အခွန်စိစစ်ရန် မန္တလေးစည်ပင်နယ်နိမိတ်ရှိ နေအိမ်များစာရင်း ပြန်လည်ကောက်ယူနေ

အခွန်စိစစ်ရန် မန္တလေးစည်ပင်နယ်နိမိတ်ရှိ နေအိမ်များစာရင်း ပြန်လည်ကောက်ယူနေ - Property News in Myanmar from iMyanmarHouse.com
22 May 2018 11:32 am တွင် တင်ခဲ့သည်
3453 ကြိမ် ကြည့်ရှု့ပြီး
အခွန်စံနှုန်းပြည့်မီစွာကောက်ခံနိုင်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ နေအိမ် စာရင်းများကို ပြန်လည်ကောက်ယူနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်
ဦးကျော်ဇောအောင် က ပြောသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် စာရင်း၌ရှိသည့် ထရံကာ၊ သွပ်မိုးများအစား
မြေပြင်၌ နံကပ်၊ RC ၂ ထပ်၊ ၃ ထပ်ဖြစ်နေမှုများ အများဆုံးတွေ့နေရကြောင်း၊ အဆိုပါ စာရင်းများကို မီနီဘတ်ဂျက် ၆ လတာ ကာလအတွင်း အပြီးကောက်ခံသွားမည်ဟု သိရသည်။

“အများဆုံးတွေ့နေရတာက စာရင်းမှာက ထရံကာကနေ လက်ရှိမြေပြင်မှာတော့ နံကပ်၊ RC ၂ ထပ်၊ ၃ ထပ်ဖြစ်နေတာမျိုး တွေက များပါတယ်၊ အဆောက်အအုံတွေအနေနဲ့ သူ့အမျိုးအစားနဲ့သူ သတ်မှတ်နှုန်းထားတွေ ရှိပါတယ်၊ အဲဒီမှာ မြေပြင် မှာ ကောက်ခံနေတွေက ထရံကာဈေးနှုန်းတွေ ဖြစ်နေတဲ့အတွက် မြေပြင်မှာရှိနေတဲ့ အဆောက်အအုံအတိုင်း အခွန်ဆောင် လာအောင် တည့်မတ်ပေးခြင်းသာ ဖြစ်ပါတယ်”ဟု ဦးကျော်ဇောအောင်က ပြောသည်။

၎င်းက “ဟိုတယ်တွေကို အရင်ဆုံး လိုက်လံစစ်ဆေးပေးနေပါတယ်၊ ပြီးစီးတော့မှာ ဖြစ်ပါတယ်၊ ဈေးနှုန်းမကိုက်တဲ့ ဟိုတယ်တွေကို စစ်ဆေးနေပြီ၊ ဟိုတယ်တွေပြီးရင် အိမ်ခွန်ဈေးနှုန်း မကိုက်တာတွေကို ဆက်လက်လုပ်ကိုင်သွားမယ်၊ ပုံသေသတ်မှတ်ချက် ကတော့ လမ်ကျဉ်း၊ လမ်းကျယ်၊ လမ်းသွယ်၊ လမ်းမကြီးဆိုပြီး သတ်မှတ်ထားပါတယ်၊ အဲဒီလိုလုပ်ဆောင်တဲ့အတွက် မြို့နေပြည်သူလူထုကလည်း လက်ခံလိုက်နာကြပါတယ်”ဟု ဦးကျော်ဇောအောင်က ဆက်လက်ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းရှိ နေအိမ်အများစုမှာ ယခုအခါ ပြောင်းလဲ ဆောက်လုပ် ထားကြပြီး အခွန်ပေးဆောင်ရာတွင် ယခင်ပြောင်းလဲဆောက်လုပ်ခြင်း မပြုမီက နှုန်းထားများဖြင့်သာ ပေးဆောင်နေကြသည့်အတွက် အခွန်များဆုံးရှုံးမှု ရှိနေသဖြင့် အခွန်စံနှုန်းပြည့်မီစွာကောက်ခံနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဟု သိရသည်။

