အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
5 Jun 2018 11:12 am တွင် တင်ခဲ့သည်
3302 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက်သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

စံအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အောရိန်းခရိုင်၊ ဆန်ကလီမန်တီမြို့တွင် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆ သောင်းကျော်သာရှိသော မြို့ငယ်လေးဖြစ်သည်။

ဆန်ကလီမန်တီမြို့၊ ပင်လယ်ကမ်းခြေတွင် တည်ရှိသော အဆိုပါစံအိမ်ကြီးကို တစ်ချိန်က ရစ်ချတ် နစ်ဆင် ပိုင်ဆိုင်ခဲ့ဖူးပြီး အနောက်ပိုင်း အိမ်ဖြူတော်ဟု နာမည်ကျော်သည်။

နစ်ဆင်က သမ္မတ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော ၃ နှစ်ခန့်က ကန်ဒေါ်လာ ၇၅ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ကန်ဒေါ်လာ ၆၃ ဒသမ ၅ သန်းသာ ဈေးခေါ်ထားရာ မူလခေါ်ဈေးအောက် များစွာလျှော့ချထားခြင်းလည်း ဖြစ်သည်။

ရောင်းချသူမှာ Allergan Pharmaceuticals မှ အမှုဆောင်အရာရှိချုပ်ဟောင်း ဂါဗင် အက်စ်- ဟားဘတ်ထ်ဖြစ်သည်။

ဟားဘတ်သည် အဆိုပါစံအိမ်ကို နစ်ဆင်ထံမှ ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

နစ်ဆင်က စံအိမ်အမည်ကို လာ ကာဆာ ပက်စီဖစ်ကာဟု အမည်ပေးခဲ့သည်။

ခြံဝန်းအကျယ်မှာ ၅ ဒသမ ၄၅ ဧကရှိပြီး ပင်လယ်နှင့် ပေ ၄၅၀ ခန့် ထိစပ်နေသည့် ကမ်းခြေပိုင်ဆိုင်ထားသည်။

ပင်မနေအိမ်ကို စပိန် ကိုလိုနီ ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာပါဝင်သည်။

ထို့အပြင် ဝန်ထမ်းလူနေခန်းများစွာနှင့် ရုံးခန်းများ ပါဝင်သည့်အပြင် greenhouse တစ်လုံး၊ ရေကူးကန်တစ်ခု၊ တင်းနစ်ကွင်းတစ်ကွင်း၊ ပန်းဥယျာဉ်များ ၊ မြက်ခင်းများ ပါဝင်သည်။

ပင်မနေအိမ်မှာ စတုရန်းပေ ၉၀၀၀ ခန့် ကျယ်ဝန်းပြီး ၁၉၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အုတ်ကြွပ်နှင့် သစ်မာသား ကြမ်းခင်းများ ခင်းထားသည်။

သမ္မတ နစ်ဆင်အသုံးပြုခဲ့သည့် ရုံးခန်းမှာ ပင်လယ်အလှကို တွေ့မြင်နိုင်သည့် မြင်ကွင်းကောင်းရှိပြီး ရေချိုးခန်းနှင့် အဝတ်အစားထားသိုခန်းတို့ ပါဝင်သည့် master bedroom တစ်ခန်းလည်း ပါဝင်သည်။

အခန်းများမှာ ခြံနောက်ဘက် ရေတံခွန်တည်ရှိရာသို့ တိုက်ရိုက်သွားရောက်နိုင်ရန် စီစဉ်ဆောက်လုပ်ထားသည်။

ဖျော်ဖြေရေးအတွက် စတုရန်းပေ ၃၀၀၀ ခန့် ကျယ်ဝန်းသည့် အဆောင်တစ်ခုအပြင် အခြားအဆောက်အအုံများစွာလည်း ပါဝင်ပြီး ကြမ်းခင်းဧရိယာစုစုပေါင်း ၁၅၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

ရစ်ချတ်နစ်ဆင် နေထိုင်အသုံးပြုရန်အတွက် ၁၉၆၉ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါစံအိမ်ကြီးတွင် ဂျပန်ဝန်ကြီးချုပ် အီဆာကူ ဆာတို၊ တောင်ဗီယက်နမ်သမ္မတ ငုယင် ဗန် ထီးယူနှင့် အမေရိကန်သမ္မတဟောင်း လင်ဒန် ဂျွန်ဆင်တို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များစွာကို ဧည့်ခံခဲ့ဖူးသည်။

အဆိုပါစံအိမ်ကြီးတွင် ခြေချခဲ့ဖူးသည်မှာ ရစ်ချတ်နစ်ဆင်မှာ ပထမဆုံးအမေရိကန်သမ္မတ မဟုတ်သေးချေ။

ဟမ်မိလ်တန် အိတ်ခ်ျ-ကော့တွန်အမည်ရှိ ဘဏ္ဍာရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်ခဲ့စဉ်က အမေရိကန်သမ္မတ ဖရန်ကလင်ဒီ ရုစဗဲ့ လာရောက်လည်ပတ်ကာ ပိုကာကစားခဲ့ဖူးသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည်ထောင်စု၏ ၃၇ ဆက်မြောက် သမ္မတ နစ်ဆင်နေထိုင်ခဲ့ကာ ဖရန်ကလင် ဒီ ရုစဗဲ့ ဖဲရိုက်ခဲ့ဖူးသည့် အနောက်ပိုင်းအိမ်ဖြူတော်ဟု လူသိများသောစံအိမ်ကြီး ကန်ဒေါ်လာ သန်း ၆၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service