လယ်ယာမြေများကို အိမ်ရာမြေအဖြစ် ဥပဒေမဲ့ အကွက်ရိုက်ရောင်းချနေမှုများတွင် ပါဝင်ပတ်သက်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင် ရာဝန်ထမ်းများကို အရေးယူမည်ဟု တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကပြောကြားသည်။
မေလ ၃၀ရက်ကထားဝယ် ခရိုင် လောင်းလုံးမြို့ ဗထူးခန်းမ တွင်ပြုလုပ်သည့် တိုင်းအစိုးရနှင့် ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား၌ မြို့နယ်အတွင်း ဥပဒေမဲ့လယ်ယာမြေရောင်းဝယ် နေခြင်းများနှင့် ပတ်သက်၍၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားကြောင်းတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကပြောသည်။
‘‘မြေယာကိစ္စတွေမှာ ၀န် ထမ်းတွေတာဝန်ယူမှု၊ တာဝန်ခံ မှုရှိရှိနဲ့ တာဝန်ကျေအောင်လုပ်ဖို့၊ ဒီလိုမဟုတ်ဘဲ အဂတိလိုက်စား မယ်ဆိုရင် လက်တွဲဖြုတ်သင့် ဖြုတ်မယ်၊ အရေးယူမယ်။ ရပ် ကျေးအုပ်ချုပ်ရေးမှူး အသစ်တွေ အနေနဲ့လည်း ဥပဒေကိုလေ့လာ ပြီး ဥပဒေနဲ့အညီလုပ်ဖို့ဝန်ကြီးချုပ် ကပြောခဲ့တယ်’’ ဟု ဦးမြင့်စန်း ကဆိုသည်။
တနင်္သာရီတိုင်းအတွင်း လယ်ယာမြေအခြားနည်းအသုံး ပြုခွင့်မရဘဲ အိမ်ရာမြေအဖြစ် မြေကွက်ရိုက်၍ ရောင်းဝယ်နေမှု များသည် ထားဝယ်ခရိုင်အတွင်း အများဆုံးဖြစ်ပွားနေပြီး အချို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ် ကျေးစာရေးများနှင့် မြေစာရင်း ၀န်ထမ်းများပါဝင် ပတ်သက်နေ ကြောင်း ၎င်းကဆက်လက်ပြော သည်။
ထိုသို့ လယ်ယာမြေများကို ဥပဒေမဲ့ရောင်းချနေမှုများတွင် ပါ ၀င်ပတ်သက်ကာ သတင်းထိမ် ချန် သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာရေးများ အပါအ ၀င်မြေတိုင်းစာရေးများနှင့်ရောင်း သူ၊ ၀ယ်သူများအား ဥပဒေနှင့်အ ညီ တရားစွဲဆိုအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးမြင့် စန်းကပြောသည်။
‘‘ပုံစံ (၇) ရှိရင် ရောင်းခွင့်၊ ၀ယ်ခွင့်ရှိတယ်။ လယ်ရောင်းလို့ ၀ယ်တဲ့သူက လယ်စိုက်ရင်ပြဿ နာမရှိဘူး။ အခုက အခြားနည်း အသုံးပြုခွင့်မကျသေးဘဲ မြေ ကွက်ရိုက်ပြီး ရောင်းကြတာ။ အဲ ဒါကို လက်မှတ်ထိုးတဲ့ရပ်ကျေး အုပ်ချုပ်ရေးမှူးကတော့ တာဝန် ရှိတယ်’’ ဟု ၎င်းကရှင်းပြသည်။
အဆိုပါမြေယာပြဿနာ များပေါ်ပေါက်လာသည့်အချိန် တွင်မှ အရေးယူဆောင်ရွက်ခြင်း ထက် ကျေးရွာများအတွင်း လယ် ယာမြေများကို ဥပဒေမဲ့ဆောင် ရွက်နေမှုများကို အချိန်နှင့် တစ် ပြေးညီထိရောက်စွာဟန့်တား အ ရေးယူဆောင်ရွက်ရန် လိုအပ် ကြောင်း လောင်းလုံးမြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးဗိုလ်ထွေးကပြောသည်။
Credit: 7Daydaily