“မြို့ရဲ့အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီးကွဲလွဲမှုမရှိပါဘူး၊ ဒါပေမယ့် ထောင်ဂဏန်းလောက်တော့ရှိပါတယ်၊ အခွန်တိုးမြှင့်ကောက်တာမျိုး မဟုတ်ပါဘူး၊ အဆောက်အအုံအလိုက် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားများအတိုင်း ကောက်ခံနိုင်ဖို့ အတွက်လုပ်တာပါ၊ အဲဒီလို စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူမှုအနေနဲ့တော့ လုပ်ဆောင်တာမျိုးမရှိပါဘူး၊ မြေပြင်မှာရှိနေတဲ့အတိုင်း သတ်မှတ်အခွန်ပေးဆောင်ဖို့ကိုသာ ရှင်းပြပြီး စည်းရုံးပြောဆိုပါတယ်”ဟု ကော်မတီဝင် ဦးကျော်ဇောအောင်က ဆက်လက် ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စည်ပင်နယ်နမိတ်အတွင်းရှိ နေအိမ်များ အခွန်ကောက်ခံရာတွင် ခြောက်လလျှင် တကြိမ် ကောက်ခံနေခြင်း ဖြစ်ရာ နေအိမ်အချို့သည် ပြင်ဆင်၊ အသစ်တည်ဆောက်ခြင်းများကို ခွင့်ပြုချက်မယူဘဲ ပြုလုပ်နေကြကြောင်း သိရသည်။

အဆောက်အအုံများပြောင်းလဲဆောက်လုပ်ရာတွင် ခွင့်ပြုချက်ယူ၍ ဆောက်လုပ်ရမည်ဖြစ်သော်လည်း မိမိသေဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ မူလပိုင်ရှင်ထံမှတဆင့် ပြန်လည်ဝယ်ယူ၍ အိမ်များကို ပြောင်းလဲဆောက်လုပ်ကြသော်လည်း အမည်ပေါက်ပြောင်းလဲခြင်း မပြုလုပ်ကြသည့်အတွက်ကြောင့်လည်း အခွန်များ အလိုအလျောက် ဆုံးရှုံးလျက်ရှိသည်။

“လောလောဆယ်အခြေအနေက သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဆီကနေ စာရင်းရှိနဲ့ မြေမြင် ကိုက်ညီမှု မရှိတာတွေကို ကောက်နေပါပြီ၊ သတ်မှတ်ထားတဲ့ အခွန်စံနှုန်းအတိုင်း ကောက်ခံနိုင်ဖို့အတွက်က မြေပြင်နေအိမ်စာရင်းအမှန် ရဖို့လိုပါတယ်၊ ဒါကြောင့် အမြန်ဆုံးပြီးစီးအောင် ကောက်ခံသွားမှာပါ၊
မန္တလေးမြို့တော်ကြီး သာယာလှပဖို့ အတွက်ဆိုရင် အားလုံးက ဝိုင်းဝန်းမှသာ ဖြစ်လာမှာပါ”ဟု ဦးကျော်ဇောအောင်က ဆက်လက်ပြောသည်။

စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ နေအိမ်များအား အိမ်ခွန် ကောက်ခံခြင်းကို မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကောက်ခံခြင်းဖြစ်ပြီး အဆိုပါအခွန်များကိုကောက်ခံရသည့် ဝန်ထမ်းအားနည်းခြင်း နှင့်အတူ စည်းကြပ်မှု အားနည်းခြင်းများကြောင့်လည်း ပြောင်းလဲဆောက်လုပ်ထားသည့်အတိုင်း အခွန်ပေးဆောင်မှု အလွန်နည်းပါးကြကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နေအိမ်များကို နံကပ်အိမ်၊ အာရ်စီတိုက်စသည်ဖြင့် အမျိုးအစားအလိုက်၊ လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမကြီးစသည်ဖြင့် နေရာအလိုက်အခွန်နှုန်ထားများကို သတ်မှတ်ထားပြီး စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်း၌ နံကပ်အိမ်မှ အာရ်စီတိုက်များအဖြစ်သို့ ပြောင်းလဲဆောက် လုပ်ထားသော်လည်း စည်ပင်သို့အခွန်ပေးဆောင်ရာတွင် နံကပ်အိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ ပေးဆောင်နေသည့်အိမ်ပေါင်း တစ်ထောင်ကျော်ရှိနေသဖြင့် အခွန်ငွေ သိန်းပေါင်းတထောင်ခန့် နှစ်စဉ် ဆုံးရှုံးနေလျက်ရှိကြောင်း သိရသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service