ပြည်သူ့အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးပြော

ပြည်သူ့အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
29 May 2018 9:49 am တွင် တင်ခဲ့သည်
3617 ကြိမ် ကြည့်ရှု့ပြီး
အိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေပြီး အဆိုပြုလာပါက ပွင့်လင်းမြင်သာစွာစိစစ်၍ အမှန်တကယ် အကျိုးဖြစ်ထွန်းပါက ဆောင်ရွက်မည်ဖြစ်ကြောင်း ၀န်ကြီး ဒေါ်နီလာကျော်က ယမန်နေ့တွင် ရန်ကုန်တိုင်းလွှတ်တော်၌ ပြော သည်။ ပြည်သူ့အိမ်ရာများတွင် ဦးစားပေးအနေဖြင့် ၂၀၁၈ တွင် ပြည်တော်သစ်၊ ကြို့ကုန်း၊ ရန်ကင်းအိမ်ရာနှင့် ၂၀၁၉ တွင် ဝေဠုဝန်အိမ်ရာတို့ကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြင့် ပြန်လည်ဖွံ့ဖြိုးအောင် ဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် သက်တမ်းကြာမြင့်နေသော အိမ်ရာစခန်းများရှိ အိမ်ရာများကို ကွင်းဆင်းစစ်ဆေးပြီး အိမ်ရာအဆင့်အတန်း မြှင့်တင်ခြင်းလုပ်ငန်းများကို မည်ကဲ့သို့ စီမံအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မေးမြန်းရာ ၀န်ကြီးက အထက်ပါအတိုင်း ဖြေ ကြားသည်။

‘‘ပြည်သူ့အိမ်ရာများ ပြန် လည်ဖွံ့ဖြိုးရေးအစီအစဉ်မှာနိုင်ငံ ဘဏ္ဍာကို သုံးစွဲပြီး အသစ်ပြန် လည်ဆောက်လုပ်ပေးဖို့အတွက် ကုန်ကျငွေနဲ့ အကျိုးခံစားရမယ့် ပြည်သူလူထုမိသားစု အရေအ တွက် နှိုင်းယှဉ်ပါက Cost and Benefit မကိုက်ညီတဲ့အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖြင့် (PPP) စနစ်နဲ့ ဖော်ဆောင် ဖို့အတွက် မူဝါဒချမှတ်ထားပါ တယ်’’ဟု ၀န်ကြီးဒေါ်နီလာကျော် ကပြောသည်။

ထို့အပြင် ပြည်ပရင်းနှီးမြှုပ် နှံမှုအနေဖြင့် ဥပဒေအရ မြေပိုင် ဆိုင်မှုမရှိသော ဦးဝိစာရ၊ မင်္ဂလာ တောင်ညွန့်နှင့် ဝေဠုဝန်အိမ်ရာ သုံးခုသာ BOT စနစ်ဖြင့် ရင်းနှီး မြှုပ်နှံနိုင်မည်ဖြစ်ကြောင်း ဒေါ်နီ လာကျော်ကဆိုသည်။

ယခုအစိုးရလက်ထက်တွင် လမ်းသစ်အိမ်ရာကို ပြန်လည်ဖွံ့ ဖြိုးရေး ဆောင်ရွက်ပြီးကြောင်း ဒေါ်နီလာကျော်ကဆိုသည်။ ရန် ကုန်မြို့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲသော အိမ်ရာစခန်း ၁၆ ခုရှိပြီး အများ စုသည် ပါလီမန်ဒီမိုကရေစီခေတ် ပြည်တော်သာစီမံကိန်းနှင့် ဆို ရှယ်လစ်ခေတ် အစောပိုင်းတွင် တည်ဆောက်ခဲ့သော အိမ်ရာများဖြစ်သည်။

ယခင်အစိုးရလက်ထက် ၂၀၁၁-၂၀၁၆ တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ဗန္ဓုလအိမ်ရာ၊ (၅၁)လမ်းနှင့် ရွှေဂုံအိမ်ရာတို့ကို ဖော်ဆောင်ခဲ့ကြောင်း ၀န်ကြီးကပြောသည်။

ပြည်သူ့အိမ်ရာများသည် ဆောက်လုပ်သည့် သက်တမ်း ကြာမြင့်ခြင်း၊ လက်ရှိလူမှုစီးပွား ရေးအခြေအနေအရ ပုံစံမကျခြင်းနှင့် မြို့မြေအသုံးပြုမှုပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် Greater Yangon Master Plan 2040 တွင် ပြန်လည်ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်စီမံကိန်းများ အဆို ပြုလျာထားပြီးဖြစ်ကြောင်း ၀န် ကြီးကပြောသည်။

ဆက်လက်၍ ဦးကျော်ဇေ ယျက ဌာနပိုင်အိမ်ရာများတွင် သတ်မှတ်စည်းကမ်းများနှင့် ညီ ညွတ်မှုမရှိပါက မည်သို့အရေးယူ စီမံဆောင်ရွက်ကြောင်းနှင့် ဌာန ပိုင်တိုက်ခန်းများတွင် နိုင်ငံခြား သားနေထိုင်ခွင့်ရှိ၊ မရှိနှင့် နေထိုင် ခွင့်ရှိပါက မည်သို့စီမံဆောင်ရွက်မည်ကို မေးမြန်းခဲ့သည်။

ဝန်ကြီးက ပြည်သူ့အိမ်ရာ များတွင် နိုင်ငံခြားသားများ ည အိမ်ညနေဧည့်သည်အဖြစ် တည်းခိုမည်ဆိုပါက သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်စပ်မေးခွန်းအနေဖြင့် နိုင်ငံခြားသားများကို ထိထိ ရောက်ရောက် အရေးယူဆောင် ရွက်ပေးရန်နှင့် တရားမ၀င် အ ခိုင်အမာဆောက်ထားသော အ ဆောက်အအုံတို့ကို မည်သို့အရေးယူမည်ကို သိရှိလိုကြောင်း မေးမြန်းရာ ၀န်ကြီးက နိုင်ငံခြားသားများ လာရောက်နေထိုင်မှုကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စိစစ်ဆောင်ရွက်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ဖြေကြား သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service