ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြင်ပ မြို့နယ်၁၁ ခုတွင်စက်မှုဇုန်များ အကောင်အထည်ဖော်မည့် အစီအစဉ်ကို သဘောမတူ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြင်ပ မြို့နယ်၁၁ ခုတွင်စက်မှုဇုန်များ အကောင်အထည်ဖော်မည့် အစီအစဉ်ကို သဘောမတူ - Property News in Myanmar from iMyanmarHouse.com
15 Jun 2018 12:27 pm တွင် တင်ခဲ့သည်
3892 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြင်ပ မြို့နယ်၁၁ ခုတွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်မည့် အစီအစဉ်ကို သဘောမတူကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ မှပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြင်ပ မြို့နယ်များ ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ရရှိစေရန် စက်မှုဇုန် ၁၁ ခုကိုဖော်ဆောင်ရန်ပြင်ဆင်နေကြောင်း လွှတ်တော်သို့တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းစက်မှုဇုန်များအား ထန်းတပင်၊ကော့မှူး၊တွံတေး စသည့် မြို့နယ်များတွင် ဖော်ဆောင်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စက်မှုဇုန်အသစ်များဖော်ဆောင်ခြင်းထက် လက်ရှိလည်ပတ်နေသည့် စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်ခြင်း၊ဥပဒေမူဝါဒများအားကောင်းလာစေရန် ဆောင်ရွက်ခြင်းတို့ အား ဦးစွာပြုလုပ်သင့်သည်။

ထိုကဲ့သို့ စနစ်များ၊ဥပဒေများ အားကောင်းလာမှစက်မှုဇုန် ၁၁ ဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်သင့် ကြေင်း ကော်မတီ အနေနှင့် တင်ပြလိုကြောင်းသိရသည်။

လက်ရှိဖွင့်လှစ်လည်ပတ်နေသည့် စက်မှုဇုန်များတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းအပါအဝင်လိုအပ်ချက်များစွာရှိနေပြီး ဆက်လက်ဖော်ဆောင်ရန် ပြင်ဆင်နေသည့် စက်မှုဇုန်များတွင် ထိုသို့ပြဿနာများ ရှိလာနိုင်သည်။

နိုင်ငံတကာ အဆင့်မီစက်မှုဇုန်များ ထူထောင်နိုင်ရန်အတွက် ထိုစက်ရုံများတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်မှု စနစ်များ၊ရေသုံးစွဲမှုစနစ်များ၊အားလုံးကိုစက်မှုဇုန် ၁၁ ခုလုံးတွင် လုပ်ငန်းများလုပ်ကိုင်မည့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့မှ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှ သာ အဆင်ပြေနိုင်မည်ဖြစ်သည်။

စက်မှုဇုန် ၁၁ ခုကို တစ်ပြိုင်တည်းဖော်ဆောင်ရန် လွယ်ကူသည့် ကိစ္စမဟုတ်ပဲ အားသာချက်၊အားနည်းချက်များကို သိရှိနိုင်ရန် ကနဦးစက်မှုဇုန် တစ်ခု၊နှစ်ခုကို သာ ရွေးချယ်ဆောင်ရွက်သင့်ကြောင်း အကြုံပြုထားသည်။

အားနည်းချက်များအားရှာဖွေပြီးကြိုတင် ပြင်ဆင်လုပ်ဆောင်မည်ဆိုလျှင် အကျိုးရှိနိုင်သည်ဖြစ်ကြောင်း ထောက်ခံမှုများ ရှိနေသည်။

ယင်းနှင့် ပတ်သက်သည့် များအား လွှတ်တော်တွင် ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။

Credit :7Day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service