ညောင်ဦးလေဆိပ်ကို ဂျပန်ချေးငွေဖြင့် တည်ဆောက်မည်

ညောင်ဦးလေဆိပ်ကို ဂျပန်ချေးငွေဖြင့် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
23 May 2018 10:24 am တွင် တင်ခဲ့သည်
3631 ကြိမ် ကြည့်ရှု့ပြီး
အရှေ့တောင် အာရှ၏ ပထမဆုံး Green Airport (အစိမ်းရောင်လေဆိပ်) အဖြစ် ညောင်ဦးလေဆိပ်ကို ဂျပန်ချေးငွေဖြင့် တည်ဆောက်မည် ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြော သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၏ ၂ နှစ်တာလုပ် ဆောင်ချက်များ သတင်းစာရှင်း လင်းပွဲတွင် အမြဲတမ်းအတွင်းဝန် က ထိုသို့ပြောကြားပြီး စိတ်ကူး ယဉ်ခြင်းမဟုတ်ဟု ဆိုသည်။

‘‘ကမ္ဘာမှာ Green ဆိုတာဟာ သိပ်စကားပြောလာတယ်။ မြန်မာနိုင်ငံမှာလည်း Green Airport ဆိုတာ အရှေ့တောင်အာရှမှာ ဒါ ပထမဆုံး Airport တစ်ခုဖြစ်လာ မှာဖြစ်ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ဘုံသဘော တူညီမှုဖြင့် ဆောင်ရွက်ခြင်းဖြစ် သည်။ ဂျပန်ဘက်မှ စီမံကိန်းပုံစံ၊ လုပ်ငန်းပုံစံ၊ လုပ်ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ၊ ရင်းနှီးမြှုပ်နှံမှုပုံစံများကို အကုန်အကျခံ ဆန်းစစ်လေ့လာ ပေးမည်ဖြစ်သည်ဟု ဦးဝင်းခန့်က ပြောသည်။ လေယာဉ်ပြေးလမ်း ကို ဂျပန်ချေးငွေဖြင့် တည် ဆောက်ပြီး လေဆိပ်စီမံခန့်ခွဲမှုကို ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်မည်ဟု ဆိုသည်။

လေဆိပ်အဆောက်အအုံ အတွက် မြေရှစ်ဧကခန့် ထပ်မံ သိမ်းယူရမည်ဟု ၎င်းက ဆက် လက်ပြောသည်။ မြေသိမ်းယူရန်စီစဉ်ထားသည့်နေရာသည် စိုက်ပျိုးရန်မကောင်းသည့် မြေများဖြစ် ပြီး တိုင်းဒေသကြီးအစိုးရနှင့် လူထု က လက်ခံမှသာ စီမံကိန်းအဆင် ပြေမည်ဖြစ်ကာ ကန့်ကွက်ပါက စီမံကိန်းပျက်မည်ဟု ၎င်းက ဆို သည်။ အဆိုပါ လေဆိပ်တွင် လေ ယာဉ်ဆီမှအပ ဓာတ်ဆီ၊ ဒီဇယ် ဆီ အသုံးပြုမည်မဟုတ်ဘဲ နေ ရောင်ခြည်ကိုသာ စွမ်းအင်အဖြစ် သုံးစွဲမည်ဖြစ်သည်။ အဆိုပါ Green Airport သည် မြန်မာနှင့် ဂျပန် ဒီဇိုင်းဖြစ်ပြီး ပုဂံဒေသအ တွက် အလိုက်ဖက်ဆုံးလေဆိပ် တစ်ခုဖြစ်လာမည်ဟု ဦးဝင်းခန့်က ပြောသည်။

အဆိုပါ လေဆိပ်တည် ဆောက်ရေး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခု၊ ပြည်တွင်းလေဆိပ် ၃၀၊ စုစုပေါင်း လေဆိပ် ၃၃ ခု အသုံးပြုနေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service