ဒူဘိုင်းတွင် အိမ်ခြံမြအရောင်းအဝယ်အားလုံး ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒီဂျစ်တယ်စနစ်ဖြစ်တော့မည်

ဒူဘိုင်းတွင် အိမ်ခြံမြအရောင်းအဝယ်အားလုံး ၂၀၂၀ ပြည့်နှစ်မကုန်မီ ဒီဂျစ်တယ်စနစ်ဖြစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
4 Jun 2018 10:01 am တွင် တင်ခဲ့သည်
2803 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်များအား စာရွက်စာတမ်းမှတ်တမ်းတင်ရခြင်းမှ ကင်းဝေးစေရန်နှင့် အကျိုးဆောင်ခပေးရမှုနှင့်အကျိုးဆောင်လုပ်ငန်းစဉ်များ လျော့နည်းစေပြီး အရောင်းအဝယ်၊ အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာ ငွေကြေးချေးငှားမှုတို့အတွက် လူပုဂ္ဂိုလ်ချင်း တွေ့ဆုံရန် မလိုအပ်စေမည့် ဒီဂျစ်တယ်အိမ်ခြံမြေအရောင်းအဝယ်စနစ်ကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် လာမည့် ၂၀၂၀ ပြည့်နှစ်၌ အပြည့်အဝစတင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဒူဘိုင်းအိမ်ခြံမြေဌာန (DLD) က အိမ်ခြံမြေကိုယ်တိုင်အရောင်းအဝယ်ဟု အဓိပ္ပါယ်ရသည့် Real Estate Self Transaction (REST) အမည်ရ ဒီဂျစ်တယ်ပလက်ဖောင်းတစ်ခုကို နှစ်နှစ်အတွင်း ချပြအသုံးပြုတော့မည် ဖြစ်သည်။

REST ကို ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်မကုန်မီ စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းသည် အိမ်ခြံမြေအရောင်းအဝယ်များမှသည် ငှားရမ်းမှုများအထိ အရောင်းအဝယ်အမျိုးအစားအစုံအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း DLD က မေ ၃၀ တွင် ကြေညာခဲ့သည်။

"အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဉ်မှာ သမားရိုးကျကန့်သတ်ချက်
အများအပြားကို ဖယ်ရှားလိုက်ခြင်းဖြင့် စမတ်အိမ်ခြံမြေစနစ်က အိမ်ခြံမြေပိုင်ရှင်များအား ကမ္ဘာတစ်ဝန်း မည်သည့်နေရာမှမဆို အချိန်မရွေး သူတို့၏အိမ်ခြံမြေများကို အရောင်းအဝယ်ပြုလုပ်ခွင့် ရစေပါတယ်" ဟု DLD ညွှန်ကြားရေးမှူးချုပ် ဆူလ်တန်ဘဘင်မက်ဂျရန်က ပြောကြားခဲ့သည်။

အသုံးပြုသူများသည် ၎င်းဒီဂျစ်တယ်ပလက်ဖောင်းအား စမတ်အပလီကေးရှင်း
တစ်ခုမှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။ ပလက်ဖောင်းက အသုံးပြုသူများအား ငွေကြေးအဖွဲ့အစည်းများနှင့်လည်း တိုက်ရိုက်ချိတ်ဆက်
ပေးမည်ဖြစ်သဖြင့် ငွေကြေးချေးငှား၊ ပေးချေလွှဲပြောင်းမှုများကို အဆင်ပြေ
ချောမွေ့စွာ လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

ထိုသို့ဖြင့် REST က အိမ်ခြံမြေပိုင်ရှင်များအား သူတို့၏ အိမ်ခြံမြေများအတွက် အိမ်ခြံမြေမန်နေဂျာနှင့် အကျိုးဆောင်တို့နှင့် ကင်းဝေစေမည်ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service