Dry Port စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေသိမ်းအက်ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဦးဟံထွန်းပြောကြား

Dry Port စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေသိမ်းအက်ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဦးဟံထွန်းပြောကြား - Property News in Myanmar from iMyanmarHouse.com
25 Jun 2018 10:33 am တွင် တင်ခဲ့သည်
2748 ကြိမ် ကြည့်ရှု့ပြီး
Dry Port စီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေသိမ်းအက်ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဦးဟံထွန်းဝန်ကြီးဦးဟံထွန်းမှ ပြောကြားခဲ့သည်။

ဇွန်လ ၂၁ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ စီမံကိန်းပြုလုပ်ရန် မြေသိမ်းယူခြင်းကို မိမိပိုင်မြေစွန့်လွှတ်
လှူဒါန်းပါကြောင်း လက်မှတ်ရေးထိုးခိုင်းသည်မှာ လုပ်ထုံးလုပ်နည်းနှင့် ညီ၊မညီနှင့် အဘယ်ကြောင့် မြေယာသိမ်းဆည်းမှုဥပဒေနှင့်အညီ မြေသိမ်းမိန့်ထုတ်ယူ၍ သိမ်းယူခြင်း၊ လယ်ယာမြေပိုင်ဆိုင်သူ တောင်သူများအား ဥပဒေပြဋ္ဌာန်းချက်အတိုင်း ငွေပေးဆောင်မှု ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

" နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မြေသိမ်းဥပဒေ၊အမှုတွဲဖွင့်လှစ်ရာတွင် (၁၈၉၄)ခုနှစ်၊ မြေသိမ်းအက် ဥပဒေ(၃၁)၊အပိုဒ်(၃)အရ ကောလိပ်တော် အရာရှိသည် အကျိုးခံစားခွင့်ရှိသူ တောင်သူတစ်ဦးနဲ့ အလဲအလှယ်ပြုရာတွင် အခြားသောမြေကို ဂရမ်ထုတ်ပေးခြင်း (သို့မဟုတ်) ထိုသူရဲ့ အခြားမြေအတွက် စည်းကြပ်ထားတဲ့ အခွန်ကို လျော်ပစ်ခြင်း (သို့မဟုတ်) သက်ဆိုင်ရာအကျိုးခံစားခွင့်ရှိသူများအား ညီမျှသော အကျိုးရှိစေမယ့် အခြားသောနည်းဖြင့် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် သဘောတူညီချက် တစ်စုံတစ်ရာကို ပြုလုပ်နိုင်သည်ဟု ဖော်ပြပါရှိရာ ထိုဥပဒေနဲ့အညီ ဆောင်ရွက်ရခြင်းသာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ယင်းစီမံကိန်းတည်နေရာမှာ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၀၀/ခ)၊ ကုန်းရွာကွင်းရှိ မြေဧရိယာ(၂၄၃.၆၂)ဧကကျယ်ဝန်းသော နေရာဖြစ်ကြောင်း သိရသည်။

“ Dry Port စီမံကိန်းဆောင်ရွက်နိုင်ရန် မြေဧရိယာ(၂၄၃.၆၂)ဧကတွင် ပါဝင်တဲ့ တောင်သူ(၁၁)ဦးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာမှာ တောင်သူများအနေနဲ့ ၎င်းတို့ပိုင်ဆိုင်တဲ့ မြေများအား မြို့မြေအဖြစ် ရရှိမှာ ဖြစ်ပြီး ၎င်းတို့အတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှာ ဖြစ်ပါတယ်။ မြေဧရိယာ(၂၄၃.၆၂)ဧကတွင် လယ်မြေများအား အခြားနည်းအဖြစ် အသုံးပြုခွင့်ရရင်တော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ စီမံကိန်းမြေအဖြစ် အသုံးပြုနိုင်ရန် (၈၀)ရာခိုင်နှုန်းကို လည်းကောင်း၊ လက်ရှိပိုင်ဆိုင်သူများက လယ်မြေအား အခြားနည်း အသုံးပြုခွင့်ရရှိမယ့်အပြင် မြို့မြေအဖြစ် (၂၀)ရာခိုင်နှုန်းကို ပြန်လည်ရယူရန် သဘောတူညီမှု ရရှိခဲ့ရာ မူလပိုင်ရှင်တောင်သူများက ၎င်းတို့ရဲ့ ဆန္ဒအဖြစ် ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်”ဟု ၀န်ကြီးက ဆက်လက်ပြောသည်။

Dry Port စီမံကိန်းဆောင်ရွက်မည့် ဧရိယာအတွင်းတွင် ဥယျာဉ်၊ခြံမြေအဖြစ် ပုံစံ(၇) လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိထားသော တောင်သူ(၅)ဦး၏ မြေဧရိယာများမှာ (၂၀၁)ဧကနှင့် ပုံစံ(၇) မရရှိသေးသည့် တောင်သူ(၆)ဦး၏ မြေဧကများမှာ (၄၂.၆၂)ဧက၊ စုစုပေါင်း တောင်သူဦးရေ (၁၁)ဦး၏ မြေဧရိယာများမှာ (၂၄၃.၆၂)ဧက ရှိကြောင်း သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service