၂ဝ၁၈ ခုနှစ်ထုတ် ငလျင်အန္တရာယ်ပြ မြေပုံအသစ်အား ဆောက်လုပ်ရေး လုပ်ငန်းများ အသုံးပြုနိုင်

၂ဝ၁၈ ခုနှစ်ထုတ် ငလျင်အန္တရာယ်ပြ မြေပုံအသစ်အား ဆောက်လုပ်ရေး လုပ်ငန်းများ အသုံးပြုနိုင် - Property News in Myanmar from iMyanmarHouse.com
22 Jun 2018 10:21 am တွင် တင်ခဲ့သည်
7254 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းများအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ၂ဝ၁၂ ခုနှစ်ထုတ် ငလျင်အန္တရာယ် ပြမြေပုံကို အချက်အလက် အသစ်များ ထပ်မံဖြည့်စွက်ထားသည့် ၂ဝ၁၈ ခုနှစ်ထုတ် ငလျင်အန္တရာယ် ပြမြေပုံအသစ်ကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (မန္တလေး)မှ သိရသည်။

မြန်မာနိုင်ငံမြေငလျင် အန္တရာယ်ပြမြေပုံကို ၂ဝ၁၂ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှ ယခု ၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ငလျင်လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့များနှင့် ပတ်သက်၍အချက် အလက်အသစ် များနှင့် မြန်မာနိုင်ငံ အနောက်ဘက် အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် တွန်းတိုက်နေသည့်အပိုင်းမှ အချက်အလက် အသစ်အချို့ ထပ်မံဖြည့်စွက်ထားသည့် ငလျင်အန္တရာယ်ပြမြေပုံအသစ်ကို ယခု ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် အသစ်ထပ်မံ ထုတ်ဝေထားကြောင်း သိရသည်။

"ဆောက်လုပ်ရေး လုပ်ငန်းတွေ ပဲဖြစ်ဖြစ်၊ ငလျင်အန္တရာယ်လျှော့ချ ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အခုမြေပုံအသစ်ကို သုံးမယ်ဆိုရင် ပိုပြီးတော့ကောင်းမွန်တဲ့ ရလဒ်တွေရနိုင်မယ်။

အခုလောလောဆယ်တော့ မြေပုံပဲထွက်သေးတယ်။ Report တွေကျန်သေးတယ်။ မြေပုံကိုအသုံးပြု မယ်ဆိုရင် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှာ တောင်းယူပြီး အသုံးပြုနိုင်ပါပြီ" ဟု အဆိုပါကော်မတီမှ ဒုတိယဥက္ကဋ္ဌမှ ပြောပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မြေငလျင်အန္တရာယ်ပြ မြေပုံသာ ထွက်ရှိထားပြီး အသေးစိတ် အချက်အလက်များ ပါရှိသည့် Report မှာပြင်ဆင်ဆဲရှိသေးကာ လာမည့်စက်တင်ဘာလခန့်တွင် မြေပုံနှင့် Report နှစ်ခုလုံး အဆင်သင့်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။မြေငလျင်အန္တရာယ်ပြ မြေပုံများကို အနာဂတ်တွင် ဆောက်လုပ်မည့် အဆောက်အအုံများ တည်ဆောက်ရာတွင် မည်သည့် ငလျင်ဇုန်၌ ကျရောက်နိုင်ကြောင်း အလွယ်တကူသိရှိနိုင်စေရန်၊နိုင်ငံတော်၏ စီမံကိန်းများ၊ ကျောင်း၊ ဆေးရုံ၊ စက်မှုဇုန်၊ ဆည်၊ လမ်းတံတား အပါအဝင် မြို့ပြစီမံကိန်းများ ရေးဆွဲရာ၌ ငလျင်အန္တရာယ် လျော့ကျရေးအတွက် အသုံးပြုနိုင်စေရန်နှင့် Earthquakes Management Plan များ ရေးဆွဲရာတွင် ထည့်သွင်း အသုံးပြုရန် ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

Credit :Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service