မေလ၌ ထိုင်ဝမ်အိမ်ခြံမြေအရောင်းအဝယ် နှစ်နှစ်အတွင်း အများပြားဆုံးဖြစ်ခဲ့

မေလ၌ ထိုင်ဝမ်အိမ်ခြံမြေအရောင်းအဝယ် နှစ်နှစ်အတွင်း အများပြားဆုံးဖြစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
6 Jun 2018 11:29 am တွင် တင်ခဲ့သည်
2746 ကြိမ် ကြည့်ရှု့ပြီး
ထိုင်ဝမ်ရှိ အဓိကမြို့ကြီးခြောက်မြို့တွင် လူနေနှင့် ကုန်သွယ်ရေးအိမ်ခြံမြေ အရောင်းအဝယ်များ မေလတွင် မြင့်တက်ခဲ့ကြောင်း သိရသည်။

မေလ၌ တိုင်ပေ၊ နယူးတိုင်ပေ၊ ထောင့်ယွမ်၊ ထိုင်ချွန်၊ ထိုင်နန်နှင့် ကောင်းရွှမ်မြို့တို့တွင် နေအိမ်၊ ရုံးခန်းနှင့် ဆိုင်ခန်းများ အရောင်းအဝယ် ၂၀,၄၀၉ ခု ရှိခဲ့သည်။

ယင်းသည် ပြီးခဲ့သည့် ၂၉ လတာ (၂၀၁၆၊ ၂၀၁၇ နှင့် ယခုနှစ်ပထမငါးလ) အတွင်း ၎င်းထိုင်ဝမ်မြို့များတွင် အရောင်းအဝယ်အများပြားဆုံးပမာဏ ဖြစ်ကြောင်း ၎င်းမြို့များ၏ အစိုးရများက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အဆိုပါမေလ၏အရောင်းအဝယ်ပမာဏသည် ဧပြီလကထက် ၃၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မေလကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဧပြီတွင် အိမ်ခြံမြေအရောင်းအဝယ်ပမာဏသည် မတ်လအောက် ၁၉ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၇ ဧပြီလအောက် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တိုင်ပင်၌ မေလေအရောင်းအဝယ်သည် ၂,၆၃၁ ခုသာ ရှိခဲ့သော်လည်း ဧပြီထက် ၄၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အဆိုပါခြောက်မြို့အနက် အရောင်းအဝယ်မြင့်တက်နှုန်း အမြင့်ဆုံးဖြစ်သည်။

တိုင်ပေတွင် ဆုန်ရှန်၊ ကျုံးကျန်း၊ ရှင်းယီနှင့် သာအန်းခရိုင်များ၌ မေလမြင့်တက်နှုန်း ရာခိုင်နှုန်း ၅၀ ဖြင့် အရောင်းအဝယ်အများဆုံးဖြစ်ခဲ့ကြောင်း National Realty ၏ သုတေသနခေါင်းဆောင် ချန်ချင်းယွမ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် ယခုနှစ် ပထမငါးလတာအတွင်း အိမ်ခြံမြေအရောင်းအဝယ်စုစုပေါင်း ၈၄,၆၃၁ ခု ရှိခဲ့ကာ ယမန်နှစ် ပထမငါးလတာကထက် ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service