ဂုတ်တွင်းတံတားအသစ်စီမံကိန်း မြေယာလျော်ကြေးပေး

ဂုတ်တွင်းတံတားအသစ်စီမံကိန်း မြေယာလျော်ကြေးပေး - Property News in Myanmar from iMyanmarHouse.com
24 May 2018 11:07 am တွင် တင်ခဲ့သည်
3502 ကြိမ် ကြည့်ရှု့ပြီး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်းရှိ ဂုတ်တွင်းတံတားသစ် စီမံကိန်းအတွက် နောင်ချိုဘက်အခြမ်းမှ မြေယာပိုင်ရှင် ၆၂ ဦးကို
မြေယာလျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။

“ဂုတ်တွင်း တံတားသစ်စီမံကိန်း ချဉ်းကပ်လမ်းအပိုင်းမှာ ပါဝင်နေတဲ့မြေယာတွေကို လျော်ကြေးငွေပေးတာပါ။ လျော်ကြေးငွေပေးနေတာ လေးကြိမ်ရှိပါပြီ။ နောက်ဆုံးအကြိမ်က မေလ ၁၈ ရက်နေ့ကပေးတာပါ။ တောင်သူ ၆၂ ဦးအတွက် ပေးလျော်ခဲ့တယ်။ ၁၈၁ ဦး ပေးချေပြီးနောက်မှာ ၁၀၉ ဦးပေးချေဖို့ ကျန်ရှိနေပါတယ်”ယင်းကုမ္ပဏီမှ စီမံကိန်းတာဝန်ခံ ဦးသက်ဆွေက ပြောဆိုသည်။

ဂုတ်တွင်းတံတား ချဉ်းကပ်လမ်းနှင့် မလွတ်ကင်းသည့်လယ်မြေယာမြေများ အနက် ကျောက်မဲဘက်အခြမ်းမှ တောင်သူ ၁၃၀ ဦးကို လျော်ကြေးပေးချေပြီး ၃၇ ဦး သာကျန်ရှိတော့ကြောင်း၊ ဂုတ်တွင်းတံတား သစ်တည်ဆောက်ရေးအတွက် မြေယာလျော်ကြေးငွေပေးချေခြင်းကို အစိုးရက သာပေးချေခြင်းဖြစ်ပြီး
လယ်မြေတစ်ဧကကို ကျပ်သိန်း ၁၅၀ နှင့် ယာမြေတစ်ဧကကို ကျပ်သိန်း ၁၀၀ စီ ပေးချေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဂုတ်တွင်းလမ်းပိုင်းမှာ တစ်ပတ်ကိုတစ်ရက် လမ်းပိတ်ဆို့မှုဖြစ်တယ်။ လမ်းပိတ်ရင် တစ်နာရီ၊ နှစ်နာရီစောင့်ရတာမျိုးအပြင် ဒီဇင်ဘာလတုန်းက ငါးရက်ကြာပိတ်ခဲ့တာရှိတော့ ဂုတ်တွင်းကား လမ်းတံတားသစ် မြန်မြန်အကောင်အထည်ဖော်စေချင်တယ်” ဟု ကုန်တင်ယာဉ်မောင်း ဦးလှမြင့်က ပြောဆိုသည်။

ဂုတ်တွင်းတံတားအသစ်မှာ မီတာ ၈၈၀ အရှည်ရှိ လေးလမ်းသွားသံမဏိကြိုး ဆိုင်းတံတားဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် ဂုတ်တွင်းကားလမ်းအပိုင်းမှာ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြားတွင် တည်ရှိပြီး အကွေ့အကောက်များ၍ အတက်အဆင်းကြီးသဖြင့် ၂၂ ဘီးယာဉ်များ မကြာခဏစက်ချို့ယွင်းမှုကြောင့်
မကြာခဏ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လေ့ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service