မလေးရှားအစိုးရ၏ ဝန်ထမ်းကြိုတင်စုဆောင်းရန်ပုံငွေအဖွဲ့က ပိုလန်နိုင်ငံရှိ ဈေးဝယ်စင်တာကြီးတစ်ခုကို ရင်းဂစ် ၁ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူ

မလေးရှားအစိုးရ၏ ဝန်ထမ်းကြိုတင်စုဆောင်းရန်ပုံငွေအဖွဲ့က ပိုလန်နိုင်ငံရှိ ဈေးဝယ်စင်တာကြီးတစ်ခုကို ရင်းဂစ် ၁ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
31 May 2018 10:23 am တွင် တင်ခဲ့သည်
3304 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားအစိုးရ၏ ဝန်ထမ်းကြိုတင်စုဆောင်းရန်ပုံငွေအဖွဲ့ (EPF) သည် ပိုလန်နိုင်ငံရှိ ဈေးဝယ်စင်တာကြီးတစ်ခုကို ရင်းဂစ် ၁ ဒသမ ၄ ဘီလီယံ (ပေါင် သန်း ၃၀၀ နီးပါး) ဖြင့် ဝယ်ယူလိုက်ကြောင်း မလေးရှားအခြေစိုက် The Star သတင်းတစ်ရပ်တွင် ဖော်ပြသည်။

EPF သည် မလေးရှား ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်ခံဖြစ်ပြီး မလေးရှားနိုင်ငံအတွင်း ပုဂ္ဂလိကကဏ္ဍတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများ၏ ငွေစုဆောင်းခြင်းနှင့် အလုပ်မှအနားယူခြင်းဆိုင်ရာများ ကိုင်တွယ်ပေးသည့် အဖွဲ့အစည်းဖြစ်သည်။

မလေးရှားတွင် ပုဂ္ဂလိက ကဏ္ဍ၌ အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းတိုင်းသည် EPF တွင် အဖွဲ့ဝင်အဖြစ် မဝင်မနေရ သတ်မှတ်ထားသည်။

ပိုလန်ရှိ ဂလာရီယာ ကာတိုဝစ်ကာ ဈေးဝယ်စင်တာကို ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့သည်၊ နှစ်စဉ်ပြန်ရငွေမည်မျှရှိမည်ကိုမူ EPF က ထုတ်ဖော်ကြေညာခြင်း မပြုခဲ့ချေ။

ယခုရင်းနှီးမြှုပ်နှံမှုမှ ရေရှည်အကျိုးအမြတ်များစွာရရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟုသာ ထုတ်ပြန်ထားသည်။

ဈေးဝယ်စင်တာ တည်နေရာမှာ ပိုလန်နိုင်ငံ၏ မြို့တော် ဝါဆောမှ ကီလိုမီတာ ၂၆၀ ခန့် ဝေးကွာသော ကာတိုဝိုက်စ်အရပ်တွင် တည်ရှိပြီး ပိုလန်၏ ဒုတိယအကြီးမားဆုံးမြို့တော် ကရာကော့နှင့်လည်း ကီလိုမီတာ ၇၀ ခန့်သာ ဝေးကွာသည်။

ဈေးဝယ်စင်တာ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၅၁၁၂၈၆ ရှိပြီး ရထားဘူတာရုံသို့ တိုက်ရိုက်ရောက်ရှိနိုင်သည့်အပြင် မြေအောက် ကားမှတ်တိုင်နှင့်လည်း နီးကပ်စွာ တည်ရှိသည်။

၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လစဉ် လာရောက်ဝယ်ယူသူပေါင်း ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၃ သန်းအကြားရှိသည်ဟု ဆိုသည်။

EPF သည် ယခုဈေးဝယ်စင်တာကို ဝယ်ယူရာတွင် အိမ်ခြံမြေကဏ္ဍများလုပ်ဆောင်သည့် ဌာနခွဲ Kwasa Europe မှ တစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မန်နေဂျာ မေယာ ဘာ့ဂ်မန်းက ဦးဆောင်မှုပေးခဲ့သည်။

အရောင်းအဝယ်ကို ပြီးခဲ့သည့်မတ်လအတွင်းက အပြီးသတ်သဘောတူခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရပြီး လန်ဒန်အခြေစိုက် Savills Investment Management ကုမ္ပဏီက အကျိုးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ အစောပိုင်းကလည်း နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်နှင့် မိုအာဒစ်ခ်တို့ရှိ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံ ၂ ခု ဝယ်ယူခဲ့ရာတွင်လည်း Savills Investment Management ကုမ္ပဏီကပင် အကျိုးဆောင်ပေးခဲ့သည်။

Kwasa Europe သည် ယခင်ကလည်း ပိုလန်တွင် အိမ်ခြံမြေများ ဝယ်ယူထားခဲ့ဖူးရာ ဝါဆောရှိ Gdanski Business Centre ရုံးအဆောက်အအုံကြီးနှင့် ဂိုဒေါင်အချို့တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားအစိုးရ၏ ဝန်ထမ်းကြိုတင်စုဆောင်းရန်ပုံငွေအဖွဲ့က ပိုလန်နိုင်ငံရှိ ဈေးဝယ်စင်တာကြီးတစ်ခုကို ရင်းဂစ် ၁ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service