ရန်ကုန်နှင့် မန္တလေးတွင် အိမ်ရာစီမံကိန်းကြီးလေးခုလုပ်ကိုင်မည်

ရန်ကုန်နှင့် မန္တလေးတွင် အိမ်ရာစီမံကိန်းကြီးလေးခုလုပ်ကိုင်မည် - Property News in Myanmar from iMyanmarHouse.com
23 May 2018 12:07 pm တွင် တင်ခဲ့သည်
5735 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အိမ်ရာစီမံကိန်းကြီး (Mega Project)လေးခုကို လုပ် ကိုင်မည်ဖြစ်ကြောင်း မေလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါဦးစီးဌာနက ပြည်သူ များအလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ သန့်ရှင်းသာယာ၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေရှိမည့် လူနေမှုဘဝကို ရရှိခံ စားနိုင်ရေးနှင့် တိုင်းပြည်ကုန် ထုတ်လုပ်မှုကဏ္ဍ မြင့်မားတိုး တက်စေရေးရည်ရွယ်၍ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါစီမံကိန်းများသည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ New Mandalay Resort City ၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ Eco Green City၊ လှည်းကူးမြို့ နယ် ညောင်နှစ်ပင်ရှိ Korea Myanmar Industry Complex နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Smart District တို့ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် New Mandalay Resort City သည် မြေဧကတစ်သောင်းခန့်ရှိပြီး စီမံကိန်းကို အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိတွင် မြေယာဖော်ထုတ်မည့် ကုမ္ပဏီ ခြောက်ခုကို ပမာဏရွေးချယ်ထား သည်ဟု ဦးစီးဌာနက ဆိုထား သည်။

Eco Green City သည် မြေ ၁,၄၅၃ ဧကတွင် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်တွင်းမှ Alliance Stars Group of Companies တို့ ပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

လှည်းကူးမြို့နယ် ညောင်နှစ်ပင်တွင် အကောင်အထည်ဖော် မည့် Korea Myanmar Industry Complex သည် ကိုရီးယားနိုင်ငံ LH ကော်ပိုရေးရှင်းနှင့် ဆောင် ရွက်မည်ဖြစ်ပြီး ကိုရီးယားကုမ္ပဏီ က ၆၀ ရာခိုင်နှုန်း၊ ဦးစီးဌာနက ၄၀ ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်မည် ဖြစ်သည်။ စီမံကိန်းသည် ၂၀၁၈- ၂၃ အထိဖြစ်ပြီး စုစုပေါင်းရင်းနှီးငွေ ကန်ဒေါ်လာသန်း ၁၀၀ ကျော်ဖြစ်သည်။

ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ Smart District သည် မြေဧက ၁,၁၀၀ တွင် ရွှေတောင်ကုမ္ပဏီနှင့် ဦးစီးဌာန ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကျပ်
ဘီလီယံ ၂၅၀ ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service