ဟယ်ရီဆင်ဖို့ဒ်နှင့် တတိယမြောက်ဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူ

ဟယ်ရီဆင်ဖို့ဒ်နှင့် တတိယမြောက်ဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
5 Jun 2018 10:52 am တွင် တင်ခဲ့သည်
3250 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် ဟောလိဝုဒ်ကြယ်ပွင့် ဟယ်ရီဆင်ဖို့ဒ်နှင့် လက်ရှိဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့သည် လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဟယ်ရီဆင်ဖို့ဒ်သည် ဇနီးဟောင်း မယ်လစ်ဆာ မာသီဆန်နှင့် ၂၀၀၄ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ယခုတတိယမြောက်ဇနီး ကာလစ္စတာနှင့် ၂၀၀၂ ခုနှစ်တွင် ချစ်ကြိုက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် လက်ထပ်ခဲ့ကြသည်။
ကာလစ္စတာသည် “Brothers and Sisters” ရုပ်သံ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသမီးတစ်ဦးလည်းဖြစ်သည်။

ဟယ်ရီဆင်ဖို့ဒ်တို့ ဇနီးမောင်နှံသည် စတုရန်းပေ ၁၄၀၀၀ ခန့်ကျယ်ဝန်းသော ယခုနေအိမ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း Real Estalker ၏ သတင်းတစ်ရပ်တွင်လည်း ဖော်ပြသည်။

မကြာသေးမီ နှစ်များအတွင်းကမှ ဆောက်လုပ်ခဲ့သည့် နေအိမ်သစ်တစ်လုံးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အစောပိုင်းက အရောင်းဈေးကွက်သို့ ပထမဆုံးရောက်ရှိခဲ့ဖူးပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၅ သန်းကျော်ဖြစ်သည်။

နေအိမ်အတွင်း အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်ပြီး လာရောက်လည်ပတ်မည့် ဆွေမျိုးသားချင်းဧည့်သည်များ တည်းခိုနိုင်ရန် အခန်းများစွာ ပါဝင်သေးသည်။

ဟယ်ရီဆင်ဖို့ဒ်တွင် သားသမီး ၄ ဦးနှင့် မြေး ၃ ဦး ရှိသည်။

ဟယ်ရီဆင်ဖို့ဒ်သည် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့တွင် မွေးဖွားခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၎င်းအား အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်မှာ Star Wars ဇာတ်လမ်းတွဲများနှင့် အင်ဒီယာနာဂျုံးစ်ဇာတ်လမ်းတွဲများ ဖြစ်သည်။

အနုပညာသက်တမ်း နှစ်ပေါင်း ၆၀ ခန့်အတွင်း နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည့်အနက် အခြားနာမည်ကျော် ဇာတ်ကားများမှာ Apocalypse Now (၁၉၇၉)၊ The Fugitive (၁၉၉၃)၊ American Graffiti (၁၉၇၃)၊ The Conversation (၁၉၇၄)၊ Star Wars (၁၉၇၇) နှင့် Raiders of the Lost Ark (၁၉၈၁) တို့ ဖြစ်ကြသည်။

၂၀၁၆ ခုနှစ် စာရင်းများအရ ဟယ်ရီဆင်ဖို့ဒ်၏ ဇာတ်ကားအားလုံးမှ စုစုပေါင်းဝင်ငွေ အမေရိကန်တစ်နိုင်ငံတည်းတွင်ပင် ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံခန့်ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ကန်ဒေါ်လာ ၆ ဘီလီယံကျော်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟယ်ရီဆင်ဖို့ဒ်နှင့် တတိယမြောက်ဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟယ်ရီဆင်ဖို့ဒ်နှင့် တတိယမြောက်ဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟယ်ရီဆင်ဖို့ဒ်နှင့် တတိယမြောက်ဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟယ်ရီဆင်ဖို့ဒ်နှင့် တတိယမြောက်ဇနီး ကာလစ္စတာ ဖလော့ခ်ဟာ့ထ်တို့ လော့စ်အိန်ဂျလိရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service