ပြည်သူ့အိမ်ရာကို နိုင်ငံခြားသားပြန်ငှားစားလျှင် အရေးယူမည်

ပြည်သူ့အိမ်ရာကို နိုင်ငံခြားသားပြန်ငှားစားလျှင် အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
31 May 2018 10:37 am တွင် တင်ခဲ့သည်
4413 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့အိမ်ရာများ တွင် နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုများ ကို စိစစ်တွေ့ရှိပါက အရေးယူမည်ဟု တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၂၈ ရက်က ကျင်းပသော တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။

ပြည်သူ့အိမ်ရာဆိုသည်မှာ အိမ်မပိုင်သူ များနှင့် နေရေးအခက်အခဲရှိသော ဝန်ထမ်းများအတွက် ယခင်အစိုးရအဆက်ဆက် လက်ထက်က ဆောက်လုပ်ပေးကာ အဖိုးနှုန်းချိုသာစွာဖြင့် ငှားရမ်းပေးသည့် အိမ်ရာများကို ဆိုလိုခြင်းဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနလက်အောက်တွင် ရန်ကုန်တိုင်း အတွင်း၌ ပြည်သူ့အိမ်ရာ ၁၆ ခုရှိသည်ဟု တိုင်းအစိုးရ၏အဆိုအရ သိရသည်။

''ပြည်သူ့အိမ်ရာတွေမှာ နိုင်ငံခြားသားများ တရားဝင်နေထိုင်ခွင့်မရှိပါဘူး။ ညအိပ် ညနေဧည့်သည်အဖြစ် တည်းခိုမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်းသာ စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒေါ်နီလာကျော်က ဆိုသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် သက်တမ်းကြာမြင့်နေပြီဖြစ်သော ပြည်သူ့အိမ်ရာများကို ကွင်းဆင်းစစ်ဆေးပြီး အဆင့်အတန်းမြှင့်တင်ခြင်းများ လုပ်ဆောင်ရန်၊အိမ်ရာများတွင် သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှုမရှိပါက အရေးယူဆောင်ရွက်ရန်နှင့် ပြည်သူ့အိမ်ရာများတွင် နိုင်ငံခြားသားများ နေထိုင်မှုကို စိစစ်အရေးယူရန် ကိစ္စရပ်များကို ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းအမတ် ဦးကျော်ဇေယျက မေးမြန်းခဲ့သည်။

ပြည်သူ့အိမ်ရာများတွင် နိုင်ငံခြားသားများအနေဖြင့် တရားဝင်နေထိုင်ခွင့် မရှိသော်လည်း ပြည်သူ့အိမ်ရာအများစုတွင် နိုင်ငံခြားသားများအား တစ်ဆင့်ပြန်လည်ငှားရမ်းထားသည်များကို တွေ့ရကြောင်းလည်း ၄င်းကဆိုသည်။

'' ဦးဝိစာရအိမ်ရာမှာဆိုရင် အခန်းပေါင်း ၆၈၄ ခန်းမှာ အခန်း ၂ဝ လောက်က နိုင်ငံခြားသားတွေကို ပြန်ငှားထားတယ်။ အစိုးရကိုသွင်းတော့ တစ်လမှ ငါးထောင်ခြောက်ထောင်လောက်ပဲ သွင်းရတယ်။ နိုင်ငံခြားသားကိုငှားတော့ ခြောက်သိန်း၊ ခုနစ်သိန်းလောက် ရတယ်လေ။ အခြားနေရာတွေမှာလည်း အများကြီးရှိတယ်''ဟု ၄င်းက ပြောသည်။

ပြည်သူ့အိမ်ရာများအတွင် ငှားရမ်းနေထိုင်သူများအတွက် အိမ်ရာအုပ်ချုပ်ရေးစခန်းများ ဖွင့်လှစ်ပြီး အိမ်ငှားစည်းကမ်းချက် ၂၆ ချက်ပါ အိမ်ငှားစာချုပ်ချုပ်ဆိုပြီး စီမံခန့်ခွဲလျက်ရှိကြောင်း၊ စည်းကမ်းဖောက်ဖျက်ပါက လူမှုရေးနည်းလမ်းအရ အုပ်ချုပ်ရေးစခန်းနှင့် သာယာရေးကော်မတီ ပူးပေါင်းဖြေရှင်းပြီး လိုအပ်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။


Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service