ကချင်ပြည်နယ်တွင် ပထမဆုံးစက်မှုဇုန် အကောင်အထည်ဖော်ရန် စီစဉ်

ကချင်ပြည်နယ်တွင် ပထမဆုံးစက်မှုဇုန် အကောင်အထည်ဖော်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
4 Jun 2018 9:42 am တွင် တင်ခဲ့သည်
3319 ကြိမ် ကြည့်ရှု့ပြီး
ကချင်ပြည်နယ်၏ ပထ မဆုံးစက်မှုဇုန်ကို မကြာမီမြေယာလေ့လာဆန်းစစ်မှု စတင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောသည်။

မြေဧက ၄,၇၀၀ အကျယ် တွင် အကောင်အထည်ဖော်မည့် ‘မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးစီမံ ကိန်း’ ဟု အမည်ပေးထားသော စက်မှုဇုန်ကို ကချင်ပြည်နယ်အစိုး ရနှင့် တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟိန်ရုန်ရင်းနှီးမြှုပ်နှံကုမ္ပဏီလီမိ တက်တို့သည် မြစ်ကြီးနားစီးပွား ဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင် အထည်ဖော်ရေး နားလည်မှုစာချွန်လွှာကို မေလ ၈ ရက်တွင် ရေးထိုးခဲ့သည်။ ထို့နောက်လုပ်ငန်း စတင်ရန် စီစဉ်နေသည်ဟု ၎င်းကဆက်လက်ပြောသည်။

‘‘ပြည်နယ်က မငြိမ်းချမ်း တော့ ပြည်တွင်းက ဘယ်လုပ်ငန်း ရှင်မှ လာမလုပ်ချင်ကြဘူး။ တရုတ်တွေဘက်က ရှားရှားပါး ပါး တင်ပြလာတာ။ ဖြစ်အောင် တော့ လုပ်ရမယ်’’ဟု ဒေါက်တာ ခက်အောင်က ပြောသည်။

အပိုင်း သုံးပိုင်းဖြင့် တည် ဆောက်မည့် စီမံကိန်းအတွက် တရုတ်ကုမ္ပဏီက ပြည်နယ်အစိုးရထံတင်ပြလာသည်ဟု ဒေါက်တာခက်အောင်က ပြောသည်။

အဆိုပါ စီမံကိန်းအပိုင်း (၁)တွင် လယ်ယာထွက်ကုန်များကို တန်ဖိုးမြင့်ထွက်ကုန်များအဖြစ် အဆင့်မြှင့်တင်ပြီး ပြည်တွင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်ဖြစ် သည်ဟု ဆိုသည်။ အဆိုပါ စီမံ ကိန်းအကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင် ရန် စီစဉ်ထားပြီး အသေးစိတ်ကို စီမံကိန်းလေ့လာပြီးမှသာ အ တည်ပြုနိုင်မည်ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောသည်။

အဆိုပါ စီမံကိန်းကို ပြည် ထောင်စုအစိုးရက သဘောတူ ထားပြီး တရုတ်ကုမ္ပဏီသည် ပြည်ပပို့ကုန်များတင်ပို့မှုတွင် ကျွမ်းကျင်သည့် ကုမ္ပဏီတစ်ခုဖြစ် ကြောင်း ဒေါက်တာခက်အောင် က ပြောသည်။

ကချင်ပြည်နယ်တွင် စက်မှု ဇုန်တစ်ခု မဖြစ်မနေလိုအပ်နေ ပြီး ယခင်အစိုးရလက်ထက်၌ ၀ိုင်းမော်မြို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဒုံးခါးနော်ဆန်က ပြောသည်။

ကချင်ပြည်နယ်တွင် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ပါက မြေယာပြဿနာမဖြစ် မနေ တက်မည်ဖြစ်သော်လည်း မြေယာပြဿနာနှင့် တရုတ်ကုမ္ပ ဏီ၏ အရည်အသွေးကို ပြည်နယ် အစိုးရက ထိန်းချုပ်ဖြေရှင်းနိုင်ရ မည်ဟု ၎င်းကဆက်လက်ပြော သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service