လှိုင်သာယာ ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်မည့် စီမံကိန်း တည်ဆောက်မည့် အပေါ် မြေပိုင်ဆိုင်သော တောင်သူများ သဘောတူပြီ

လှိုင်သာယာ ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်း ဖော်ဆောင်မည့် စီမံကိန်း တည်ဆောက်မည့် အပေါ် မြေပိုင်ဆိုင်သော တောင်သူများ သဘောတူပြီ - Property News in Myanmar from iMyanmarHouse.com
22 Jun 2018 12:24 pm တွင် တင်ခဲ့သည်
4268 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း ငွေပင်လယ်ကုန်းတွင်းဆိပ်ကမ်းဖော်ဆောင်မည့်မြေ နေရာကို ပိုင်ဆိုင်ထားသည့် တောင်သူများက စီမံကိန်းတည်ဆောက်မည့်အပေါ် သဘောတူထားပြီးဖြစ်ကြောင်းသိရသည်။ တောင်သူ ၁၁ ဦးပိုင်ဆိုင်သည့် ၂၄၃ ဒသမ ၆၂ ဧကတွင် ငွေပင်လယ်ကုန်းတွင်းဆိပ်ကမ်းစီမံကိန်း ဖော်ဆောင်ရန်ရှိပြီး စီမံကိန်းအတွက်မြေသိမ်းခြင်းကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် အလယ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၃ဝဝ/ခ)နှင့် ကုန်းရွာကွင်းတို့ရှိ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ(၇) ရရှိထားသည့် တောင်သူငါးဦး၏ မြေ ၂ဝ၁ ဧကနှင့် ပုံစံ(၇)မရှိသေးသည့် တောင်သူ ခြောက် ဦး၏ မြေ ၄၂ ဒသမ ၆၂ ဧက၊ စုစုပေါင်း ၂၄၃ ဒသမ ၆၂ ဧကတွင် Dry Port စီမံကိန်းဆောင်ရွက်ရန်တိုင်းအစိုးရအဖွဲ့ ကစီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ် တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။ ဇွန် ၂၁ ရက် ရန်ကုန်လွှတ်တော်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက စီမံကိန်းပြုလုပ်ရန်အတွက် မြေသိမ်းယူခြင်းကို မိမိပိုင်မြေစွန့်လွှတ်လှူဒါန်းပါကြောင်း

လက်မှတ်ရေးထိုးခိုင်းသည်မှာ လုပ်ထုံးလုပ်နည်းနှင့်ညီ၊ မညီ၊ အဘယ်ကြောင့် မြေယာသိမ်းဆည်း ဥပဒေနှင့်အညီ မြေသိမ်းမိန့်ထုတ်ယူ၍သိမ်းယူခြင်း၊ လယ်ယာမြေပိုင်ဆိုင်သူ တောင်သူများအားဥပဒေ ပြဋ္ဌာန်းချက်နဲ့အတိုင်း ငွေပေးဆောင်မှုရှိ၊ မရှိကိုမေးမြန်းခဲ့ရာဝန်ကြီးက အထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။ တောင်သူ ၁၁ ဦးသည် လယ်မြေမှ မြို့မြေရရှိမည်ဖြစ်သည့်အတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ကြောင်းသဘောပေါက်ကာ အစိုးရနှင့် လယ်သမား ၁၁ ဦးတို့ သဘောတူညီမှုရရှိခဲ့ကြောင်း ဝန်ကြီးဦးဟံထွန်းက ပြောသည်။

