အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ

အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
23 Jun 2018 2:25 pm တွင် တင်ခဲ့သည်
15595 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)မှဦးစီးပြီး အလုပ်အကိုင်အခွင့်အလမ်း (၂)သန်းပေါ်ထွန်း လာစေမည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်-UMFCCI တွင် ဇွန်လ (၂၃)ရက်နေ့က ကျင်းပခဲ့ရာ ယင်းကုမ္ပဏီမှ ဒုတိယဥက္ကဌနှင့် CEO ဖြစ်သူ Mr. Serge Pun(ခ)ဦးသိမ်းဝေ အပါအ၀င် အသိပညာရှင် အတတ်ပညာရှင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းကြီးမှာလိုအပ်တဲ့ အမေရိကန်ဒေါ်လာ ငါးဘီလီယံကို လာရောက်ရင်းနှီးမြုပ်နှံသူတွေ လာဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလို ဖိတ်ခေါ်ရာမှာလည်း NYDCအတွက် လုပ်ငန်းတွေဆောင်ရွက်ရာမှာ မျှတတဲ့ ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာရှိစေဖို့အတွက် ကမ္ဘာအနှံ့မှာကျင့်သုံးနေတဲ့ Swiss Challenge နည်းနိသယျကို လက်ခံကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဒီလိုကျင့်သုံးရာမှာလည်း ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ကြေညာခြင်း နဲ့ တင်ဒါပြန်တင်ပြခြင်းတွေ ဆိုပြီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထည့်ဝင်ငွေက အမေရိကန်ဒေါ်လာ (၇)သန်းရှိပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ဒေါ်လာ (၄.၉၉၃)ဘီလီယံအတွက် ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ဦးသိမ်းဝေက ဆွေးနွေးပွဲတွင် ပြောသည်။

ဆက်လက်၍ ဦးသိမ်းဝေက “မြန်မာပြည်မှ အချမ်းသာဆုံးက မြေပါပဲ။ ဒီမြေတွေကို အသုံးချပြီး ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာကပဲ အရေးကြီးတာပါ။” ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူ နိုင်ငံရေးနှင့် စီးပွားရေးဆောင်းပါးများရေးသားနေသူ The Voice Journal မှ ဒုတိယ အယ်ဒီတာချုပ်နှင့် မန်နေးဂျင်းအယ်ဒီတာဖြစ်သူ “အဓိကကတော့ ဒီစီမံကိန်းရေရှည်တည်တံ့အောင်ဘယ်လိုသွားမလဲပေါ့။ အန်ကယ်ဦးသိမ်းဝေကတော့ ပြောပါတယ်၊ ၅နှစ်စောင့်ကြည့်ပါပေါ့။ဒီတော့ ဘယ်လိုဆက်သွားမလဲဆိုတာ တော်တော်လေးအရေးကြီးပါတယ်။ နောက်တစ်ခုက မြန်မာပြည်မှာက နိုင်ငံရေးနဲ့ စီးပွားရေးကတော်တော်လေး စပ်ဆက်ပါတယ်။ ဒီလိုစပ်ဆက်နေတဲ့အခါကြတော့ လာမယ့် နှစ်နှစ်ဆို ရွေးကောက်ပွဲကလာတော့မယ်။ရွေးကောက်ပွဲဆိုတာကလည်း သီအိုရီအရ ဘာမှမပြောနိုင်တော့ နောက်အစိုးရပြောင်းသွားမယ်ဆိုရင် လက်ရှိဝန်ကြီးယူထားတဲ့ ဥက္ကဌရာထူးတွေဘာတွေပြောင်းသွားမလားပေါ့။အဲဒီ့အခါကျရင် လုပ်ရကိုင်ရတာ အဆင်ပြေပါ့မလားပေါ့။ ဒါ့ကြောင့် နိုင်ငံရေးအရရော စီးပွားရေး အရပါ ကြည့်ဖို့လိုပါတယ်”ဟု ဆွေးနွေးပြောကြားခဲ့သည်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်(NYDC)ကို အထူးကုမ္ပဏီများအက်ဥပဒေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်ထားကာ အလုပ်အကိုင်အခွင့်အလမ်းနှစ်သန်းခန့် ပေါ်ထွန်းလာစေမည့် စီးပွားရေးနယ်မြေတစ်ခုအဖြစ် ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင် အနောက်ဖက်ကမ်းရှိ ဧက နှစ်သောင်းခန့်မြေနေရာတွင် တာဝန်ယူဆောင်ရွက်နေကြောင်းသိရသည်။

ကိုသီဟသူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com
အလုပ်အကိုင်အခွင့်အလမ်း ၂သန်းကျော် ဖန်တီးပေးနိုင်မည်ဆိုသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service