆင်းခြင်း၏ နောက်ကွယ်

ဒေါ်လာ တက်၊ ကျပ်ငွေကျဆင်းခြင်း၏ နောက်ကွယ် - Property News in Myanmar from iMyanmarHouse.com
28 Jun 2018 10:38 am တွင် တင်ခဲ့သည်
23623 ကြိမ် ကြည့်ရှု့ပြီး
ငွေကြေးဈေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၁,၄၄၄ ကျပ်အထိ မြင့်တက်ပြီး နောက် တစ်နှစ်ခွဲခန့်အကြာတွင် တစ်ဒေါ်လာ ၁,၄၀၄ ကျပ်အထိ ရောက်ရှိလာကာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် စီးပွားရေး လုပ်ငန်းများအပေါ် ရိုက်ခတ်မှု ကြီးမားလာသည်။

၂၀၁၆ ကုန်ခါ နီးတွင် တစ်ဒေါ်လာ ၁,၄၄၄ ကျပ် အထိမြင့်တက်ပြီးနောက် တစ် ဒေါ်လာ ၁,၃၅၀ ကျပ်ခန့်တွင် ဈေးငြိမ်ခဲ့သည်။ သို့သော် ၂၀၁၈ ဇွန်လအတွင်း ဈေးဆွဲတင်မှု ကြောင့် ကျပ် ၁,၄၀၀ သို့ ပြန် လည်မြင့်တက်လာခြင်းဖြစ်သည် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ က ပြောသည်။

စီးပွားရေးလုပ်ကိုင်ရန် ချင့် ချိန်နေချိန်တွင် ဒေါ်လာဈေးဆွဲ တင်ခြင်းကြောင့် ငွေကြေးဖောင်း ပွပြီး ကုန်ဈေးနှုန်းမြင့်တက်စေ သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောသည်။ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုကို အစိုးရကထိန်းနိုင် ပြီဟု ထင်မှတ်နေချိန်တွင်ဒေါ်လာ ဈေးရုတ်တရက်မြင့်တက်ခြင်းက အားစမ်းခြင်းဖြစ်သည်ဟု မြန် မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်းဥက္ကဋ္ဌဦးမြင့်ဇော်က သူ၏ အမြင်ကိုပြောသည်။ ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဇွန်လ ၂၅ ရက်ကတစ်ဒေါ်လာ ၁,၃၇၀ ကျပ်ဝန်းကျင်မှ ၂၇ ရက်တွင် ၁,၄၀၄ ကျပ်အထိရောက်ရှိလာ ခြင်းဖြစ်သည်။ နှစ်ရက်အတွင်း တစ်ဒေါ်လာလျှင်ကျပ် ၂၀ မှ ၃၀ အထိမြင့်တက်ခြင်းကြောင့် စီး ပွားရေးလုပ်ကိုင်သူများ အခက် အခဲဖြစ်လာသည်ဟု ပို့ကုန်၊သွင်း ကုန်လုပ်ငန်းရှင်အချို့က ဆို သည်။

‘‘ကစားသူတွေထပ်ပြီး အား စမ်းလာတော့ စီးပွားရေးမှာ ကြောက်ရတယ်’’ ဟု ဦးမြင့်ဇော် က ဆက်လက်ပြောသည်။

ရက်ပိုင်းအတွင်း တစ်ဒေါ် လာလျှင်ကျပ် ၃၀ ခန့်ဈေးနှုန်းမြင့် တက်ခြင်းသည် ကောလာဟလ များနှင့်ဈေးကစားသူများ၏ ဈေး နှုန်းဆွဲတင်မှုကြောင့်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

ဒေါ်လာဈေး ဆွဲတင်မှု ကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းရ ခြင်းကို ကုစားရန်မြန်မာနိုင်ငံအ နေဖြင့် အတွေ့အကြုံနည်းသေးသော ဗဟိုဘဏ်ကို အားကိုး၍မရ ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်း မှ လုပ်ငန်းရှင်အချို့က ဆိုသည်။

