ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်လ်တို့ အာဖရိက ပျားရည်ဆမ်းခရီးမှ ပြန်လာပါက နေထိုင်ရန်အတွက် လန်ဒန်မြို့ ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်လုံးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်း

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်လ်တို့ အာဖရိက ပျားရည်ဆမ်းခရီးမှ ပြန်လာပါက နေထိုင်ရန်အတွက် လန်ဒန်မြို့ ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်လုံးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
5 Jun 2018 11:29 am တွင် တင်ခဲ့သည်
4659 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် အမေရိကန်သရုပ်ဆောင် မီဂန်မာကယ်လ်တို့သည် မင်္ဂလာပွဲမတိုင်မီကာလက ခေတ္တအတူနေထိုင်ခဲ့ကြသည့် စံအိမ်ကြီးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်းလိုက်ကြောင်း US Weekly သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါစံအိမ်မှာ ဝက်စ်ဖီးလ်ဒ်လာ့ဂ်ျဟု အမည်ရပြီး အင်္ဂလန်တောင်ပိုင်း ကော့စ်ဝေါ့စ် (Cotswolds) အရပ်တွင် တည်ရှိပြီး မင်္ဂလာပွဲမတိုင်မီက သီတင်းပတ်ကုန်အားလပ်ရက်တစ်ခုတွင် အတူနေထိုင်ခဲ့ကြဖူးသည့် နေရာလည်း ဖြစ်သည်။

လက်ရှိအားဖြင့် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့သည် အာဖရိက အရှေ့ပိုင်းသို့ ပျားရည်ဆမ်းခရီးထွက်လျက်ရှိပြီး အဆိုပါခရီးစဉ်မှ ပြန်လည်ရောက်ရှိပါက ယခုငှားရမ်းထားသည့် စံအိမ်ကြီးတွင် နေထိုင်ကြမည် ဖြစ်သည်။

မင်းသားဟယ်ရီတို့သည် ကန်ဆင်တန်နန်းတော်ဝန်းအတွင်းရှိ နော်တင်ဟမ်စံအိမ်ကြီးတွင် အမြဲအခြေချနေထိုင်ရမည်ဖြစ်သော်လည်း လက်ထပ်ပြီးစ ၎င်းတို့ဇနီးမောင်နှံနေထိုင်ရန်အတွက် ပြုပြင်မွမ်းမံမှုများ အသေးစိတ်ပြန်လည်ပြုလုပ်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ အိမ်ငှားနေထိုင်ခဲ့ရခြင်းလည်း ဖြစ်သည်။ ကန်ဆင်တန်နန်းတော်ရှိ စံအိမ်တွင် အိပ်ခန်းပေါင်း ၂၁ ခန်းအထိ ပါဝင်သည်။

သို့ရာတွင် ယခုငှားရမ်းလိုက်သည့် စံအိမ်ကြီးကို သီတင်းပတ်ကုန်ပိုင်း အားလပ်ရက်အပန်းဖြေရာနေရာအဖြစ် အသုံးပြုဖွယ်ရှိသည်ဟူသည့် ခန့်မှန်းချက်များလည်း ရှိသည်။

မီဂန်မာကယ်သသည် ကော့စ်ဝေါ့စ်အရပ်ကို နှစ်သက်ပြီး ယခုစံအိမ်ကြီးကို ပထမဆုံးစတင်ရောက်ရှိချိန်မှာပင် နှစ်သက်မြတ်နိုးသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါစံအိမ်ကြီးတည်ရှိရာ ခြံဝန်းကြီးအတွင်း မင်္ဂလာပွဲသို့ လာရောက်သည့် အခြားဧည့်စုံတွဲတစ်တွဲလည်း နေထိုင်သွားခဲ့ရာ ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့ ဖြစ်လေသည်။

ဘုရင်မကြီးသည် မင်္ဂလာလက်ဖွဲ့အဖြစ် အိမ်ခြံမြေများကို ပေးအပ်လေ့ရှိသည့် အလေ့ရှိသည်။

တော်ဝင်မင်းသား ဝီလျံနှင့် ကြင်ယာတော်ကိတ်တို့သည် အဲလစ်ဇဘက်ဘုရင်မကြီး၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်သော ဧကပေါင်း ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် Sandringham Estate စံအိမ်တော်ဝန်းကြီးအတွင်းရှိ အိပ်ခန်း ၁၀ ခန်းပါ Anmer Hall စံအိမ်ကို လက်ဖွဲ့ရရှိခဲ့သည်။

အဆိုပါအလေ့အထအတိုင်း မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့လည်း အိမ်ခြံမြေလက်ဖွဲ့ရဖွယ်ရှိသည်။

တရားဝင်ထုတ်ဖော်ကြေညာချက်များမရှိသေးသော်လည်း Sandringham Estate စံအိမ်တော်ဝန်းကြီးအတွင်းတွင်ပင် တည်ရှိသော York Cottage စံအိမ်ကို လက်ဖွဲ့အဖြစ် ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

ယခုငှားရမ်းလိုက်သည့် စံအိမ်မှာ လန်ဒန်မြို့မှ မိနစ် ၉၀ ခရီးသာရှိပြီး နွေးထွေးကာ နေသာသည့်နေရာကို လိုချင်သောကြောင့် ယခုနေရာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်လ်တို့ အာဖရိက ပျားရည်ဆမ်းခရီးမှ ပြန်လာပါက နေထိုင်ရန်အတွက် လန်ဒန်မြို့ ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်လုံးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်လ်တို့ အာဖရိက ပျားရည်ဆမ်းခရီးမှ ပြန်လာပါက နေထိုင်ရန်အတွက် လန်ဒန်မြို့ ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်လုံးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်လ်တို့ အာဖရိက ပျားရည်ဆမ်းခရီးမှ ပြန်လာပါက နေထိုင်ရန်အတွက် လန်ဒန်မြို့ ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်လုံးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်လ်တို့ အာဖရိက ပျားရည်ဆမ်းခရီးမှ ပြန်လာပါက နေထိုင်ရန်အတွက် လန်ဒန်မြို့ ဆင်ခြေဖုံးရှိ စံအိမ်ကြီးတစ်လုံးကို ၂ နှစ်စာချုပ်ဖြင့် ငှားရမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service