ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ

ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
22 Jun 2018 11:29 am တွင် တင်ခဲ့သည်
3011 ကြိမ် ကြည့်ရှု့ပြီး
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရွန်ဘာကယ်သည် အမေရိကန်ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး စူပါမာ့ကက်ကြီးများစွာ ပိုင်ဆိုင်သူ တစ်ဦးဖြစ်ပြီး ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် မွေးဖွားသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ အချက်အလက်များအရ မစ္စတာဘာကယ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂ ဘီလီယံခန့်ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။

ဘော့ပ်ဟုပ်၏ အမည်ရင်းမှာ လက်စ်လီ တောင်းနက်စ် ဟုပ်ဖြစ်ပြီး ဟာသ
သရုပ်ဆောင်၊ အဆိုတော်၊ dancer၊ အားကစားသမားနှင့် စာရေးဆရာဘဝများတွင် ကျင်လည်ခဲ့သည်။

အနုပညာသက်တမ်း နှစ်ပေါင်း ၈၀ နီးပါးအတွင်း ရုပ်ရှင်ဇာတ်လမ်းစုစုပေါင်း ၇၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆုပေးပွဲများ တင်ဆက်ရာတွင် ၁၉ ကြိမ် ပါဝင်ခဲ့ရာ အခြားမည်
သည့်သရုပ်ဆောင်ထက်မဆို ပိုမိုများပြားသည့် ပမာဏလည်း ဖြစ်သည်။

ဘော့ပ်နှင့် ဇနီးဖြစ်သူ ဒိုလိုရက်စ် ဟုပ်တို့ နေထိုင်ခဲ့သော အဆိုပါစံအိမ်ကြီးသည် ကယ်လီဖိုးနီးယားပြည်နယ်၏ နာမည်ကျော် တိုလူကာ ရေကန်ကြီးအနီးတွင် တည်ရှိသည်။

ယခုဝယ်လက်ဖြစ်သူ ရွန်ဘာကယ်လ်သည် လွန်ခဲ့သော ၆ နှစ်နီးပါးကလည်း ဒီဇိုင်နာ ဂျွန် လော့တ်နာ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ပြီး ဘော့ပ်ဟုပ်ပိုင်ဆိုင်သော နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းဖြင့် ဝယ်ယူခဲ့သေးရာ ယခုဝယ်ယူမှုမှာ ဘော့ပ်ဟုပ်၏ နေအိမ်ကို ဒုတိယအကြိမ်မြောက် ထပ်မံဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက
https://www.imyanmarhouse.com/news/read/536622 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

ယခုစံအိမ်ကို The Burbank ဟု အမည်ပေးထားပြီး ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းဖြင့် ပထမဆုံးအကြိမ် ဈေးကွက်တင်ခဲ့ဖူးပြီး ရောင်းမထွက်သောကြောင့် မကြာခဏ ဈေးနှုန်းလျှော့ချပေးမှုများ ပြုလုပ်ခဲ့သည်။

ယခုနေအိမ်ကြီးကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ရန် မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ကြိုးပမ်းခဲ့သည်။

ယခုဖြစ်ရပ်နှင့် ဆန့်ကျင်စွာပင် ဘော့ပ်ဟုပ်၏ သမီး လင်ဒါဟုပ်က သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ခြင်းသည် နေအိမ်တန်ဖိုးကို လျော့ကျစေမည့်အပြင် အလားအလာရှိသည့်ဝယ်လက်ကျဆင်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ရန် ကြိုးစားချက်မှာမူ လိုအပ်သည့် ထောက်ခံမဲ ၁၀ မဲ မရခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ချေ။

ဝယ်လက်ဖြစ်သူ မစ္စတာ ဘာကယ်လ်ကမူ ပင်မနေအိမ်ကို မူလအတိုင်း ထိန်းသိမ်းသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

အဆိုပါ ပင်မနေအိမ်ကို ၁၉၃၉ ခုနှစ်တွင် ဗိသုကာပညာရှင် ရောဘတ် ဖင်ကယ်လ်ဟောက ဆောက်လုပ်ပေးခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဗိသုကာပညာရှင် ဂျွန် အယ်လ်ဂျင်း ဝုဖ်က စတုရန်းပေ ၁၅၀၀၀ ရှိသော နေအိမ်အဖြစ် ပြောင်းလဲပေးခဲ့သည်။

နေအိမ်ခြံဝန်းအတွင်း အိမ်တွင်း၊ အိမ်ပြင်ရေကူးကန်များ၊ ပန်းဥယျာဉ်များ၊ ဧည့်ဂေဟာဆောင်တစ်ခု၊ ၃ ကျင်းစိမ် ဂေါက်ကွင်းတစ်ခုတို့လည်း ပါဝင်သည်။

ဈေးကွက်တင်သွင်းသည့် Craig Strong ၏ ထုတ်ပြန်ချက်အရ ယခုရောင်းချမှုမှ ရရှိငွေအားလုံးကို Bob & Dolores Hope Foundation သို့ လှူဒါန်းသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

Bob & Dolores Hope Foundation သည် အမေရိကန်ပြည်ထောင်စုအတွင်း အစားအစာ၊ အဝတ်အထည်၊ အမိုးအကာများ လှူဒါန်းလျက်ရှိသည့် လူမှုရေးအဖွဲ့များကို အကူအညီပေးခြင်းများ ပြုလုပ်လျက်ရှိသည့် ဖောင်ဒေးရှင်း ဖြစ်သည်။

ဘော့ပ်ဟုပ်သည် ၂၀၀၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ် ဂန္ထဝင်ကြယ်ပွင့် ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ စံအိမ်ကြီးကို အမေရိကန်သူဌေးကြီး ရွန်ဘာကယ်က ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service