ယခင်နှစ်ထက် ဆောက်လုပ်ရေးလုပ်ငန်းတဖြည်းဖြည်းကျဆင်းလာမှုကြောင့် သဲ၊ကျောက်ဒိုင်များ အရောင်းအဝယ်ပါး

ယခင်နှစ်ထက် ဆောက်လုပ်ရေးလုပ်ငန်းတဖြည်းဖြည်းကျဆင်းလာမှုကြောင့် သဲ၊ကျောက်ဒိုင်များ အရောင်းအဝယ်ပါး - Property News in Myanmar from iMyanmarHouse.com
22 May 2018 10:59 am တွင် တင်ခဲ့သည်
5445 ကြိမ် ကြည့်ရှု့ပြီး
မြန်မာပြည်၏စီးပွားရေးအချက်အချာ ကျရာရန်ကုန်မြို့တွင် လူဦးရေတစ်နှစ်ထက်တစ်နှစ် နေထိုင်မှုတိုးလာလျက်ရှိသော်လည်း အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းရှားပါး လာလျက်ရှိပြီးအလုပ်အကိုင်အများဆုံးရရှိရာဆောက်လုပ်ရေး လုပ်ငန်းများ၊ယခင်နှစ်ထက် ကျဆင်းသည့် အတွက် သဲ၊ကျောက် အဓိက ထွက်ရှိရာ လှိုင်မြစ်ကမ်းနံဘေးရှိ သဲ၊ကျောက်ဒိုင်များ အရောင်းအဝယ်ပါးလျက်ရှိကြောင်းသိရသည်။

ယခုနှစ် သဲ၊ကျောက်လုပ်ငန်း မကောင်းသည့်ကြားက ဒီဇယ်ဈေးမှာ တစ်ပီပါကို ကျပ်တစ်သိန်းရှစ်သောင်း ငါးထောင်မှ လေးထောင်တက်သွားသည်။သဲတစ်ကျင်း ခြောက်ထောင်၊ကျောက်စရစ်တစ်ကျင်း ခြောက်သောင်းကျော်သာ ရှိသည်။

ကျောက်တင်စီ ဘီတွဲတစ်စီးကို ယခင် သိန်း ၂ဝ၊၃ဝ ကျန်သည်။ယခုနှစ်ခေါက် ဆွဲလျှင် အုံနာ တစ်ခေါက်၊အလုပ်သမားတစ်ခေါက် ခွဲယူရသည်။အလုပ်သမား အတွက် ကုန်ဈေးနှုန်းမြင့်လာသည်နှင့်အညီစားဝတ်နေရေးအတွက် လစာပိုပေးရသည်။မနှစ်ကလည်း ယခုလိုတစ်ကြိမ်ဖြစ်ပြီးပြီ။ရန်ကုန်တွင် ကျောက်စရစ်ဝယ်တာ ပါးသွားသည်။စက်မှုဇုန်တွင်လည်း တည်ဆောက်ရေးပါသည်။အဆောင်များ ဆောက်သည့်အတွက်ကျောက်နည်းနည်းသာ ရောင်းရသည်ဟု ရွှေပြည်သာ လှိုင်မြစ်ကမ်းဘေးရှိ သဲ၊ကျောက် လုပ်ငန်းပိုင်ရှင် မှ ပြောကြားကြောင်းသိရသည်။

ရန်ကုန်မြို့နှင့် မြို့နယ်များ ရှိဆောက်လုပ်ရေးလုပ်ငန်းအတွက် သဲ၊ကျောက်ထွက်ရှိရာ လှိုင်မြစ်ကမ်းတွင် ရွှေပြည်သာကမ်းနား၊လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန်အနီး သဲ၊ကျောက်ဒိုင်တို့မှ အများဆုံးရောင်းချလျက် ရှိ၍
သဲကို ဝါးတစ်ရာရွာအထက်သဲစုပ်ရန် သတ်မှတ်ထားသော နေရာနှင့် ကျောက်စရစ်အား ဟင်္သာတမှ ယူဆောင်ကာ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ရွှေပြည်သာ ကမ်းနားတွင် သဲကျောက်ဒိုင် ၅၄ဒိုင်၊လှိုင်သာယာ

ငွေပင်လယ်စက်မှုဇုန် အနီးတွင် သုံးဒိုင်နှင့် စက်မှုဇုန် (၄) ပန်းလှိုင်တံတား အနီးတွင် ၄၃ ဒိုင် ရှိကြောင်းသိရသည်။

ပွင့်လင်းရာသီမှ စ၍ ယနေ့အထိဆောက်လုပ်ရေးလုပ်ငန်းတဖြည်းဖြည်းကျဆင်းလာမှုကြောင့် သဲ၊ကျောက်ထမ်းအလုပ်သမားများမှာလည်း ယခင်လို နေ့စဉ် လုပ်ငန်းမရှိသည့် အတွက် ရရာ အလုပ်ကို
ရှာဖွေလုပ်ကိုင်နေကြလျက်ရှိသည့်နည်းတူဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များမှာလည်း အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်းသိရသည်။

Credit :Democracy today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service