America Online ပူးတွဲတည်ထောင်သူ ကွယ်လွန်ပြီးနောက် ဝါရှင်တန်ဒီစီရှိ စံအိမ် ၂ လုံးပါ ခြံဝန်းကြီး ကန်ဒေါ်လာ ၆၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ

America Online ပူးတွဲတည်ထောင်သူ ကွယ်လွန်ပြီးနောက် ဝါရှင်တန်ဒီစီရှိ စံအိမ် ၂ လုံးပါ ခြံဝန်းကြီး ကန်ဒေါ်လာ ၆၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
29 May 2018 11:05 am တွင် တင်ခဲ့သည်
3177 ကြိမ် ကြည့်ရှု့ပြီး
America Online ဟုခေါ်သော AOL သည် နယူးယောက်တွင် အခြေစိုက်သည့် web portal တစ်ခုဖြစ်ပြီး online service provider လည်း ဖြစ်သည်။

၁၉၉၀ ပြည့်လွန် အင်တာနက်ခေတ်ဦးကာလများတွင် ပေါ်ပေါက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွင်း web ပေါ်တွင် လူသိအများဆုံးဖြစ်ခဲ့သည်။

အမေရိကန်ပြည်သူ သန်းပေါင်းများစွာကို ဖုန်းလိုင်းမှတဆင့် အင်တာနက်ဝန်ဆောင်မှုပေးခြင်း၊ e-mail နှင့် instant messaging ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် Verizon Communications က ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

ယခုအခါ AOL ပူးတွဲတည်ထောင်သူ၊ ဒေါ့ကွန်းစွန့်ဦးလုပ်ငန်းရှင် ဂျိမ်းစ် ဗွီ-ကင်ဆေးက ဝါရှင်တန်ဒီစီရှိ နေအိမ်ကို ကန်ဒေါ်လာ ၆၂ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာရာ ဝါရှင်တန်တွင် တန်ဖိုးအကြီးဆုံး အရောင်းအဝယ်အဖြစ် စံချိန်တင်လာဖွယ်ရာ ရှိသည်။

မြစ်ကမ်းစပ်တွင် တည်ရှိသည့် အဆိုပါခြံဝန်းတွင် နေအိမ် ၂ လုံးပါဝင်ရာ ဂျိမ်းစ် ဗွီ ကင်ဆေးတည်ဆောက်ခဲ့သည့်နေအိမ်နှင့် အခြားတစ်လုံးမှာ ဗိသုကာခေတ်ဦး၏ မီးရှုးတန်ဆောင်ပုဂ္ဂိုလ်ကြီးဖြစ်သော ဖရန့်ခ် လွိုက်ဒ် ရိုက်ထ် ဒီဇိုင်းရေးဆွဲပေးခဲ့သည့် နေအိမ်ဖြစ်သည်။

Sotheby’s International Realty ကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

မစ္စတာ ကင်ဆေးက ၁၉၉၉ ခုနှစ်တွင် ယင်းခြံဝန်းကို ကန်ဒေါ်လာ ၇ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် အိပ်ခန်း ၆ ခန်း ပါဝင်ကာ စတုရန်းပေ ၂၄၅၀၀ ခန့်ကျယ်ဝန်းသော ပင်မနေအိမ်ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

နေအိမ်၏ ရှေ့မျက်နှာစာမှာ ထုံးကျောက်များဖြင့် အီတလီဟန် မွမ်းမံဆောက်လုပ်ထားကာ မြစ်ကမ်းဘက်မျက်နှာစာကိုမူ ခေတ်ပြိုင်အသွင်ဆောက်လုပ်ထားရာ တစ်နေရာစီ၏ ဓာတ်ပုံများကို ခွဲခြားကြည့်မြင်ရသူများအဖို့ နေအိမ်တစ်လုံးတည်းဖြစ်သည်ဟု အထင်ရောက်ဖွယ်မရှိချေ။

