အခွန်ဥပဒေသစ်တွင် SME လုပ်ငန်းများ အခွန်သက်သာခွင့် ထည့်သွင်းရေးတင်ပြမည်

အခွန်ဥပဒေသစ်တွင် SME လုပ်ငန်းများ အခွန်သက်သာခွင့် ထည့်သွင်းရေးတင်ပြမည် - Property News in Myanmar from iMyanmarHouse.com
27 Jun 2018 10:55 am တွင် တင်ခဲ့သည်
2882 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ပြည်ပမှသွင်းကုန်များကို ယှဉ်ပြိုင်နိုင်ရန်နှင့် အခွန်သက်သာခွင့်များ ထည့်သွင်းပေးရေးအတွက် အစိုးရထံ တိုက်တွန်းတင်ပြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများမှာ ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများကို ယှဉ်ပြိုင်မရောင်းချနိုင်သောကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းအများစုမှာ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရပ်ဆိုင်းလုအခြေအနေနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောဆိုသည်။

“အခွန်ဆိုင်ရာကိစ္စတွေကြောင့် တချို့လုပ်ငန်းတွေဆို ပိတ်သိမ်းရမယ့်အနေအထားရှိတယ်။ ဆပ်ပြာမှုန့်ထုတ်စက်ရုံဆိုရင် ပြည်တွင်းမှာ စက်ရုံငါးရုံလောက်ရှိရာကနေ တစ်ရုံပဲကျန်တော့တယ်။ ဆပ် ပြာမှုန့်တွေဆို နိုင်ငံခြားကနေပဲ ဝင်တော့တယ်။ အခွန်အကောက်ဥပဒေအသစ်မှာ အခွန်နှုန်းတွေလျှော့တာ၊ တိုးတာတို့နဲ့ မကောက်သင့်တာတို့ကို ဆွေးနွေးတင်ပြသွားမှာပါ”ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။

ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများကို ပြည်ပမှသွင်းကုန်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ဝယ်ယူသုံးစွဲပေးရေးအတွက်လည်း ပညာပေးလုပ်ငန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များပါဝင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ နိုင်ငံတကာရှိဥပဒေများကို လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

လာမည့် ၂၀၁၉ အခွန်အကောက် ဥပဒေတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို အခွန်သက်သာခွင့်ပေးရေးအပြင် အခွန်စနစ်ပြင်ပ ရောက်နေသူများကိုလည်း အခွန်ဆောင်လာစေရန်အတွက် တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်သူများနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများကို အကာအကွယ်ပေးရေးအတွက်လည်း အခွန်နှုန်းများ လျှော့ချပေးရေးနှင့် ပြည်ပမှ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုရေးတို့ကို တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ဧပြီလ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service