ပြုပြင်ပြောင်းလဲမှုများ ပြု လုပ်နေသော်လည်း ငွေကြေးဈေး ကွက်တွင် ဗဟိုဘဏ်၏အခန်း ကဏ္ဍက စီးပွားရေးလုပ်ငန်းရှင် များအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ဘဏ်များဈေးဖွင့် နိုင်ရန် ဗဟိုဘဏ်၏ရည်ညွှန်းငွေ လဲနှုန်းက ဇွန်လအတွင်းဒေါ်လာ တန်ဖိုးဆွဲတင်နေခြင်းကို လုပ်ငန်း ရှင်များက အံ့ဩနေသည်။ ဗဟို ဘဏ်ရည်ညွှန်းနှုန်းအပေါ် ၀ ဒသမ ၈ ရာခိုင်နှုန်းအတက်၊အ ကျကစားခွင့်ရသော ပုဂ္ဂလိက ဘဏ်များအနေဖြင့် ရည်ညွှန်းနှုန်း တစ်ဒေါ်လာ ၁,၃၈၀ ကျပ်သို့ ရောက်လာချိန်တွင် ဘဏ်အချို့ က ဒေါ်လာရောင်းဈေးကို၁,၄၀၄ ကျပ်အထိမြှင့်တင်ခဲ့သည်။

+++ ဒေါ်လာတန်ဖိုးတက်၊ ကျပ်ငွေတန်ဖိုး ကျစေခြင်း၏ အကြောင်းရင်း+++

ငွေကြေးဈေးကွက်တွင် ဒေါ် လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းသည် ကော လာဟလများလွှင့်ထုတ်ပြီး ငွေ ကြေးဈေး ကစားမှုများကြောင့် ဖြစ်ကြောင်း ဦးမြင့်ဇော်ကသုံး သပ်သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်မှုစစ်ပွဲ၊ မလေးရှားတွင် ဖမ်းမိသောမြန်မာနိုင်ငံမှပို့သည့် မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပြီး စစ်ဆေးမှုများက ကျပ်တန်ဖိုးကျဆင်းရန် တွန်းအားအနည်းငယ်သာ ရှိနိုင်သည်ဟု ၎င်းကပြောသည်။

‘‘မြန်မာလူမျိုးတွေ သူများ အကြောင်းတွေကို အရမ်းစိတ်ဝင် စားတယ်။ ကောလာဟလက လည်း အဲဒီအပေါ်မှာ မူတည်ပြီး ဖြစ်လာတယ်’’ ဟု ဦးမြင့်ဇော်က ပြောသည်။ ကောလာဟလအ ပေါ်မှီခိုပြီး ငွေကစားသူများက ဈေးဆွဲတင် အ၀ယ်များခြင်းကို ပြင်ပ ငွေကြေးဈေးကွက်တွင် လည်းကြုံတွေ့နေရသည်ဟုပြည် ပငွေလွှဲလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ပြင်ပငွေကြေးဈေး ကွက်တွင် ဒေါ်လာဈေးထပ်တက် ဦးမည်ဆိုသည့် ပြောဆိုသံများက ယခုရက်ပိုင်းတွင် ပိုမိုကျယ် လောင်လာကြောင်း ၎င်းကဆို သည်။

ထို့အပြင် ငွေကြေးဈေးကွက်တွင် ဒေါ်လာ နည်း နေခြင်းကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်းဖြစ်ကြောင်း သုံးသပ်သည့် စီးပွားရေးလုပ်ငန်း ရှင်အချို့ရှိနေသည်။ တရုတ်နိုင် ငံတွင် ငွေလွှဲအကောင့်များအပိတ် ခံထားရခြင်း၊ ကမ္ဘာ့ဖလားဘော လုံးပွဲလောင်းရန် ပြည်ပသို့ဒေါ် လာများစီးထွက်နေခြင်းကလည်း ဒေါ်လာဈေးမြင့်တက်စေသည့်အ ချက်များထဲမှ တစ်ချက်ဖြစ်သည် ဟု ကမ္ဘာ့ရတနာဘဏ်ဒုတိယ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ လှညွန့်က သုံးသပ်ပြောသည်။

