ကုမ္ပဏီများ ဥပဒေသစ် စတင်အာဏာတည်သည့် သြဂုတ် ၁ ရက်ကစ၍ ကုမ္ပဏီအားလုံး ပြန်လည်မှတ်ပုံတင်ရမည်

ကုမ္ပဏီများ ဥပဒေသစ် စတင်အာဏာတည်သည့် သြဂုတ် ၁ ရက်ကစ၍ ကုမ္ပဏီအားလုံး ပြန်လည်မှတ်ပုံတင်ရမည် - Property News in Myanmar from iMyanmarHouse.com
25 Jun 2018 11:42 am တွင် တင်ခဲ့သည်
2800 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် စတင်အာဏာတည် မည်ဖြစ်၍ ပြည်တွင်းရှိ ကုမ္ပဏီ အားလုံး သြဂုတ် ၁ ရက်ကစတင် ပြီး ခြောက်လအတွင်း ပြန်လည် မှတ်ပုံတင်ရမည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနက ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပြန်လည် မှတ်ပုံတင်ရာတွင် ၁၉၁၄ ကုမ္ပဏီများ အက်ဥပဒေ နှင့် ၁၉၅၀ အထူးကုမ္ပဏီအက် ဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးပါဝင် ပြီး မှတ်ပုံတင်ခြင်းအတွက် အခ ကြေးငွေ ပေးသွင်းရန်မလို ကြောင်း အဆိုပါဌာနက ကြေညာ သည်။

‘‘ခြောက်လအချိန်ပေးထား တယ်။ ခြောက်လအတွင်း စာရင်း လာမသွင်းရင် ကုမ္ပဏီစာရင်းထဲ က ထုတ်မယ်’’ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်း က ပြောသည်။

စာရင်းပယ်ဖျက်ခြင်းသည် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမဟုတ် ဘဲ တစ်စုံတစ်ရာပြဿနာပေါ် ပေါက်ပါက ကုမ္ပဏီအမည်ဖြင့် သာ ဖြေရှင်းရမည်ဟု သတ်မှတ် ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

ထို့ကြောင့် ကုမ္ပဏီများသည် ၂၀၁၈ သြဂုတ် ၁ ရက်မှ ၂၀၀၉ ဇန်နဝါရီလကုန်အထိ ခြောက်လ အတွင်း ပြန်လည်မှတ်ပုံတင်ရ မည်ဖြစ်ပြီး ကုမ္ပဏီများ မှတ်ပုံ တင်ခြင်းကို အွန်လိုင်းမှတ်ပုံတင် ခြင်း (MYCO) စနစ် ပြောင်းလဲ ကျင့်သုံးမည်ဟု အထက်ပါ ဦးစီး ဌာနက ကြေညာထားသည်။

၂၀၁၇ ကုမ္ပဏီများ ဥပဒေ သည် ၂၀၁၈ သြဂုတ် ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဇွန်လ ၂၁ ရက်စွဲဖြင့် အမိန့်ကြေ ညာချက်ထုတ်ပြန်ထားသည်။

‘‘ကုမ္ပဏီတွေ မှတ်ပုံပြန် တင်ပြီး ဥပဒေအသစ်အရ အကာ အကွယ်ယူတာ ကောင်းပါတယ်။ ကျွန်တော်တို့က အလုပ်ရှုပ်တယ် လို့ မခံစားရပါဘူး။ အခု ဥပဒေက တော်တော်လည်း အားကောင်းပါ တယ်’’ဟု Genius Shan High− lands Coffee ကုမ္ပဏီပိုင်ရှင် ဦးငွေထွန်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ ၅၂,၀၀၀ ကျော်၊ နိုင်ငံခြားကုမ္ပဏီ ရုံးခွဲ ၅,၈၀၀ ကျော် အစုအစပ် လုပ်ငန်း ၁,၀၀၀ ကျော် အပါ အဝင် စုစုပေါင်း ကုမ္ပဏီ ၆၀,၀၀၀ ခန့်ရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service