ရှေးဟောင်းစာရင်းဝင် သတ်မှတ်လိုက်သည့်အတွက် မဟတ္တမဂန္ဒီခန်းမ ပြင်ဆင်ခြင်းလုပ်ငန်းများကို တားမြစ်ထား

ရှေးဟောင်းစာရင်းဝင် သတ်မှတ်လိုက်သည့်အတွက် မဟတ္တမဂန္ဒီခန်းမ ပြင်ဆင်ခြင်းလုပ်ငန်းများကို တားမြစ်ထား - Property News in Myanmar from iMyanmarHouse.com
4 Jun 2018 12:14 pm တွင် တင်ခဲ့သည်
2930 ကြိမ် ကြည့်ရှု့ပြီး
၁၉၁၁ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သော မဟတ္တမဂန္ဒီခန်းမကို မြို့ပြအမွေအနှစ် ရှေးဟောင်းစာရင်းဝင်အဖြစ် သတ်မှတ်လိုက်သည့်အတွက် လက်ရှိတွင် အဆိုပါခန်းမ ပြင်ဆင်ခြင်းလုပ်ငန်းများမပြုလုပ်ရန် တားမြစ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဇွန် ၃ ရက်တွင် နိုင်ငံပိုင်သတင်းစာတွင် ကြေညာလိုက်သည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင်ရှိသော မဟတ္တမဂန္ဒီခန်းမအဆောက်အဦကို မြို့ပြအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သောကြောင့် လက်ရှိ ပြင်ဆင်ခြင်းလုပ်ငန်းများပြုလုပ်နေသည့် ယင်းအဆောက်အဦကို ပုံစံပြောင်းလဲ ပြင်ဆင်ခြင်း၊ အသစ်ပြောင်းလဲ ဆောက်လုပ်ခြင်းများကို ခွင့်မပြုကြောင်း သိရသည်။

ထိုအဆောက်အဦသည် ဗြိတိသျှကိုလိုနီခေတ်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သော သတင်းစာများထဲမှ တခုဖြစ်သော The Rangoon Time သတင်းစာ၏ ရုံးအဖြစ်အသုံးပြုခဲ့ပြီး၊ ၁၉၅၁ ခုနှစ်တွင် ထိုအဆောက်အဦးအား ဂန္ဓီအောက်မေ့ဖွယ်အမှတ်တရအဖြစ် ဦးနုနှင့် အိန္ဒိယသံမှူး M.A.Rauf တို့မှ ဝယ်ယူခဲ့သည်။

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့သော ၎င်းအဆောက်အဦတွင် ၁၉၉၀ ဇူလိုင်လ ရွေးကောက်ပွဲရလဒ်အား စစ်အစိုးရမှ ငြင်းဆန်နေချိန် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စားလှယ်များ ယင်းခန်းမအတွင်းစုဝေးခဲ့ပြီး ဂန္ဒီကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။

ဂန္ဒီခန်းမသည် နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍနှင့် ပြည်တွင်းနိုင်ငံရေးအရ အရေးပါသည်သာမက ရာစုနှစ်ကြာ ဗိသုကာလက်ရာအတွက်ပါ ထိန်းသိမ်းသင့်သည်ဟု Yangon Heritage Trust ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။

၎င်းက "ဒီအဆောက်အအုံဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးအတွက်ရော၊ နိုင်ငံရဲ့ ခေတ်သစ်ဒီမိုကရေစီသမိုင်းရဲ့ အစိတ်အပိုင်းအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုအတွက်ပါ အရေးကြီးပါတယ်။ ဒါက သက်တမ်း နှစ် ၁၀၀ ကျော် ရှိတဲ့ မြို့ပြအမွေအနှစ်လေ။ တကယ့်ကိုထိန်းသိမ်းသင့်ပါတယ်"ဟု ပြောသည်။

လက်ရှိအချိန်တွင် ဂန္ဒီခန်းမအား ဟိန္ဒူဂေါပကအဖွဲ့မှ ထိန်းသိမ်းထားသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service