'တောင်သူများအနေနဲ့ ၎င်းတို့ပိုင်ဆိုင်တဲ့မြေများအားတိုင်း အစိုးရအဖွဲ့အစီအစဉ်ဖြင့်ဆောင်ရွက်ရာ၌ မြို့မြေအဖြစ်ရရှိမည်ဖြစ်ရာ ၎င်းတို့အတွက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်းသဘောပေါက်နားလည်၍ မြေဧရိယာ ၂၄၃ ဒသမ ၆၂ ဧကတွင် လယ်မြေအား အခြားနည်းအသုံးပြုခွင့်ရရန် ဆောင်ရွက် ပေးပြီး စီမံကိန်းမြေအဖြစ်သုံးရန် ၈ဝ ရာခိုင်နှုန်းအားလည်းကောင်း လက်ရှိပိုင်ဆိုင်သူများက လယ်မြေအား အခြားနည်းအသုံးပြုခွင့်ရရှိပြီး မြို့မြေအဖြစ် ၂ဝ နှုန်းပြန်လည်ရယူရန် သဘောတူညီမှုရရှိခဲ့သဖြင့် မူလပိုင်ရှင်တောင်သူများမှ ၎င်းတို့၏ ဆန္ဒဖြင့် ဝန်ခံကတိပြုလက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံကိန်းများကိုဖော် ဆောင်ရာတွင် မြေသိမ်းဥပဒေ၊ အမှုတွဲဖွင့်ရာ၌ ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေပုဒ်မ ၃၁၊ အပိုဒ် (၃)အရ ကောလိပ်တော်အရာရှိသည် အကျိုးခွံစားခွင့်ရှိသူတောင်သူတစ်ဦးနှင့် အလဲအလှယ်ပြုလုပ်ရာတွင် အခြားသောမြေကို ဂရန်ထုတ်ပေးခြင်း(သို့မဟုတ်)ထိုသူ၏ အခြားမြေအတွက် စည်းကြပ်ထားသည့်အခွန်ကိုလျော်ပစ်ခြင်း(သို့မဟုတ်)သက်ဆိုင်ရာအကျိုးခံစား ခွင့်ရှိသူများအား မြေများပေါ် အကျိုးရှိစေမည့်အခြားသောနည်းဖြင့် နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် သဘောတူညီချက် တစ်စုံတစ်ရာကို ပြုလုပ်ခြင်းပြုလုပ်နိုင်သည်ဟု ဖော် ပြပါရှိကြောင်း သိရသည်။ Dry Port စီမံကိန်းအတွက် မြေသိမ်းခြင်းကို အဆိုပါဥပဒေနှင့် အညီဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးဦးဟံထွန်းက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ''အလယ်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၃ဝဝ/ခ)နှင့် ကုန်းရွာကွင်းရှိ ၂၄၃ ဒသမ ၆၂ ဧကကို ငွေပင်လယ် Dry Port စီမံကိန်းဆောင်ရွက်မှာဖြစ်လို့ ယင်းဧရိယာမှာပါဝင်တဲ့တောင်သူတွေနဲ့ တိုင်းအစိုးရအဖွဲ့ကညှိနှိုင်းခဲ့ပါတယ်။ ထိုသို့ညှိနှိုင်းရာမှာ နိုင်ငံတော်က ၈ဝ ရာခိုင်နှုန်း၊ တောင်သူက ၂ဝ ရာခိုင်နှုန်းဖြင့်ညှိနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံး အခြေအနေမှာ တောင်သူလယ်သမားတွေက ၂ဝ ရာခိုင်နှုန်းကို လက်ခံခဲ့ကြပါတယ်။ ထိုသို့လက် မခံစဉ်အချိန်ကာလတွေမှာ မြေ ပိုင်ဆိုင်သူတွေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ Dry Port အစီမံကိန်းအတွက် မြေစွန့်လွှတ်လှူဒါန်းပါတယ်ဆိုတဲ့စာချုပ်များရိုက်ကာ ယင်းစာချုပ်ပေါ်မှာ မြေပိုင်ရှင်တွေကို ခရိုင်အဆင့်လက်ထောက်ဌာနမှူးကနေ တာဝန်ခံစာလက်မှတ်တွေ ရေးထိုးခိုင်းခဲ့ပါတယ်။ ထိုသို့လက်မှတ်တွေထိုးခိုင်းလို့ မြေပိုင်ရှင်တွေကမထိုးခဲ့ကြပါဘူး။ ဒါကြောင့် ရန်ကုန်မြို့လိုနေရာကြီးမှာ လက် ရှိမိမိပိုင်ဆိုင်ပြီး လုပ်ငန်းလုပ်ကိုင် နေတဲ့မြေနေရာတွေကို သဒ္ဓါတရားထက်သန်စွာနဲ့ အစိုးရကို လှူဒါန်းတယ်ဆိုတာ သဘာဝကျပါသလား'' ဟု လွှတ်တော်တွင်မေးမြန်းခဲ့သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service