၂၀၁၈ ဧပြီမှ ဇွန်လလယ်ထိ မြန်မာနိုင်ငံ၏ပို့ကုန်ကဏ္ဍတွင် ကန်ဒေါ်လာသန်း ၅၄၀ ကျော်ပိုရ ထားသော်လည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အ၀င်မှာ ပြီးခဲ့သည့်နှစ် ကာလတူထက် သန်း ၇၀၀ ကျော် ပိုနည်းနေသည်။ နိုင်ငံအတွင်းနိုင်ငံခြားငွေအ၀င်နည်းခြင်း၊သွင်းကုန်အတွက် ပြည်ပသို့ ငွေအလွှဲများခြင်းတို့က ပြည်တွင်းကျပ်ငွေတန်ဖိုး ကျဆင်းစေသည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

ဇွန်လအတွင်း တရုတ်နိုင်ငံ သို့ တစ်ဆင့်ခံကုန်သွယ်ရေးဖြင့် သကြားတင်သွင်းခွင့်ပြုခြင်းက လည်း ဒေါ်လာဈေးမြင့်တက်စေ ခြင်းကို တွန်းအားတစ်ခုဖြစ်စေ သည်ဟု ပို့ကုန်၊သွင်းကုန်လုပ် ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။

+++ ကျပ်ငွေကျဆင်းခြင်း၏ အကျိုးဆက် +++

မြန်မာနိုင်ငံသည် စား သောက်ကုန်၊ လူသုံးကုန်များမှ အစ စားအုန်းဆီ၊ ဓာတ်ဆီ၊ ဒီ ဇယ်တို့ကို ပြည်ပမှ တင်သွင်းနေရ ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျ ဆင်းခြင်းက သွင်းကုန်များဈေးတက်ရန် တွန်းအားဖြစ်စေသည်။ တစ်လလျှင် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန်ခြောက်သိန်းခန့် တင်သွင်းနေရခြင်း၊ စားအုန်းဆီ တန်ချိန်သောင်းချီ တင်သွင်းနေရ ခြင်းတို့ကြောင့် လစဉ်ဒေါ်လာလိုအပ်ချက်ရှိသည်။

‘‘အခုတောင် ကုန်ဈေးနှုန်း တွေက တစ်ရက်ထက်တစ်ရက် မသိမသာတက်နေတာ။ ဒေါ်လာ ဈေးက ဒီအခြေအနေကိုပိုဆိုးစေ မှာ စိုးရိမ်နေရတယ်’’ ဟု ဒေါက် တာလှညွန့်က သူ့အမြင်ကိုပြော သည်။ ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ဇွန်လတစ်လအတွင်း မြန်မာကျပ်တန်ဖိုး ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းသို့ကျဆင်း ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များ အကျိုးရှိသော်လည်း သွင်းကုန် ပစ္စည်းများ ဈေးတက်သည့်အကျိုး ဆက်ကိုပြည်သူများ စတင်ခံစားရ မည်ဟု စီးပွားရေးလုပ်ငန်းရှင်အ ချို့က ပြောသည်။

လယ်ယာထွက်ကုန်များအ ပါအ၀င် မြန်မာနိုင်ငံ၏ပို့ကုန်များ သည် မိုးရာသီတွင်လျော့နည်းသ ဖြင့် မြန်မာကျပ်တန်ဖိုးကျဆင်း ခြင်းက ရလဒ်ကောင်းတစ်ခုမဖြစ် နိုင်ကြောင်း ၎င်းတို့ကဆိုသည်။