နေအိမ်အတွင်း မီးဖိုဆောင် ၄ ခု၊ ဂိုဒေါင် ၂ လုံး၊ အရက်ဘား- ရှန်ပိန်ထည့်သွင်းသည့် ရေခဲသေတ္တာ- လမ်းလျှောက်ဝင်နိုင်သော ဝိုင်သိုလှောင်သည့် ရေခဲသေတ္တာတို့ ပါဝင်သည့် ဝိုင်ခန်းမတစ်ခု၊ အားကစားလေ့ကျင့်ခန်းမ၊ အနှိပ်ခန်းနှင့် ပိုတိုမက်ခ်မြစ်၏ သာယာသော မြင်ကွင်းများကို တွေ့မြင်နိုင်သည့် ရေပူစိမ်ကန်ထားရှိသည့်နေရာတို့ ပါဝင်သည်။

ခြံဝန်းအကျယ်မှာ ၃ ဧကခန့်ရှိပြီး ခြံဝန်းအတွင်း ရေကူးကန်၊ တင်းနစ်ကွင်း၊ ဝန်ထမ်းများ နေထိုင်ရန် အိပ်ခန်းသုံးခန်းပါဝင်သည့် ဂိတ်စောင့်အိမ်တို့လည်း ပါဝင်သည်။

၂၀၀၀ ပြည့်နှစ်အတွင်း မစ္စတာ ကင်မ်ဆေးက ကပ်လျက်ခြံဝန်းကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါခြံဝန်းအတွင်းတွင် ဖရန့်ခ် လွိုက်ဒ် ရိုက်ထ် ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ၁၉၅၀ ပြည့်လွန်ကာလများက နေအိမ်ကြီးပါဝင်နေသည်။

မစ္စတာကင်မ်ဆေးက အဆိုပါခြံဝန်းအတွင်းရှိ နေအိမ်ကြီး အခြားသူများလက်အတွင်းရောက်ရှိပါက ဖြိုဖျက်ခံရမည်စိုးရိမ်သောကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု သားဖြစ်သူ မာ့ခ် ကင်မ်ဆေးက ပြောကြားသည်။

အိပ်ခန်း ၃ ခန်းပါ အဆိုပါနေအိမ်ကို မစ္စတာကင်မ်ဆေးက ပြန်လည်မွမ်းမံကာ ဧည့်ဂေဟာနှင့် ဖျော်ဖြေရေးနေရာအဖြစ် အသုံးပြုခဲ့သည်။

မစ္စတာကင်မ်ဆေးသည် ၁၉၉၅ ခုနှစ်တွင် America Online ၏ ဥက္ကဌတာဝန်မှ အနားယူခဲ့ပြီး ခရီးများထွက်ကာ ပရဟိတလုပ်ငန်းများကို အာရုံစိုက်လုပ်ဆောင်ခဲ့ကြောင်း သားဖြစ်သူက ပြောကြားသည်။

နေအိမ်နှစ်လုံးကို တစ်လုံးချင်း ခွဲခြားဝယ်ယူလိုသူရှိပါက စဉ်းစားပေးမည်ဖြစ်သော်လည်း နေအိမ် ၂ လုံးလုံး ဝယ်ယူမည့်သူကို ပိုမိုဦးစားပေးမည်ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ကင်မ်ဆေး၏ အမည်ရင်းမှာ ဂျိမ်းစ် ဗာလင် ကင်မ်ဆေးဖြစ်ပြီး ၁၉၃၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဝါရှင်တန်ဒီစီတွင် မွေးဖွားခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်တွင် ကွယ်လွန်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
America Online ပူးတွဲတည်ထောင်သူ ကွယ်လွန်ပြီးနောက် ဝါရှင်တန်ဒီစီရှိ စံအိမ် ၂ လုံးပါ ခြံဝန်းကြီး ကန်ဒေါ်လာ ၆၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
America Online ပူးတွဲတည်ထောင်သူ ကွယ်လွန်ပြီးနောက် ဝါရှင်တန်ဒီစီရှိ စံအိမ် ၂ လုံးပါ ခြံဝန်းကြီး ကန်ဒေါ်လာ ၆၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
America Online ပူးတွဲတည်ထောင်သူ ကွယ်လွန်ပြီးနောက် ဝါရှင်တန်ဒီစီရှိ စံအိမ် ၂ လုံးပါ ခြံဝန်းကြီး ကန်ဒေါ်လာ ၆၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service