‘‘သွင်းကုန်သမားတွေက ဈေးတက်ဖို့စောင့်နေတယ်။ ငွေ ဈေးကျမယ်၊ မကျဘူးဆိုတာ မသိသေးလို့ပါ။ ငွေဈေး နောက် ရက်တွေ ဆက်တက်နေရင် စား သုံးသူတွေခံရမှာပဲ’’ ဟု ဦးမြင့် ဇော်က သူ၏အမြင်ကို ပြောသည်။

ထို့အပြင် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများ လည်ပတ်မှု လျှော့ချထားချိန်တွင် ဒေါ်လာ တန်ဖိုးဆွဲတင်ဈေးကစားခြင်းက အစိုးရအတွက် စီးပွားရေးအကျပ် အတည်းဖြစ်ရန် ရည်ရွယ်ခြင်းမျိုး လည်းဖြစ်နိုင်ကြောင်း လုပ်ငန်း ရှင်အချို့က ပြောသည်။

ထို့ကြောင့် ယခင်အစိုးရ များလက်ထက်တွင် ဒေါ်လာဈေးမြင့်တက်လာလျှင် အစိုးရကအလျင်အမြန် ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။ မြန်မာနိုင်ငံဗဟိုဘဏ်က ငွေလဲကောင်တာများ၊ ပုဂ္ဂလိကဘဏ်များကို ခေါ်ယူတွေ့ဆုံပြီး ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်သတိပေးခြင်း၊ နိုင်ငံခြားငွေစာရင်းများမှ ငွေထုတ်ယူမှုကို ထက်ဝက်ခန့်လျှော့ချခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့အပြင် ပြည်တွင်း၌ အရောင်းအ၀ယ်ပြုလုပ်ခြင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများအား ကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေသုံးစွဲမှုကို ပြည်တွင်း၌မပြုလုပ်ဘဲ ကျပ်ငွေသာသုံးရန်သမ္မတရုံးဝန်ကြီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ သည်။

ဒေါ်လာဈေးတက်မှုကို ဘယ်လို ကုစားမလဲ
ဒေါ်လာဈေး မြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို အစိုးရက ကြားဝင်ထိန်းရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ်အသင်းဝင်စီးပွားရေးလုပ်ငန်း ရှင်များက မျှော်လင့်နေကြောင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင် မောင်လေးက ပြောသည်။

စီးပွားရေးအသင်း ၆၇ ဖွဲ့ကို ဦးဆောင်နေသည့် ကုန်သည်၊ စက်မှုအသင်းချုပ်အနေဖြင့် ဒေါ် လာတန်ဖိုးမြင့်တက်နေမှုကို ကု စားရန် လေ့လာဆောင်ရွက်နေ သည်ဟု ၎င်းကဆိုသည်။လတ်တ လောတွင် မည်သို့ဆောင်ရွက်သင့် သည်ကို အစိုးရကိုအကြံပေးမှုများ မရှိသေးသော်လည်း အသင်းချုပ် အနေဖြင့် လေ့လာမှုများပြုလုပ် နေသည်ဟုဆိုသည်။

ဈေးကစားမှုများကြောင့် ဒေါ်လာဈေးမြင့်တက်ခြင်းကို ကု စားရန် အဓိကလိုအပ်ချက်သည် ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေ လုံလောက်စွာထားရှိပြီး ဈေး ကွက်အတွင်း ကြားဝင်ဆောင် ရွက်ရန် လိုသည်ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ပြော သည်။

သို့သော် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက လက်ရှိအစိုးရ၏မူဝါဒက ဈေး ကွက်စီးပွားရေးအတိုင်း လွတ် လပ်စွာ ရောင်းဝယ်ခွင့်ပြုထား ခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်အ နေဖြင့် ငွေကြေးဈေးနှုန်းတည် ငြိမ်ရေးကို ဦးစားပေးဆောင်ရွက် နေပြီး ဈေးကွက်ပေါက်ဈေးအ တိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service